လီဗာပူး ဂိုးသမား အယ္လစ္ဆန္ဟာ ေအာက္တိုဘာ နုိင္ငံတကာ ေဘာလံုးသီတင္းပတ္ ျပီးရင္ ျပန္လာဖို႔ ေမွ်ာ္လင့္ရျပီး ကိတ္တာကေတာ့ ေနာက္အပတ္ထဲမွာ ေလ့က်င့္ေရး ျပန္ဆင္းနိုင္မယ္လို႔ ကေလာ့ပ္က နယူူးကာဆယ္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာ ဒီရာသီကုန္ရင္ ထြက္ခြာသြားမယ့္ ေဒးဗစ္ေဆးဗားေနရာ အစားထိုးဖို႔ ေအစီမီလန္မွ ဆူဆိုကို ေခၚယူလိုေနေၾကာင္း သတင္းထြက္ေနပါတယ္။ ဆူဆိုဟာ လီဗာပူးကစားသမားေဟာင္းျဖစ္ျပီး ေအစီမီလန္ကို တိုက္ရိုက္ ကူးေျပာင္းခဲ့သူျဖစ္ပါတယ္။

ဒီတပတ္ နုိင္ငံတကာ သီတင္းပတ္မွာ အနားရေနတဲ့ မိုဆာလက္နဲ႕ ဆာဒီယိုမာေနးတို႔ဟာ လိုအပ္ေနတဲ့ နားေနခ်ိန္ ရရွိသြားတာေၾကာင့္ လန္းဆန္းကာ အင္အားအျပည့္ ျဖစ္ေနမယ္လို႔ ကေလာ့ပ္က ယံုၾကည္ထားပါတယ္။

လီဗာပူးအသင္းဟာ ေလ့က်င့္ေရးကြင္းမွာ ဖရီးကစ္နဲ႔ ပက္သက္ျပီး အထူးေလ့က်င့္မႈေတြ ရွိေနတယ္လုိ႔ သိရတယ္။ အာႏိုး၊ ရွာကီြရီနဲ႔ ဖာမင္ႏို၊ ဂိုးမက္စ္တို႔အျပင္ လယ္လာနာကလည္း အဆိုပါ ဖရီးကစ္ အစီအစဥ္ေတြမွာ ပါဝင္ခဲ့ပါတယ္။

ႏိုင္ငံတကာ သီတင္းပတ္အတြင္းမွာ လီဗာပူးအသင္းဟာ အန္ဖီးကြင္းတြင္းကို ျပဳျပင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အန္ဖီးကြင္းတြင္း ကစားသမားဝင္ေပါက္၊ အဝတ္လဲခန္း၊ မီဒီယာခန္း အစရွိတဲ့ ကစားသမား ေလွ်ာက္လွမ္းေတြမွာ အန္ဖီးရဲ႕ပါဝါေတြကို ျပသတဲ့ နံရံကပ္ စာသားေတြ ပံုရိပ္ေတြ ျဖည့္တင္းခဲ့ျပီျဖစ္ပါတယ္။

ေမာ္ရင္ညိဳက ပရီးမီးယားလိဂ္ဖလား ေရပန္းစားအသင္းေတြ ျဖစ္တဲ့ မန္စီးတီးနဲ႕ လီဗာပူးတုိ႔ဟာ ျပိဳင္ဘက္ေတြထက္ သာလြန္တဲ့ ဖြဲ႔စည္းတည္ေဆာက္ပံုေတြ ပိုင္ဆိုင္ထားျပီး အသင္းပိုင္ရွင္ကေန မန္ေနဂ်ာအထိ ၾကားထဲမွာ အေရးပါတဲ့ ပုဂၢိဳလ္ေတြကိုလည္း ခန္႔အပ္ထားတယ္လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးပါတယ္။

လီဗာပူး ၾကယ္ပြင့္ တိုက္စစ္မွဴး မာေနးဟာ ျပီးခဲ့တဲ့ရာသီက ပထမဆံုး နုိင္ငံတကာ သီတင္းပတ္ အျပီးမွာ သြင္းဂိုးေတြ ရဖို႔ ရုန္းကန္ခဲ့ရျပီး ၁၇ ပြဲ အတြင္း ၃ ဂိုးသာ သြင္းယူနုိင္ခဲ့တာေၾကာင့္ ဒီရာသီ ပထမဆံုးနုိင္ငံပြဲေတြ အျပီးမွာ မွတ္တမ္းဆိုး ထပ္မံမၾကံဳရေအာင္ၾကိဳးစားရဖို႔ ရွိေနပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာဆုကို ရခဲ့ပါတယ္။ ဒါဟာ လီဗာပူးမန္ေနဂ်ာဘဝ ေလးၾကိမ္ေျမာက္ျဖစ္ျပီး ပရီးမီးယားလိဂ္သမိုင္းမွာ ကေလာ့ပ္ထက္ အဆိုပါဆု ပိုရခဲ့တဲ့ လီဗာပူးမန္ေနဂ်ာက ဘင္နီတက္စ္ ၅ ၾကိမ္ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ တူရကီကလပ္ Trabzonspor အသင္းမွ တူရကီဂိုးသမား Ugurcan Cakir ကို အယ္လီဆန္ရဲ႕ အရန္ေနရာ ေရရွည္အစားထိုးဖို႔ ေစာင့္ၾကည့္မႈေတြ စတင္ျပဳလုပ္ေနျပီျဖစ္ျပီး ထိပ္တန္းပြဲေကာင္းေတြမ်ာ ကင္းေထာက္ေတြ ေစလႊတ္ေစာင့္ၾကည့္ေစတယ္လို႔ သိရပါတယ္။

