အာဆင္နယ္အသင္း တိုက္စစ္မွဴး လာကာဇက္တီဟာ ဒဏ္ရာေၾကာင့္ ဒီအပတ္ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲအျပင္ ဒီတစ္လလံုး အနားယူရမယ္ဆိုတဲ့ သတင္း ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

ကလပ္အသင္းဘက္က အတည္ျပဳခဲ့တဲ့ အဆိုပါ သတင္းအရ လာကာဇက္တီဟာ ဝတ္ဖိုဒ္နဲ႔ပြဲအျပင္ ဒီတစ္လလံုး ဂန္းနားပြဲေတြကို ပါဝင္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ လာကာဇက္တီဟာ ေအာက္တိုဘာလေလာက္မွ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာမယ့္ အေနအထားျဖစ္တယ္လို႔ သိရပါတယ္။

လာကာဇက္တီဟာ ဘယ္ဘက္ ေျခက်င္းဝတ္မွာ ဒဏ္ရာရခဲ့ျခင္းလို႔ သိရျပီး အာဆင္နယ္ေဆးအဖြဲ႔ကေတာ့ သီတင္းပတ္ သံုးေလးပတ္ခန္႔ အနားေပးဖို႔ကို ဆံုးျဖတ္ခဲ့တာျဖစ္တယ္။ ယူရိုပါလိဂ္ အဖြင့္ပြဲနဲ႔ အေရးၾကီး ပြဲစဥ္ အနည္းငယ္တို႔ကို ျပင္သစ္သား တိုက္စစ္သမား လြဲေခ်ာ္သြားေတာ့မွာလည္း ျဖစ္ပါတယ္။

မန္ေနဂ်ာအမ္မရီက အတည္ျပဳခဲ့မႈအား အာဆင္နယ္ ဝဘ္ဆိုဒ္ကေန ေဖာ္ျပလာခဲ့တဲ့ လာကာဇက္တီသတင္းဟာ အာဆင္နယ္အတြက္ ထိုးႏွက္ခ်က္ ျဖစ္ေပမယ့္လည္း လူစာရင္းမွာ အူဘာမီယန္နဲ႔ ပီပီတို႔ က်န္ေနမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ပီပီကလည္း ႏုိင္ငံတကာသီတင္းပတ္မွာ ဒဏ္ရာေၾကာင့္ ကလပ္အသင္းကို ျပန္လာခဲ့ရတာျဖစ္ပါတယ္။

သတင္းေကာင္းတစ္ခုကေတာ့ ခံစစ္မွဴး ဟိုးဒင္းနဲ႔ အစြန္လူေတြျဖစ္တဲ့ တီရာေနး၊ ဘယ္လာရင္တို႔ ၾကံ႕ခိုင္မႈ ျပန္ေကာင္းေနျပီျဖစ္ျပီး ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းႏုိင္ေနျပီျဖစ္တယ္။ သူတို႔သံုးဦးလံုး လာမယ့္ ဝတ္ဖို႔နဲ႔ပြဲမွာ ပါဝင္မလားကေတာ့ မသိရေသးပါဘူး။

UNICODE

အာဆင်နယ်အသင်း တိုက်စစ်မှူး လာကာဇက်တီဟာ ဒဏ်ရာကြောင့် ဒီအပတ် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအပြင် ဒီတစ်လလုံး အနားယူရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ကလပ်အသင်းဘက်က အတည်ပြုခဲ့တဲ့ အဆိုပါ သတင်းအရ လာကာဇက်တီဟာ ဝတ်ဖိုဒ်နဲ့ပွဲအပြင် ဒီတစ်လလုံး ဂန်းနားပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ လာကာဇက်တီဟာ အောက်တိုဘာလလောက်မှ ကြံ့ခိုင်မှု ပြန်ကောင်းလာမယ့် အနေအထားဖြစ်တယ်လို့ သိရပါတယ်။

လာကာဇက်တီဟာ ဘယ်ဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာရခဲ့ခြင်းလို့ သိရပြီး အာဆင်နယ်ဆေးအဖွဲ့ကတော့ သီတင်းပတ် သုံးလေးပတ်ခန့် အနားပေးဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ယူရိုပါလိဂ် အဖွင့်ပွဲနဲ့ အရေးကြီး ပွဲစဉ် အနည်းငယ်တို့ကို ပြင်သစ်သား တိုက်စစ်သမား လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။

မန်နေဂျာအမ်မရီက အတည်ပြုခဲ့မှုအား အာဆင်နယ် ဝဘ်ဆိုဒ်ကနေ ဖော်ပြလာခဲ့တဲ့ လာကာဇက်တီသတင်းဟာ အာဆင်နယ်အတွက် ထိုးနှက်ချက် ဖြစ်ပေမယ့်လည်း လူစာရင်းမှာ အူဘာမီယန်နဲ့ ပီပီတို့ ကျန်နေမယ်လို့ မျှော်လင့်ရပါတယ်။ ပီပီကလည်း နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာကြောင့် ကလပ်အသင်းကို ပြန်လာခဲ့ရတာဖြစ်ပါတယ်။

သတင်းကောင်းတစ်ခုကတော့ ခံစစ်မှူး ဟိုးဒင်းနဲ့ အစွန်လူတွေဖြစ်တဲ့ တီရာနေး၊ ဘယ်လာရင်တို့ ကြံ့ခိုင်မှု ပြန်ကောင်းနေပြီဖြစ်ပြီး လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနိုင်နေပြီဖြစ်တယ်။ သူတို့သုံးဦးလုံး လာမယ့် ဝတ်ဖို့နဲ့ပွဲမှာ ပါဝင်မလားကတော့ မသိရသေးပါဘူး။