အာဆင္နယ္ ကစားသမားေဟာင္း မာတီဆက္ကာက အာဆင္နယ္အသင္းဟာ တိုက္စစ္၊ ခံစစ္ ဟန္ခ်က္ မညီ ျဖစ္ေနျပီး ‘ဒါကို ထိန္းညွိဖို႔ အေရးၾကီးေၾကာင္း အမ္မရီအား သတိေပးစကား ဆိုလိုက္ပါတယ္။

အာဆင္နယ္ လူငယ္ၾကယ္ပြင့္ေလး ဂ်ိဳး ၀ယ္ေလာ့ကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တဲ့အေပၚ အမ္မရီက – ” ဂ်ိဳး (၀ယ္ေလာ့) ေျခစြမ္းက မနွစ္တည္းက အမ်ားၾကီး တိုးတက္လာတာပါ။ နည္းစနစ္ပိုင္းလည္း ေက်ညက္သလို ဘယ္လို ျပိဳင္ဘက္ကို မဆို ယံုၾကည္မႈ အျပည့္နဲ႕ ရင္ဆိုင္ ကစားနိုင္တယ္။ သူ႔ေျခစြမ္းေတြ တိုးတက္လာဖို႔ ကူညီေပးသြားမယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။

၀ယ္ေလာ့ကေတာ့ ငယ္ငယ္ေလးကတည္းက အိပ္မက္ခဲ့ရတဲ့ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ သက္တမ္းတိုးနိုင္ခဲ့တာအတြက္ ဝမ္းသာမိေၾကာင္းနဲ႔ အသင္းႀကီးမွာ ပုံမွန္ ပြဲထြက္ခြင့္ရဖို႔ အေကာင္းဆုံး ႀကိဳးစားယွဥ္ၿပိဳင္သြားမယ့္အေၾကာင္း ပရိသတ္ေတြကို စကားပါးခဲ့ပါတယ္။

အာဆင္နယ္အသင္း ခံစစ္မွဴး ဟိုးလ္ဒင္း အျပင္ တီရာေနး၊ ဘယ္လာရင္တို႔အားလံုး ဒဏ္ရာကေန ေပ်ာက္ကင္းသက္သာလာကာ အသင္းႀကီးနဲ႔ အတူ ေလ့က်င့္ခန္းအျပည့္ ျပန္ ဆင္းေနၿပီ ျဖစ္ပါတယ္။

ဝက္ဖို႔နဲ႔ အာဆင္နယ္ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ဝက္ဖို႔ မန္ေနဂ်ာသစ္ဟာ ကစားသမားေတြနဲ႔ ရင္းႏွီးျပီးသားဖို႔ အခ်ိန္ယူရမွာ မဟုတ္ဘူး။ အာဆင္နယ္က တိက္စစ္ေကာင္းေပမယ့္ ခံစစ္က လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ ဒီပြဲမွာ မန္ေနဂ်ာ ဖေလာရက္ကို ယံုၾကည္ရေအာင္ပါ ဆိုျပီး ” သေရ ရလဒ္အျဖစ္ ခန္႔မွန္းခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ လူငယ္ေတြ၊ လူသစ္ေတြနဲ႔ အသင္းမွာ ကာလရွည္ၾကာရွိေနခဲ့သူေတြ အားလံုးက ကစားသမားတုိင္းဟာ အေရးပါတဲ့ ကစားသမားေတြ ျဖစ္ၾကတယ္လုိ႔ နည္းျပ အမ္မရီက အသင္းဝက္ဘ္ဆုိက္က အင္တာဗ်ဴးမွာ ေျပာၾကားလိုက္ပါတယ္။

ဆီးဘယ္ေလာစ့္ က အာဆင္နယ္ တိုက္စစ္ သုံးေယာက္အတြဲ ျဖစ္တဲ့ အူဘာမီယန္း၊ လာကာဇက္တီ၊ နီကိုလပ္စ္ ပီပီတို႔ သုံးဦးစလုံးဟာ ပြဲအေျဖကို ေျပာင္းလဲနိုင္တဲ့သူေတြ ျဖစ္ေၾကာင္း ခ်ီးက်ဴးလိုက္ပါတယ္။

