မန္ယူနဲ႔ လက္စတာပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” မန္ယူအသင္း ဒီရာသီ ေျခစြမ္း အတက္အက် မ်ားေနေပမယ့္ လက္စတာဟာ ေနာက္တန္း ပိတ္ျပီးကစားမွာ မဟုတ္လို႔ ယူႏုိက္တက္ တိုက္စစ္သမားေတြ ေနရာလြတ္ရွာဖို႔ ပိုလြယ္ေစမွာပါ။ ေျခစြမ္းပိုင္းက ဘယ္လိုျဖစ္ေနပါေစ ဒီပြဲကိုေတာ့ မန္ယူအသင္း အႏုိင္ရမယ္လို႔ ထင္ပါတယ္ ” လို႔ ခန္႔မွန္းခဲ့ပါတယ္။

လက္စတာနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ မန္ယူကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ၊ မာရွယ္၊ လုေရွာတို႔ဟာ ၾကံ႕ခိုင္မႈ ျပသနာေတြနဲ႔ ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္သြားေတာ့မွာပဲ ျဖစ္ပါတယ္။ ဘစ္ဆာကာ၊ လင္ဂတ္နဲ႔ ဒါေလာ့ကလည္း ပါဝင္ကစားဖို႔ မေသခ်ာပါဘူး။

လက္စတာအသင္းမန္ေနဂ်ာ ေရာ္ဂ်ာက သူနဲ႔ ကာလအတန္ၾကာ လက္တြဲခဲ့တဲ့ ခံစစ္မွဴး မက္ဂိြဳင္းရားဟာ ကာင္းမြန္တဲ့ အက်င့္စရိုက္၊ ပင္ကိုဗီဇ ရွိသူျဖစ္ျပီး ကြင္းအတြင္း အာရံုစိုက္မႈ အျပည့္ရွိသူျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးသြားပါတယ္။

အင္တာမီလန္ အသင္းအတြက္ ၂ ပြဲ ကစားေပးထားအျပီးမွာ သြင္းဂိုး ၂ ဂိုးသြင္းယူေပးထားတဲ့ လူကာကူဟာ ထိပ္တန္းတိုက္စစ္မွဴးျဖစ္ေၾကာင္း ဆန္းခ်က္က မွတ္ခ်က္ေပးပါတယ္။ သူတို႔ႏွစ္ဦးဟာ မန္ေနဂ်ာဆိုးရွား လက္ေအာက္မွာ ေနရာမရခဲ့ပဲ နယ္ေျမသစ္ေတြကို ထြက္ခြာလာခဲ့ၾကသူေတြ ျဖစ္ပါတယ္။

မန္ယူအသင္းဟာ ကြင္းလယ္လူ ေပါ့ဘာအတြက္ ရီးရဲလ္မက္ဒရစ္ထံက ထိပ္တန္း ကစားသမားေတြ ျပန္လိုခ်င္ေနျပီး အဆိုပါ သေဘာတူညီမႈကို လိုက္ေလ်ာမယ္ဆိုရင္ ကစားသမားကို ထြက္ခြာခြင့္ေပးႏုိင္တယ္လုိ႔ သိရပါတယ္။ ေပါ့ဘာေနရာ အစားျပန္ထိုးဖို႔ မတ္ဒီဆန္နဲ႔ ရိုက္လို ကြင္းလယ္လူေတြကိုလည္း ေစာင့္ၾကည့္ေနပါတယ္။

ကလပ္အသင္း ဂိုးသမားေဟာင္းၾကီး ဗန္ဒါဆားက မႏွစ္ကတည္းက အသင္းနဲ့ စာခ်ဳပ္ သက္တမ္း တိုးျမွင့္ဖုိ႔ တုန္႔ဆုိင္ေနျပီး အျခားေသာ လိဂ္ေတြထံ ေျပာင္းကစားမယ္လို႔ သတင္းၾကီးေနတဲ့ ဂိုးသမားဒီဂီယာကို အနာဂတ္နဲ့ ပတ္သက္ျပီး ေသခ်ာတဲ့ ဆံုးျဖတ္ခ်က္ ခပ္ျမန္ျမန္လုပ္သင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

မန္ယူ ဂႏၱ၀င္ကစားသမား ေဟာင္းၾကီး အင္ဒီကိုးက ဒီႏွစ္မွာ အမွတ္ေပးဖလားကို မန္စီးတီးနဲ ့ လီဗာပူးတို ့ပဲ ယွဥ္ျပိဳင္ၾကမွာျဖစ္ျပီး မန္ယူအသင္း အေနနဲ ့ ျပိဳင္ဘက္ေတြကို မွီဖို ့ ႏွစ္အနည္းငယ္ ၾကိဳးစားရလိမ့္မယ္လို႔ ဆိုပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္အသင္းရဲ့ ခံစစ္မွဴးေဟာင္း ျဖစ္ျပီး လက္ရွိ လက္စတာခံစစ္သမား ဂ်ြန္နီ အီဗန္က အသင္းေဟာင္း ယူနုိက္တက္ဟာ ခံစစ္မွဴး မက္ဂိြဳင္းရားကို ေလွ်ာ့ေစ်းနဲ့ ရရွိခဲ့တာ ျဖစ္ေၾကာင္း ဒီအပတ္ပြဲၾကိဳမွာ မွတ္ခ်က္စကား ေျပာဆိုပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ ကြင္းလယ္လူ မာတာက ကလပ္အသင္း ပံုစံေကာင္းေတြ ျပရလာျပီး ရလဒ္ေကာင္းေတြ ရဖို႔ရာ အသင္း သားအားလံုး တစ္စုတစည္းထဲ ရွိေနရမယ္လို႔ သတိေပးလိုက္ပါတယ္။ အသင္း ရလဒ္ ဆုိးရြားေနရင္ ျပိဳင္ဘက္ေတြက ေပ်ာ္ရႊင္ေနၾကလိမ့္မယ္လို႔လည္း သူက ဆိုပါတယ္။

