ႏိုင္ငံတကာ သီတင္းပတ္က မန္ယူအတြက္ကေတာ့ ျပသနာၾကီးေတြ ေပးလာခဲ့ျပီျဖစ္ျပီး မာရွယ္၊ ေပါ့ဘာ၊ လုေရွာတို႔ဟာ ဒီအပတ္ ယွဥ္ျပိဳင္ရမယ့္ လက္စတာနဲ႔ပြဲ ပါဝင္ႏုိင္ဖို႔ မရွိတာ ေသခ်ာခဲ့ပါျပီ။ ဒါ့အျပင္ ညာအစြန္လူ ဘစ္ဆာကာ ကစားႏုိင္ဖို႔လည္း မေသခ်ာပါဘူး။

သရဲနီေတြဟာ ပရီးမီးယားလိဂ္ ေလးပြဲမွာ ၅ မွတ္ပဲ ရထားတာျဖစ္ျပီး ဒီအပတ္ ေျမေခြးေတြနဲ႔ ယွဥ္ျပိဳင္ရာမွာ အႏုိင္ရလဒ္ကို ျပန္ရယူႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္တယ္။ ဒါေပမယ့္လည္း အဓိက ကစားသမားေတြ အမ်ားအျပား ဒဏ္ရာရေနတာက မန္ေနဂ်ာဆိုးရွားအတြက္ ထိုးႏွက္ခ်က္ ျဖစ္လာေနခဲ့ပါတယ္။

ကလပ္အသင္းဝဘ္ဆိုဒ္ကေန ေၾကညာမႈအရ ေပါ့ဘာနဲ႔ မာရွယ္တို႔ ကစားႏုိင္မွာ မဟုတ္ေၾကာင္း ေသခ်ာခဲ့တဲ့ေနာက္ ဆိုးရွားဟာ တိုက္စစ္အတြဲအျဖစ္ ရပ္ဖိုဒ့္၊ မာတာ၊ ဂ်ိမ္းတို႔ကိုပဲ ေသခ်ာေပါက္ သံုးရေတာ့မွာျဖစ္ျပီး ပါရဲရားကိုလည္း ဘယ္ေတာင္ပံေနရာအတြက္ သံုးစြဲရဖြယ္ရွိေနတယ္။

ခံစစ္ေလးေယာက္တန္ရဲ႕ ေရွ႔မွာ ေတာ္မီေနးကို မာတစ္နဲ႔ တြဲသံုးမယ္လို႔ ခန္႔မွန္းရတယ္။ ကြင္းလယ္လူ ဖရက္ ၾကံ႕ခိုင္မႈ မေကာင္းေသးသလို လင္ဂတ္ကလည္း အဖ်ားေရာဂါေၾကာင့္ ပြဲကစားႏုိင္ျခင္း မရွိတာျဖစ္တယ္။ အဓိက ေျပာစရာ ျဖစ္လာမွာကေတာ့ ခံစစ္ေၾကာင္းပဲ ျဖစ္ပါတယ္။

ဗဟိုခံစစ္အတြဲအျဖစ္ လင္ဒီေအာ့နဲ႔ မက္ဂီြဳင္းရာ အတြဲပဲ ပြဲထြက္လာမွာျဖစ္ေပမယ့္ ဘယ္အစြန္လူ လုေရွာ ကစားႏုိင္မွာ မဟုတ္သလို ညာအစြန္လူ ဘစ္ဆာကာ အဖ်ားေရာဂါ ခံစားေနရတာပါ။ ဒါေၾကာင့္ ညာေတာင္ပံအတြက္ ယန္းနဲ႔ ဘယ္ေတာင္ပံအတြက္ ရိုဂ်ိဳကို အသံုးျပဳသြားဖြယ္ ရွိေနပါတယ္။

မန္ယူအသင္း အစြန္သမား ဒါေလာ့ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနေပမယ့္ ပြဲထြက္လူစာရင္းက ပါဝင္လာဖို႔ ေစာင့့္ဆိုင္းရဦးမွာျဖစ္ျပီး လူငယ္ကစားသမား ဂရင္းဝုဒ္ အရန္လူစာရင္းကေန ပါဝင္လာဖြယ္ ရွိေနတာျဖစ္တယ္။ လက္စတာနဲ႔ပြဲမွာ မန္ေနဂ်ာဆိုးရွာား အသံုးျပဳႏုိင္တဲ့ ၄-၂-၃-၁ ကစားကြက္နဲ႔ အေတာင့္တင္းဆံုး ပြဲထြက္လူစာရင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

