စီးတီး တိုက္စစ္သမား ရာဟင္းစတားလင္းဟာ ကမၻာ့အေကာင္းဆံုး ထိပ္သီး ကစားသမားေတြထဲ အဆင့္ကို ေရာက္ရွိေနျပီ ျဖစ္ျပီး ၄င္း တန္ေၾကးဟာ အနည္းဆံုး ေပါင္ သန္း ၂၀၀ ရွိေနျပီလို႔ စီးတီး ကစားသမားေဟာင္း ထရီဗာ ဆင္ကလဲရားက ေျပာၾကားလိုက္ပါတယ္။

မန္စီးတီးရဲ႕ ၾသဂုတ္လ အေကာငး္ဆံုး ကစားသမားဆုကို တိုက္စစ္မွဴး အဂြယ္ရို က ရရွိသြားပါတယ္။ အဂြယ္ရိုဟာ ဒီရာသီ ပရီးမီးယားလိဂ္ ေလးပြဲ ျပီးဆံုးထားခ်ိန္မွာတင္ ၆ ဂိုး သြင္းထားျပီး လိဂ္ ထိပ္သီး ဂိုးသြင္းရွင္ အျဖစ္ ထိပ္ဆံုးက ေနရာယူထားပါတယ္။

အဂြယ္ရိုရဲ႕ ဒီရာသီ ဂိုးသြင္းနႈန္း ဟာ တစ္ရာသီ ဂိုး ၄၀ ေက်ာ္ သြင္းတဲ့ မက္ဆီ၊ ရိုနယ္ဒိုတို႔လို အေကာင္းဆံုးေတြရဲ႕ မွတ္တမ္းကို မွီဖို႔ အေျခအေန ေကာင္းေနပါတယ္။

စီးတီးနည္းျပ ဂြာဒီယိုလာဟာ ေအစီမီလန္မွာ သူလုပ္ခဲ့တဲ့ ေျပာင္းလဲမႈေတြကဲ့သို႔ ေဘာလံုးေလာက ကို ထူးျခားတဲ့ အျမင္နဲဲ႕ ေျပာင္းလဲမႈေတြ ယူေဆာင္ေပးေနၾကာင္း ေအစီမီလန္ ဂႏၱ၀င္နည္းျပၾကီး ဆန္ခ်ီက ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

ဒါ့အျပင္ မန္စီးတီးမွ ဂြာဒီယိုလာ၊ လီဗာပူးမွ ကေလာ့ပ္၊ စပါးမွ ပိုခ်က္တီနို စတဲ့ နည္းျပေကာင္းေတြရဲ႕ ဆန္းသစ္တဲ့ အေတြးအျမင္ေၾကာင့္ ပရီးမီးယားလိဂ္ဟာ သက္ေရာက္မႈ ေကာင္းေတြ ခံစားေနရတယ္လို႔ ဆန္ခ်ီက သံုးသပ္ခဲ့ပါတယ္။

မန္စီးတီးနဲ႕ မန္ယူအသင္းတို႔ဟာ ၀က္စ္ဟမ္းနဲ႕ အဂၤလန္ကစားသမား ဒီကလန္ ရိုက္စ္ကို ေခၚယူဖို႔ အျပိဳင္အဆိုင္ ၾကိဳးပမ္းၾကလိမ့္မယ္လို႔ ဝက္စ္ဟမ္း ဂႏၱဝင္ေဟာင္း တိုနီ ေကာ္တီက သံုးသပ္လုိက္ပါတယ္။

မန္ခ်က္စတာ စီးတီးအသင္းဟာ ဂႏၱဝင္ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြန္ပနီကို ဂုဏ္ျပဳတဲ့အေနနဲ႔ အီတီဟတ္ကြင္းေရွ႕မွာ ရုပ္တု တည္ေဆာက္ ထားရွိဖို႔ ျပင္ဆင္ေနပါတယ္။