အာဆင္နယ္ အမ်ိဳးသမီးအသင္းဟာ ညက ကစားခဲ့တဲ့ ဖီအိုရင္တီးနားနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ေလးဂိုး ဂိုးမရွိနဲ႔ အနိုင္ရသြားခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးေတြကိုေတာ့ တိုက္စစ္မွူး မီဒမ္မာက ႏွစ္ဂိုး၊ အသင္းေခါင္းေဆာင္ ကင္လစ္တယ္ က တစ္ဂိုး၊ အီဗန္စ္ က တစ္ဂိုး အသီးသီး သြင္းယူေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ အိုင္ဝိုဘီ၊ မြန္ရီရယ္ တို႔ကို ဒီေႏြမွာ ေရာင္းထုတ္ခဲ့တာေၾကာင့္ လူငယ္ ကစားသမားေတြနဲ႔ ကစားသမားသစ္ေတြကို အသင္းမွာ ကစားဖို႔ ေနရာေပးနိုင္ေတာ့မွာ ျဖစ္ေၾကာင္း အမ္မရီက ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – အာဆင်နယ် ကစားသမားဟောင်း မာတီဆက်ကာက အာဆင်နယ်အသင်းဟာ တိုက်စစ်၊ ခံစစ် ဟန်ချက် မညီ ဖြစ်နေပြီး ‘ဒါကို ထိန်းညှိဖို့ အရေးကြီးကြောင်း အမ်မရီအား သတိပေးစကား ဆိုလိုက်ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့်လေး ဂျိုး ဝယ်လော့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တဲ့အပေါ် အမ်မရီက – ” ဂျိုး (ဝယ်လော့) ခြေစွမ်းက မနှစ်တည်းက အများကြီး တိုးတက်လာတာပါ။ နည်းစနစ်ပိုင်းလည်း ကျေညက်သလို ဘယ်လို ပြိုင်ဘက်ကို မဆို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကစားနိုင်တယ်။ သူ့ခြေစွမ်းတွေ တိုးတက်လာဖို့ ကူညီပေးသွားမယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဝယ်လော့ကတော့ ငယ်ငယ်လေးကတည်းက အိပ်မက်ခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ် သက်တမ်းတိုးနိုင်ခဲ့တာအတွက် ဝမ်းသာမိကြောင်းနဲ့ အသင်းကြီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ့်အကြောင်း ပရိသတ်တွေကို စကားပါးခဲ့ပါတယ်။

အာဆင်နယ်အသင်း ခံစစ်မှူး ဟိုးလ်ဒင်း အပြင် တီရာနေး၊ ဘယ်လာရင်တို့အားလုံး ဒဏ်ရာကနေ ပျောက်ကင်းသက်သာလာကာ အသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်းအပြည့် ပြန် ဆင်းနေပြီ ဖြစ်ပါတယ်။

ဝက်ဖို့နဲ့ အာဆင်နယ်ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ဝက်ဖို့ မန်နေဂျာသစ်ဟာ ကစားသမားတွေနဲ့ ရင်းနှီးပြီးသားဖို့ အချိန်ယူရမှာ မဟုတ်ဘူး။ အာဆင်နယ်က တိက်စစ်ကောင်းပေမယ့် ခံစစ်က လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီပွဲမှာ မန်နေဂျာ ဖလောရက်ကို ယုံကြည်ရအောင်ပါ ဆိုပြီး ” သရေ ရလဒ်အဖြစ် ခန့်မှန်းခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ လူငယ်တွေ၊ လူသစ်တွေနဲ့ အသင်းမှာ ကာလရှည်ကြာရှိနေခဲ့သူတွေ အားလုံးက ကစားသမားတိုင်းဟာ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြတယ်လို့ နည်းပြ အမ်မရီက အသင်းဝက်ဘ်ဆိုက်က အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ဆီးဘယ်လောစ့် က အာဆင်နယ် တိုက်စစ် သုံးယောက်အတွဲ ဖြစ်တဲ့ အူဘာမီယန်း၊ လာကာဇက်တီ၊ နီကိုလပ်စ် ပီပီတို့ သုံးဦးစလုံးဟာ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့သူတွေ ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။

အာဆင်နယ် အမျိုးသမီးအသင်းဟာ ညက ကစားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး မီဒမ်မာက နှစ်ဂိုး၊ အသင်းခေါင်းဆောင် ကင်လစ်တယ် က တစ်ဂိုး၊ အီဗန်စ် က တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ အိုင်ဝိုဘီ၊ မွန်ရီရယ် တို့ကို ဒီနွေမှာ ရောင်းထုတ်ခဲ့တာကြောင့် လူငယ် ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို အသင်းမှာ ကစားဖို့ နေရာပေးနိုင်တော့မှာ ဖြစ်ကြောင်း အမ်မရီက ပြောကြားခဲ့ပါတယ်။

Myan News