ၾသဂုတ္လရဲ႕ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာဆုကို လီဗာပူးအသင္းနည္းျပ ယာဂင္ကေလာ့ပ္က ရရွိသြားပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးအသင္းကို ေလးပြဲကစား ေလးပြဲႏုိင္ရလဒ္ ထြက္ေပၚေအာင္ ဦးေဆာင္ေပးခဲ့တာပါ။

ႏိုင္ငံတကာသီတင္းပတ္ကာ မဲလ္၀ုဒ္မွာ ေလ့က်င့္ေရး လာဆင္းၾကတဲ့ အကယ္ဒမီ ကစားသမားေတြထဲက လူငယ္ ကစားသမား လိုက္တန္ ကလပ္ဆန္ ဟာ စီနီယာအသင္း နည္းျပအဖြဲ႕၀င္ေတြ အထင္ၾကီးေလာက္ဖြယ္ ေျခစြမ္းျပသခဲ့ပါတယ္။

အသက္ ၁၇ႏွစ္အ႐ြယ္ ကစားသမား ဟာ U18 အသင္း ကြင္းလယ္မွာ အဓိကေနရာက ပါဝင္ခဲ့ၿပီး ဆာလက္၊ မာေနးတို႔နဲ႔အတူ တြဲလုပ္တာက ဆယ္​ေက်ာ္သက္ ကစားသမား အတြက္ အက်ိဳးရွိေၾကာင္း လီဗာပူး လက္ေထာက္နည္းျပ Pep Lijnders က ေျပာဆိုခဲ့ပါတယ္။

နာပိုလီနဲ႕ ခ်န္ပီယံလိဂ္ အေ၀းကြင္းပြဲစဥ္ လိုက္ပါအားေပးမယ့္ လီဗာပူးပရိသတ္ေတြ အေနနဲ႕ တည္းခိုရာ ဟိုတယ္ကေန အျပင္ထြက္ လည္ပတ္ခ်ိန္မွာ ေဒသစည္းကမ္းေတြကို လိုက္နာၾကဖို႔ လီဗာပူးအသင္းဘက္က အသိေပးထားပါတယ္။ ဒီပြဲစဥ္အတြက္ လီဗာပူး ပရိသတ္ ၂၅၅၈ ေယာက္ လိုက္ပါအားေပးမယ္လို႔ သိရပါတယ္။

လီဗာပူး တိုက္စစ္သမား အဒမ္လယ္လာနာက ဘာစီလိုနာ ကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္းရဲ႕ ဗီဒီယုိေတြကို ၾကည့္ရင္း ဒီေဂ်ာင္းနဲ႕ လီဗာပူး အသင္းေဖာ္ ဖာဘင္ညိဳ တုိ႕ ကြင္းလယ္ နံပါတ္ ၆ ေနရာမွာ အေကာင္းဆံုး အံ၀င္ေအာင္ ကစားခဲ့ပံုေတြ နားလည္လာခဲ့တယ္လို႔ ဖြင့္ဟသြားပါတယ္။

လီဗာပူးနဲ႔ နယူးကာဆယ္ ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” လီဗာပူးရဲ႕ ေျခစြမ္းဟာ အရမ္းကို ေကာင္းမြန္ေနျပီး နယူးကာဆယ္ ရင္ဆိုင္ထားရသမွ် အသင္းေတြထက္ တိုက္စစ္ပိုင္း ပိုထက္ျမက္မွဳရွိပါတယ္။ ဒီပြဲကို အိမ္ရွင္တို႔ပဲ ဂိုးျပန္ရလဒ္နဲ႔ အႏိုင္ရသြားမွာပါ ” လို႔ ခန္႔မွန္းခဲ့ပါတယ္။

လယ္လာနာက ဒီရာသီ ေနာ၀စ္နဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ လံုး၀ ပါ၀င္ခြင့္ မရခဲ့တာအတြက္ အံ့အားသင့္ခဲ့မိေၾကာင္းလည္း ၀န္ခံခဲ့ျပီး လာမယ့္ သီတင္းပတ္ေတြ မွာ အသင္းရဲ႕ အေရးပါတဲ့ေနရာကေန ျပန္လည္ ပါ၀င္ခြင့္ ရမယ္လို႔ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္။ လယ္လာနာ ဟာ ျပီးခဲ့တဲ့ နွစ္ရာသီလံုး ဒဏ္ရာ ျပသနာေတြေၾကာင့္ ရုန္းကန္ခဲ့ရသူ ျဖစ္ျပီး ဒီရာသီမွာေတာ့ နွစ္ပြဲသာ လူစား၀င္ ကစားခြင့္ ရထားခဲ့ပါတယ္။

လီဗာပူးဟာ နာပိုလီနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ စပိန္သား ကြင္းလယ္လူငယ္ ေဖဘီယန္ ရုဇ္ ကို အနီးကပ္ ေစာင့္ၾကည့္ ေလ့လာဖို႔ ၾကံရြယ္ေနပါတယ္။ ၄င္းကို ေခၚယူဖို႔ ရီးရဲလ္၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္ စတဲ့ ဥေရာပထိပ္သီးကလပ္ေတြ စိတ္၀င္စားေနျပီး လီဗာပူးကပါ ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ သီတင္းပတ္ အတြင္း မဲဝုဒ္မွာ ပါဝင္ခဲ့တဲ့ စီနီယာ ကစားသမားေတြထဲမွာ မာတစ္၊ လယ္လာနာ၊ ရွာကြီရီနဲ႔ အတ္ဒရီယန္တို႔လဲ ရွိပါတယ္။ အဲ့ဒီ့ ေလ့က်င့္ေရး ႏွစ္ရက္အတြင္း counter-pressing rondo, identity game, organized chaos နဲ႔ high-intensity အစရွိသျဖင့္ အထူးေလ့က်င့္ခန္းေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။