UNICODE

နိုင်ငံတကာ သီတင်းပတ်က မန်ယူအတွက်ကတော့ ပြသနာကြီးတွေ ပေးလာခဲ့ပြီဖြစ်ပြီး မာရှယ်၊ ပေါ့ဘာ၊ လုရှောတို့ဟာ ဒီအပတ် ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲ ပါဝင်နိုင်ဖို့ မရှိတာ သေချာခဲ့ပါပြီ။ ဒါ့အပြင် ညာအစွန်လူ ဘစ်ဆာကာ ကစားနိုင်ဖို့လည်း မသေချာပါဘူး။

သရဲနီတွေဟာ ပရီးမီးယားလိဂ် လေးပွဲမှာ ၅ မှတ်ပဲ ရထားတာဖြစ်ပြီး ဒီအပတ် မြေခွေးတွေနဲ့ ယှဉ်ပြိုင်ရာမှာ အနိုင်ရလဒ်ကို ပြန်ရယူနိုင်ဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမယ့်လည်း အဓိက ကစားသမားတွေ အများအပြား ဒဏ်ရာရနေတာက မန်နေဂျာဆိုးရှားအတွက် ထိုးနှက်ချက် ဖြစ်လာနေခဲ့ပါတယ်။

ကလပ်အသင်းဝဘ်ဆိုဒ်ကနေ ကြေညာမှုအရ ပေါ့ဘာနဲ့ မာရှယ်တို့ ကစားနိုင်မှာ မဟုတ်ကြောင်း သေချာခဲ့တဲ့နောက် ဆိုးရှားဟာ တိုက်စစ်အတွဲအဖြစ် ရပ်ဖိုဒ့်၊ မာတာ၊ ဂျိမ်းတို့ကိုပဲ သေချာပေါက် သုံးရတော့မှာဖြစ်ပြီး ပါရဲရားကိုလည်း ဘယ်တောင်ပံနေရာအတွက် သုံးစွဲရဖွယ်ရှိနေတယ်။

ခံစစ်လေးယောက်တန်ရဲ့ ရှေ့မှာ တော်မီနေးကို မာတစ်နဲ့ တွဲသုံးမယ်လို့ ခန့်မှန်းရတယ်။ ကွင်းလယ်လူ ဖရက် ကြံ့ခိုင်မှု မကောင်းသေးသလို လင်ဂတ်ကလည်း အဖျားရောဂါကြောင့် ပွဲကစားနိုင်ခြင်း မရှိတာဖြစ်တယ်။ အဓိက ပြောစရာ ဖြစ်လာမှာကတော့ ခံစစ်ကြောင်းပဲ ဖြစ်ပါတယ်။

ဗဟိုခံစစ်အတွဲအဖြစ် လင်ဒီအော့နဲ့ မက်ဂွီုင်းရာ အတွဲပဲ ပွဲထွက်လာမှာဖြစ်ပေမယ့် ဘယ်အစွန်လူ လုရှော ကစားနိုင်မှာ မဟုတ်သလို ညာအစွန်လူ ဘစ်ဆာကာ အဖျားရောဂါ ခံစားနေရတာပါ။ ဒါကြောင့် ညာတောင်ပံအတွက် ယန်းနဲ့ ဘယ်တောင်ပံအတွက် ရိုဂျိုကို အသုံးပြုသွားဖွယ် ရှိနေပါတယ်။

မန်ယူအသင်း အစွန်သမား ဒါလော့ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပေမယ့် ပွဲထွက်လူစာရင်းက ပါဝင်လာဖို့ စောင့်ဆိုင်းရဦးမှာဖြစ်ပြီး လူငယ်ကစားသမား ဂရင်းဝုဒ် အရန်လူစာရင်းကနေ ပါဝင်လာဖွယ် ရှိနေတာဖြစ်တယ်။ လက်စတာနဲ့ပွဲမှာ မန်နေဂျာဆိုးရှာား အသုံးပြုနိုင်တဲ့ ၄-၂-၃-၁ ကစားကွက်နဲ့ အတောင့်တင်းဆုံး ပွဲထွက်လူစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။