ဝုဗ္နဲ႔ ခ်ယ္ဆီး ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ခ်ယ္ဆီးက ရလဒ္ေကာင္းေပမယ့္ မေမွ်ာ္လင့္ထားတာေတြ ျဖစ္ေနတယ္။ တိုက္စစ္ေကာင္းျပီး ခံစစ္လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ ဝုဗ္က အသင္းေကာင္းျဖစ္ေပမယ့္ ဒီပြဲေတာ့ ခ်ယ္ဆီးဘက္ကပါပဲ ” လို႔ ခ်ယ္ဆီးအႏုိင္အျဖစ္ ခန္႔မွန္းခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီး စီနီယာအသင္းၾကီးနဲ႕ အတူ ရာသီၾကိဳပြဲစဥ္ နွစ္ပြဲ ပါ၀င္ကစားခဲ့တဲ့ စေကာ့တလန္ U21 လက္ေရြးစင္ လူငယ္ ကြင္းလယ္ ကစားသမားေလး Billy Gilmour ဟာ ခ်ယ္ဆီးအသင္းနဲ႕ ေလးနွစ္ သက္တမ္းရွိ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုသြားပါတယ္။

ဒဏ္ရာကေန ျပန္လည္သက္သာ ေကာင္းမြန္လာၾကတဲ့ အိုဒြိဳင္းနဲ႕ ရစ္ဆီ ဂ်ိမ္းစ္တို႔ဟာ ေသာၾကာေန႔မွာ ခ်ယ္ဆီး U23 နဲ႕ အတူ ဘရိုက္တန္ U23 ကို ရင္ဆိုင္မယ့္ ပြဲစဥ္မွာ ပါ၀င္ကစားဖို႔ ျပင္ဆင္ေနပါတယ္။ ဒါေၾကာင့္ ပြဲၾကီးေန႔မွာ ပါဝင္ႏုိင္ဖြယ္ မရွိေသးပါဘူး။

ခ်ယ္ဆီးကေန ရီးရဲလ္မက္ဒရစ္ ေျပာင္းသြားတဲ့ ဟာဇက္နဲ႕ ေကာ္တို႔ရစ္တို႔က အသင္းေဖာ္ေဟာင္း ကြင္းလယ္ ကစားသမား ကန္ေတကို ရီးရဲလ္မွာ လာေရာက္ ပူးေပါင္းေစလိုေနပါတယ္။ လန္ဒန္အသင္းဘက္က အေၾကာင္းျပန္လာျခင္းေတြ မရွိေသးေပမယ့္ ရီးရဲလ္မက္ဒရစ္က ကြင္းလယ္ကို ျပဳျပင္လိုေနတာပဲျဖစ္ပါတယ္။

ခ်ယ္ဆီး ဂႏၲဝင္ပတ္နီဗင္က ကလပ္အသင္း အေနနဲ႕ ဝုဗ္ကို ရင္ဆိုင္ဖို႕ ရုန္းကန္ရလိမ့္မယ္ဆိုတာနဲ႔ ဝုဗ္ဟာ ဒီရာသီအတြက္ ခက္ခဲတဲ့ ျပိဳင္ဘက္ျဖစ္သလို အေဝးကြင္း သြားေရာက္ယွဥ္ျပိဳင္ရတာျဖစ္လို႔ ရလဒ္ေကာင္းယူႏုိင္ဖို႔ ခက္ခဲမွာျဖစ္ေၾကာင္း သတိေပးမႈ ျပဳလုပ္ခဲ့ပါတယ္။

တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ဒီရာသီမွာ ကလပ္အသင္းအတြက္ ေကာင္းစြာ ပါ၀င္ကစားရျခင္း မရွိေသးတဲ့ ခ်ယ္ဆီး ေတာင္ပံ တိုက္စစ္ သမား ၀ီလ်ံဟာ လာမယ့္စေန ၀ုဗ္နဲ႕ ပြဲစဥ္မွာ ပါ၀င္ကစားနိုင္ဖြယ္ ရွိေနပါတယ္။

၀ီလ်ံကေတာ့ ဒီရာသီ ရုန္းကန္ရမႈေတြ ရွိေနသည့္တိုင္ နည္းျပသစ္ လမ္းပတ္နဲ႔ အတူ ဆုဖလားေတြ စိန္ေခၚနိုင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ကလပ္အသင္းရဲ႕ လူငယ္ေတြက အရည္အခ်င္းေကာင္းေတြရွိျပီး ျပိဳင္ဘက္ေတြကို တုန္႔ျပန္ႏုိင္စြမ္းရွိတယ္လို႔ သူက ဆိုပါတယ္။