UNICODE

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ အောက်တိုဘာ နိုင်ငံတကာ ဘောလုံးသီတင်းပတ် ပြီးရင် ပြန်လာဖို့ မျှော်လင့်ရပြီး ကိတ်တာကတော့ နောက်အပတ်ထဲမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ်လို့ ကလော့ပ်က နယူူးကာဆယ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ဒီရာသီကုန်ရင် ထွက်ခွာသွားမယ့် ဒေးဗစ်ဆေးဗားနေရာ အစားထိုးဖို့ အေစီမီလန်မှ ဆူဆိုကို ခေါ်ယူလိုနေကြောင်း သတင်းထွက်နေပါတယ်။ ဆူဆိုဟာ လီဗာပူးကစားသမားဟောင်းဖြစ်ပြီး အေစီမီလန်ကို တိုက်ရိုက် ကူးပြောင်းခဲ့သူဖြစ်ပါတယ်။

ဒီတပတ် နိုင်ငံတကာ သီတင်းပတ်မှာ အနားရနေတဲ့ မိုဆာလက်နဲ့ ဆာဒီယိုမာနေးတို့ဟာ လိုအပ်နေတဲ့ နားနေချိန် ရရှိသွားတာကြောင့် လန်းဆန်းကာ အင်အားအပြည့် ဖြစ်နေမယ်လို့ ကလော့ပ်က ယုံကြည်ထားပါတယ်။

လီဗာပူးအသင်းဟာ လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်နဲ့ ပက်သက်ပြီး အထူးလေ့ကျင့်မှုတွေ ရှိနေတယ်လို့ သိရတယ်။ အာနိုး၊ ရှာကွီရီနဲ့ ဖာမင်နို၊ ဂိုးမက်စ်တို့အပြင် လယ်လာနာကလည်း အဆိုပါ ဖရီးကစ် အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ လီဗာပူးအသင်းဟာ အန်ဖီးကွင်းတွင်းကို ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အန်ဖီးကွင်းတွင်း ကစားသမားဝင်ပေါက်၊ အဝတ်လဲခန်း၊ မီဒီယာခန်း အစရှိတဲ့ ကစားသမား လျှောက်လှမ်းတွေမှာ အန်ဖီးရဲ့ပါဝါတွေကို ပြသတဲ့ နံရံကပ် စာသားတွေ ပုံရိပ်တွေ ဖြည့်တင်းခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ညိုက ပရီးမီးယားလိဂ်ဖလား ရေပန်းစားအသင်းတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ပြိုင်ဘက်တွေထက် သာလွန်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ ပိုင်ဆိုင်ထားပြီး အသင်းပိုင်ရှင်ကနေ မန်နေဂျာအထိ ကြားထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ခန့်အပ်ထားတယ်လို့ ထုတ်ဖော် ချီးကျူးပါတယ်။

လီဗာပူး ကြယ်ပွင့် တိုက်စစ်မှူး မာနေးဟာ ပြီးခဲ့တဲ့ရာသီက ပထမဆုံး နိုင်ငံတကာ သီတင်းပတ် အပြီးမှာ သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပြီး ၁၇ ပွဲ အတွင်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပထမဆုံးနိုင်ငံပွဲတွေ အပြီးမှာ မှတ်တမ်းဆိုး ထပ်မံမကြုံရအောင်ကြိုးစားရဖို့ ရှိနေပါတယ်။

ယာဂင်ကလော့ပ်ဟာ သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆုကို ရခဲ့ပါတယ်။ ဒါဟာ လီဗာပူးမန်နေဂျာဘဝ လေးကြိမ်မြောက်ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ကလော့ပ်ထက် အဆိုပါဆု ပိုရခဲ့တဲ့ လီဗာပူးမန်နေဂျာက ဘင်နီတက်စ် ၅ ကြိမ် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တူရကီကလပ် Trabzonspor အသင်းမှ တူရကီဂိုးသမား Ugurcan Cakir ကို အယ်လီဆန်ရဲ့ အရန်နေရာ ရေရှည်အစားထိုးဖို့ စောင့်ကြည့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ထိပ်တန်းပွဲကောင်းတွေမျာ ကင်းထောက်တွေ စေလွှတ်စောင့်ကြည့်စေတယ်လို့ သိရပါတယ်။