UNICODE

မန်ယူနဲ့ လက်စတာပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” မန်ယူအသင်း ဒီရာသီ ခြေစွမ်း အတက်အကျ များနေပေမယ့် လက်စတာဟာ နောက်တန်း ပိတ်ပြီးကစားမှာ မဟုတ်လို့ ယူနိုက်တက် တိုက်စစ်သမားတွေ နေရာလွတ်ရှာဖို့ ပိုလွယ်စေမှာပါ။ ခြေစွမ်းပိုင်းက ဘယ်လိုဖြစ်နေပါစေ ဒီပွဲကိုတော့ မန်ယူအသင်း အနိုင်ရမယ်လို့ ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့ပါတယ်။

လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်၊ လုရှောတို့ဟာ ကြံ့ခိုင်မှု ပြသနာတွေနဲ့ ဒဏ်ရာတွေကြောင့် လွဲချော်သွားတော့မှာပဲ ဖြစ်ပါတယ်။ ဘစ်ဆာကာ၊ လင်ဂတ်နဲ့ ဒါလော့ကလည်း ပါဝင်ကစားဖို့ မသေချာပါဘူး။

လက်စတာအသင်းမန်နေဂျာ ရော်ဂျာက သူနဲ့ ကာလအတန်ကြာ လက်တွဲခဲ့တဲ့ ခံစစ်မှူး မက်ဂွိုင်းရားဟာ ကာင်းမွန်တဲ့ အကျင့်စရိုက်၊ ပင်ကိုဗီဇ ရှိသူဖြစ်ပြီး ကွင်းအတွင်း အာရုံစိုက်မှု အပြည့်ရှိသူဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားပါတယ်။

အင်တာမီလန် အသင်းအတွက် ၂ ပွဲ ကစားပေးထားအပြီးမှာ သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားတဲ့ လူကာကူဟာ ထိပ်တန်းတိုက်စစ်မှူးဖြစ်ကြောင်း ဆန်းချက်က မှတ်ချက်ပေးပါတယ်။ သူတို့နှစ်ဦးဟာ မန်နေဂျာဆိုးရှား လက်အောက်မှာ နေရာမရခဲ့ပဲ နယ်မြေသစ်တွေကို ထွက်ခွာလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဘာအတွက် ရီးရဲလ်မက်ဒရစ်ထံက ထိပ်တန်း ကစားသမားတွေ ပြန်လိုချင်နေပြီး အဆိုပါ သဘောတူညီမှုကို လိုက်လျောမယ်ဆိုရင် ကစားသမားကို ထွက်ခွာခွင့်ပေးနိုင်တယ်လို့ သိရပါတယ်။ ပေါ့ဘာနေရာ အစားပြန်ထိုးဖို့ မတ်ဒီဆန်နဲ့ ရိုက်လို ကွင်းလယ်လူတွေကိုလည်း စောင့်ကြည့်နေပါတယ်။

ကလပ်အသင်း ဂိုးသမားဟောင်းကြီး ဗန်ဒါဆားက မနှစ်ကတည်းက အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ တုန့်ဆိုင်နေပြီး အခြားသော လိဂ်တွေထံ ပြောင်းကစားမယ်လို့ သတင်းကြီးနေတဲ့ ဂိုးသမားဒီဂီယာကို အနာဂတ်နဲ့ ပတ်သက်ပြီး သေချာတဲ့ ဆုံးဖြတ်ချက် ခပ်မြန်မြန်လုပ်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

မန်ယူ ဂန္တဝင်ကစားသမား ဟောင်းကြီး အင်ဒီကိုးက ဒီနှစ်မှာ အမှတ်ပေးဖလားကို မန်စီးတီးနဲ့ လီဗာပူးတို့ပဲ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မန်ယူအသင်း အနေနဲ့ ပြိုင်ဘက်တွေကို မှီဖို့ နှစ်အနည်းငယ် ကြိုးစားရလိမ့်မယ်လို့ ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်ပြီး လက်ရှိ လက်စတာခံစစ်သမား ဂျွန်နီ အီဗန်က အသင်းဟောင်း ယူနိုက်တက်ဟာ ခံစစ်မှူး မက်ဂွိုင်းရားကို လျှော့ဈေးနဲ့ ရရှိခဲ့တာ ဖြစ်ကြောင်း ဒီအပတ်ပွဲကြိုမှာ မှတ်ချက်စကား ပြောဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မာတာက ကလပ်အသင်း ပုံစံကောင်းတွေ ပြရလာပြီး ရလဒ်ကောင်းတွေ ရဖို့ရာ အသင်း သားအားလုံး တစ်စုတစည်းထဲ ရှိနေရမယ်လို့ သတိပေးလိုက်ပါတယ်။ အသင်း ရလဒ် ဆိုးရွားနေရင် ပြိုင်ဘက်တွေက ပျော်ရွှင်နေကြလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။