Myan News

UNICODE – သြဂုတ်လရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆုကို လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ရရှိသွားပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းကို လေးပွဲကစား လေးပွဲနိုင်ရလဒ် ထွက်ပေါ်အောင် ဦးဆောင်ပေးခဲ့တာပါ။

နိုင်ငံတကာသီတင်းပတ်ကာ မဲလ်ဝုဒ်မှာ လေ့ကျင့်ရေး လာဆင်းကြတဲ့ အကယ်ဒမီ ကစားသမားတွေထဲက လူငယ် ကစားသမား လိုက်တန် ကလပ်ဆန် ဟာ စီနီယာအသင်း နည်းပြအဖွဲ့ဝင်တွေ အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြသခဲ့ပါတယ်။

အသက် ၁၇နှစ်အရွယ် ကစားသမား ဟာ U18 အသင်း ကွင်းလယ်မှာ အဓိကနေရာက ပါဝင်ခဲ့ပြီး ဆာလက်၊ မာနေးတို့နဲ့အတူ တွဲလုပ်တာက ဆယ်ကျော်သက် ကစားသမား အတွက် အကျိုးရှိကြောင်း လီဗာပူး လက်ထောက်နည်းပြ Pep Lijnders က ပြောဆိုခဲ့ပါတယ်။

နာပိုလီနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် လိုက်ပါအားပေးမယ့် လီဗာပူးပရိသတ်တွေ အနေနဲ့ တည်းခိုရာ ဟိုတယ်ကနေ အပြင်ထွက် လည်ပတ်ချိန်မှာ ဒေသစည်းကမ်းတွေကို လိုက်နာကြဖို့ လီဗာပူးအသင်းဘက်က အသိပေးထားပါတယ်။ ဒီပွဲစဉ်အတွက် လီဗာပူး ပရိသတ် ၂၅၅၈ ယောက် လိုက်ပါအားပေးမယ်လို့ သိရပါတယ်။

လီဗာပူး တိုက်စစ်သမား အဒမ်လယ်လာနာက ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်းရဲ့ ဗီဒီယိုတွေကို ကြည့်ရင်း ဒီဂျောင်းနဲ့ လီဗာပူး အသင်းဖော် ဖာဘင်ညို တို့ ကွင်းလယ် နံပါတ် ၆ နေရာမှာ အကောင်းဆုံး အံဝင်အောင် ကစားခဲ့ပုံတွေ နားလည်လာခဲ့တယ်လို့ ဖွင့်ဟသွားပါတယ်။

လီဗာပူးနဲ့ နယူးကာဆယ် ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” လီဗာပူးရဲ့ ခြေစွမ်းဟာ အရမ်းကို ကောင်းမွန်နေပြီး နယူးကာဆယ် ရင်ဆိုင်ထားရသမျှ အသင်းတွေထက် တိုက်စစ်ပိုင်း ပိုထက်မြက်မှုရှိပါတယ်။ ဒီပွဲကို အိမ်ရှင်တို့ပဲ ဂိုးပြန်ရလဒ်နဲ့ အနိုင်ရသွားမှာပါ ” လို့ ခန့်မှန်းခဲ့ပါတယ်။

လယ်လာနာက ဒီရာသီ နောဝစ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လုံး၀ ပါဝင်ခွင့် မရခဲ့တာအတွက် အံ့အားသင့်ခဲ့မိကြောင်းလည်း ဝန်ခံခဲ့ပြီး လာမယ့် သီတင်းပတ်တွေ မှာ အသင်းရဲ့ အရေးပါတဲ့နေရာကနေ ပြန်လည် ပါဝင်ခွင့် ရမယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ လယ်လာနာ ဟာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး ဒဏ်ရာ ပြသနာတွေကြောင့် ရုန်းကန်ခဲ့ရသူ ဖြစ်ပြီး ဒီရာသီမှာတော့ နှစ်ပွဲသာ လူစားဝင် ကစားခွင့် ရထားခဲ့ပါတယ်။

လီဗာပူးဟာ နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပိန်သား ကွင်းလယ်လူငယ် ဖေဘီယန် ရုဇ် ကို အနီးကပ် စောင့်ကြည့် လေ့လာဖို့ ကြံရွယ်နေပါတယ်။ ၎င်းကို ခေါ်ယူဖို့ ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားနေပြီး လီဗာပူးကပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ် အတွင်း မဲဝုဒ်မှာ ပါဝင်ခဲ့တဲ့ စီနီယာ ကစားသမားတွေထဲမှာ မာတစ်၊ လယ်လာနာ၊ ရှာကွီရီနဲ့ အတ်ဒရီယန်တို့လဲ ရှိပါတယ်။ အဲ့ဒီ့ လေ့ကျင့်ရေး နှစ်ရက်အတွင်း counter-pressing rondo, identity game, organized chaos နဲ့ high-intensity အစရှိသဖြင့် အထူးလေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။