Date

September 14, 2019

လီဗာပူးပရိသတ်တွေနည်းတူ မာနေးနဲ့ ဟာသဗီဒီယိုကို ရယ်မောခဲ့တဲ့ ဆာလက်

နောက်ဆုံးကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ လူစားလဲမခံရခင် အပိုင်အခွင့်အရေးကို ဆာလက်က ဘောလုံးခင်းပေးခြင်း မရှိခဲ့တာကြောင့် မာနေး အတော် ဒေါသထွက်ခဲ့ပါတယ်။ အရန်ခုံရောက်ခဲ့တာတောင် ဒေါသ မပြေနိုင်သေးပဲ ဒေါသတကြီး ရေရွတ်နေခဲ့တာပါ။ မာနေးကိုတော့ အသင်းဖော်တွေဖြစ်တဲ့ မီလ်နာ၊ ဖာမင်နိုတို့က အရန်ခုံမှာ ဖြောင့်ဖျမှုတွေ လုပ်ခဲ့ရပြီး ကလပ်အသင်းတွင်း ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တယ်။ လီဗာပူးအသင်းသားတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကတော့ အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပြီး ဒါဟာ ကွင်းတွင်း နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ ကစားသမား နှစ်ဦးလုံးကလည်း အဆိုပါ ဖြစ်ရပ်ကို… Continue Reading →

ဝတ်ဖို့ပွဲကြို ထူးခြားသတင်းတွေ၊ ဒဏ်ရာပြသနာတွေနဲ့ အာဆင်နယ် နံနက်ခင်းသတင်းများ

အာဆင်နယ်အသင်းသား အချို့ဟာ နည်းပြ အူနိုင်းအမ်မရီရဲ့ နည်းစနစ်နဲ့ ညွှန်ကြားချက်တွေကို အပြည့်အ၀ နားလည်ခြင်း မရှိဘဲ ရှုပ်ထွေး နေကြတယ်လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန် စမစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်နေဂျာအူနိုင်းအမ်မရီက ခံစစ်မှူး မူစတာဖီကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက ကလပ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ပြီးနောက်မှာ မူစတာဖီက အတော်လေး ကြိုးစားနေပြီး ဒီလုံ့ဆော်မှုကို နှစ်သက်မှု ရှိပါတယ်လို့ အမ်မရီက ထုတ်ပြောပါတယ်။ တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာရသွားကာ နောက်လမှ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၄-၉-၂၀၁၉၊ စနေနေ့)

ပေါ့ဘာနေရာ အစားထိုးဖို့ မန်ယူအသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ အဲရစ်ဆန်ကို ဆက်ထိန်းနိုင်ဖိုပအတွက် စပါးဘက်က တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၃ သောင်းထိပေးပြီး စာချုပ်သစ်ပေးဖို့ ပြင်ဆင်နေပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက လက်ရှိ ကလပပ်အသင်း ကွင်းလယ်လူ ပေါ့ဘာအား အိပ်မက်တွေ ရှိမယ်ဆိုရင်တောင် မန်ယူအသင်းမှာ ကစားနေရင်းလည်း ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်လိုတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်လို့ ရပါကြောင်း သတိပေးစကား ပြောဆိုလိုက်ပါတယ်။ မန်ယူနဲ့ လက်စတာပွဲမတိုင်ခင် ခံစစ်မှူးတွေဖြစ်တဲ့ မက်ဂွိုင်းရားနဲ့ အီဗန်တို့ကြား အချက်အလက်ဆိုင်ရာ… Continue Reading →

ဆူဆို၊ တူရကီဂိုး၊ ပြင်ဆင်ထားတဲ့ အန်ဖီးကွင်းတွင်း အပြောင်းအလဲနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ အောက်တိုဘာ နိုင်ငံတကာ ဘောလုံးသီတင်းပတ် ပြီးရင် ပြန်လာဖို့ မျှော်လင့်ရပြီး ကိတ်တာကတော့ နောက်အပတ်ထဲမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ်လို့ ကလော့ပ်က နယူးကာဆယ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီကုန်ရင် ထွက်ခွာသွားမယ့် ဒေးဗစ်ဆေးဗားနေရာ အစားထိုးဖို့ အေစီမီလန်မှ ဆူဆိုကို ခေါ်ယူလိုနေကြောင်း သတင်းထွက်နေပါတယ်။ ဆူဆိုဟာ လီဗာပူးကစားသမားဟောင်းဖြစ်ပြီး အေစီမီလန်ကို တိုက်ရိုက် ကူးပြောင်းခဲ့သူဖြစ်ပါတယ်။ ဒီတပတ် နိုင်ငံတကာ သီတင်းပတ်မှာ အနားရနေတဲ့ မိုဆာလက်နဲ့ ဆာဒီယိုမာနေးတို့ဟာ လိုအပ်နေတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!