ခ်ယ္ဆီး နည္းျပေဟာင္း ဒီမက္တီယို ကေတာ့ ဂြ်န္တယ္ရီဟာ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ခ်ယ္ဆီး ကို နည္းျပ အျဖစ္နဲ႔ ျပန္လာလိမ့္မယ္လို႔ ဆိုလုိက္ျပီး လန္ဒန္ကလပ္အသင္းအတြက္ ေအာင္ျမင္မႈေတြ ထပ္မံ ရယူေပးလိမ့္မယ္လို႔လည္း ေဟာကိန္းထုတ္လိုက္ပါတယ္။

UNICODE

ဝုဗ်နဲ့ ချယ်ဆီး ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ချယ်ဆီးက ရလဒ်ကောင်းပေမယ့် မမျှော်လင့်ထားတာတွေ ဖြစ်နေတယ်။ တိုက်စစ်ကောင်းပြီး ခံစစ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဝုဗ်က အသင်းကောင်းဖြစ်ပေမယ့် ဒီပွဲတော့ ချယ်ဆီးဘက်ကပါပဲ ” လို့ ချယ်ဆီးအနိုင်အဖြစ် ခန့်မှန်းခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီး စီနီယာအသင်းကြီးနဲ့ အတူ ရာသီကြိုပွဲစဉ် နှစ်ပွဲ ပါဝင်ကစားခဲ့တဲ့ စကော့တလန် U21 လက်ရွေးစင် လူငယ် ကွင်းလယ် ကစားသမားလေး Billy Gilmour ဟာ ချယ်ဆီးအသင်းနဲ့ လေးနှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုသွားပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာ ကောင်းမွန်လာကြတဲ့ အိုဒွိုင်းနဲ့ ရစ်ဆီ ဂျိမ်းစ်တို့ဟာ သောကြာနေ့မှာ ချယ်ဆီး U23 နဲ့ အတူ ဘရိုက်တန် U23 ကို ရင်ဆိုင်မယ့် ပွဲစဉ်မှာ ပါဝင်ကစားဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ပွဲကြီးနေ့မှာ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။

ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ် ပြောင်းသွားတဲ့ ဟာဇက်နဲ့ ကော်တို့ရစ်တို့က အသင်းဖော်ဟောင်း ကွင်းလယ် ကစားသမား ကန်တေကို ရီးရဲလ်မှာ လာရောက် ပူးပေါင်းစေလိုနေပါတယ်။ လန်ဒန်အသင်းဘက်က အကြောင်းပြန်လာခြင်းတွေ မရှိသေးပေမယ့် ရီးရဲလ်မက်ဒရစ်က ကွင်းလယ်ကို ပြုပြင်လိုနေတာပဲဖြစ်ပါတယ်။

ချယ်ဆီး ဂန္တဝင်ပတ်နီဗင်က ကလပ်အသင်း အနေနဲ့ ဝုဗ်ကို ရင်ဆိုင်ဖို့ ရုန်းကန်ရလိမ့်မယ်ဆိုတာနဲ့ ဝုဗ်ဟာ ဒီရာသီအတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်သလို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရတာဖြစ်လို့ ရလဒ်ကောင်းယူနိုင်ဖို့ ခက်ခဲမှာဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။

တံကောက်ကြော ဒဏ်ရာကြောင့် ဒီရာသီမှာ ကလပ်အသင်းအတွက် ကောင်းစွာ ပါဝင်ကစားရခြင်း မရှိသေးတဲ့ ချယ်ဆီး တောင်ပံ တိုက်စစ် သမား ဝီလျံဟာ လာမယ့်စနေ ဝုဗ်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ဝီလျံကတော့ ဒီရာသီ ရုန်းကန်ရမှုတွေ ရှိနေသည့်တိုင် နည်းပြသစ် လမ်းပတ်နဲ့ အတူ ဆုဖလားတွေ စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကလပ်အသင်းရဲ့ လူငယ်တွေက အရည်အချင်းကောင်းတွေရှိပြီး ပြိုင်ဘက်တွေကို တုန့်ပြန်နိုင်စွမ်းရှိတယ်လို့ သူက ဆိုပါတယ်။

ချယ်ဆီး နည်းပြဟောင်း ဒီမက်တီယို ကတော့ ဂျွန်တယ်ရီဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချယ်ဆီး ကို နည်းပြ အဖြစ်နဲ့ ပြန်လာလိမ့်မယ်လို့ ဆိုလိုက်ပြီး လန်ဒန်ကလပ်အသင်းအတွက် အောင်မြင်မှုတွေ ထပ်မံ ရယူပေးလိမ့်မယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။