၀ိန္းရြန္းနီက ယခင္ေခတ္က ရီယိုဖာဒီနန္၊ တယ္ရီ၊ အက္ရွ္ေလးကိုး၊ ဂ်ရတ္၊ ေပါလ္စခိုး၊ လမ္းပတ္၊ ဘက္ခမ္း၊ အို၀င္စတဲ့ အဂၤလန္ ကစားသမားေကာင္းေတြ ကိုသာ ပက္ဂြာဒီယိုလာ နည္းျပ လုပ္ခဲ့ရင္ အဂၤလန္အသင္းဟာ ဆုဖလားေအာင္ျမင္မႈေတြ အားလံုးနီးပါး သိမ္းပိုက္နုိင္ခဲ့လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

Myan News

UNICODE – စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းဟာ ကမ္ဘာ့အကောင်းဆုံး ထိပ်သီး ကစားသမားတွေထဲ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်း တန်ကြေးဟာ အနည်းဆုံး ပေါင် သန်း ၂၀၀ ရှိနေပြီလို့ စီးတီး ကစားသမားဟောင်း ထရီဗာ ဆင်ကလဲရားက ပြောကြားလိုက်ပါတယ်။

မန်စီးတီးရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး အဂွယ်ရို က ရရှိသွားပါတယ်။ အဂွယ်ရိုဟာ ဒီရာသီ ပရီးမီးယားလိဂ် လေးပွဲ ပြီးဆုံးထားချိန်မှာတင် ၆ ဂိုး သွင်းထားပြီး လိဂ် ထိပ်သီး ဂိုးသွင်းရှင် အဖြစ် ထိပ်ဆုံးက နေရာယူထားပါတယ်။

အဂွယ်ရိုရဲ့ ဒီရာသီ ဂိုးသွင်းနှုန်း ဟာ တစ်ရာသီ ဂိုး ၄၀ ကျော် သွင်းတဲ့ မက်ဆီ၊ ရိုနယ်ဒိုတို့လို အကောင်းဆုံးတွေရဲ့ မှတ်တမ်းကို မှီဖို့ အခြေအနေ ကောင်းနေပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာဟာ အေစီမီလန်မှာ သူလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေကဲ့သို့ ဘောလုံးလောက ကို ထူးခြားတဲ့ အမြင်နဲ့ ပြောင်းလဲမှုတွေ ယူဆောင်ပေးနေကြာင်း အေစီမီလန် ဂန္တဝင်နည်းပြကြီး ဆန်ချီက ချီးကျူးစကား ဆိုလိုက်ပါတယ်။

ဒါ့အပြင် မန်စီးတီးမှ ဂွာဒီယိုလာ၊ လီဗာပူးမှ ကလော့ပ်၊ စပါးမှ ပိုချက်တီနို စတဲ့ နည်းပြကောင်းတွေရဲ့ ဆန်းသစ်တဲ့ အတွေးအမြင်ကြောင့် ပရီးမီးယားလိဂ်ဟာ သက်ရောက်မှု ကောင်းတွေ ခံစားနေရတယ်လို့ ဆန်ချီက သုံးသပ်ခဲ့ပါတယ်။

မန်စီးတီးနဲ့ မန်ယူအသင်းတို့ဟာ ဝက်စ်ဟမ်းနဲ့ အင်္ဂလန်ကစားသမား ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြလိမ့်မယ်လို့ ဝက်စ်ဟမ်း ဂန္တဝင်ဟောင်း တိုနီ ကော်တီက သုံးသပ်လိုက်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီကို ဂုဏ်ပြုတဲ့အနေနဲ့ အီတီဟတ်ကွင်းရှေ့မှာ ရုပ်တု တည်ဆောက် ထားရှိဖို့ ပြင်ဆင်နေပါတယ်။

ဝိန်းရွန်းနီက ယခင်ခေတ်က ရီယိုဖာဒီနန်၊ တယ်ရီ၊ အက်ရှ်လေးကိုး၊ ဂျရတ်၊ ပေါလ်စခိုး၊ လမ်းပတ်၊ ဘက်ခမ်း၊ အိုဝင်စတဲ့ အင်္ဂလန် ကစားသမားကောင်းတွေ ကိုသာ ပက်ဂွာဒီယိုလာ နည်းပြ လုပ်ခဲ့ရင် အင်္ဂလန်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေ အားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Myan News