အာဆင္နယ္ အစြန္လူေတြျဖစ္တဲ့ ဘယ္လာရင္နဲ႔ တီရာေနးတို႔ဟာ ဒဏ္ရာကေန ျပန္သက္သာလာေနျပီျဖစ္ျပီး ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္မႈေတြ လုပ္လာေနၾကျပီျဖစ္ပါတယ္။

ဘယ္လာရင္ဟာ ဇန္နဝါရီမွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး သူ႔ရဲ႕ ACL ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူေနခဲ့ရတာပါ။ တီရာေနးကေတာ့ ဆဲလ္တစ္မွာ ဒဏ္ရာရေနခဲ့တာျဖစ္ျပီး ျပန္လည္သက္သာလာဖို႔ ခြဲစိတ္မႈ ႏွစ္ၾကိမ္ ျပဳလုပ္ထားခဲ့ရတာျဖစ္တယ္။ အစြန္သမား ႏွစ္ဦးလံုးက ပြဲထြက္ကစားေပးဖို႔ အဆင္သင့္ ျဖစ္လာေနပါျပီ။

လက္ရွိ ညာအစြန္မွာ မစ္လန္ေနး ကစားေနေပမယ့္ သူဟာ ကြင္းလယ္လူျဖစ္ျပီး အစြန္လူမရွိတဲ့ အေနအထားမွာ ျဖည့္ကစားေပးေနတာျဖစ္တယ္။ ဘယ္အစြန္မွာေတာ့ ကိုလာစီနက္က တိုက္စစ္လိုက္မႈ ေကာင္းမြန္ေပမယ့္လို႔ ခံစစ္ကာကြယ္မႈမွာ လိုအပ္ခ်က္ေတြ ရွိေနသူျဖစ္တယ္။

အာဆင္နယ္ဟာ တိုက္စစ္ပိုင္း ေကာင္းမြန္မႈရွိသလို ဂိုးသမား လီႏိုကလည္း ထိပ္တန္း လက္စြမ္းေတြကို ျပသလာေနျပီျဖစ္တယ္။ ကြင္းလယ္တန္းမွာေတာ့ ပရိသတ္ၾကိဳက္ ကစားသမားျဖစ္တဲ့ ေတာ္ရဲရားဟာ လာလီဂါကေန အငွားလာကစားေနတဲ့ ဆီဘယ္ေလာ့နဲ႔ တြဲဘက္ရမွာျဖစ္သလို ဂြမ္ေဒါင္ဇီနဲ႔ ရွာခါလို ကြင္းလယ္လူေတြလည္း ရွိေနပါတယ္။

ဘယ္လာရင္နဲ႔ တီရာေနးဟာ ဂန္းနားတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြျဖစ္ျပီး ဘယ္ညာ အစြန္ႏွစ္ဘက္ကို အတက္အဆင္း ညီညီလုပ္ႏုိင္ရင္ တိုက္စစ္က အူဘာ၊ လာကာ၊ ပီပီအတြဲအတြက္ ေကာင္းမြန္တဲ့ ပံ့ပိုးေပးမႈေတြ လုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ခံထားရတယ္။ သူတို႔ ပါဝင္လာမယ့္ လူစာရင္းကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

UNICODE

အာဆင်နယ် အစွန်လူတွေဖြစ်တဲ့ ဘယ်လာရင်နဲ့ တီရာနေးတို့ဟာ ဒဏ်ရာကနေ ပြန်သက်သာလာနေပြီဖြစ်ပြီး လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်မှုတွေ လုပ်လာနေကြပြီဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ဇန်နဝါရီမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့ရဲ့ ACL ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတာပါ။ တီရာနေးကတော့ ဆဲလ်တစ်မှာ ဒဏ်ရာရနေခဲ့တာဖြစ်ပြီး ပြန်လည်သက်သာလာဖို့ ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ထားခဲ့ရတာဖြစ်တယ်။ အစွန်သမား နှစ်ဦးလုံးက ပွဲထွက်ကစားပေးဖို့ အဆင်သင့် ဖြစ်လာနေပါပြီ။

လက်ရှိ ညာအစွန်မှာ မစ်လန်နေး ကစားနေပေမယ့် သူဟာ ကွင်းလယ်လူဖြစ်ပြီး အစွန်လူမရှိတဲ့ အနေအထားမှာ ဖြည့်ကစားပေးနေတာဖြစ်တယ်။ ဘယ်အစွန်မှာတော့ ကိုလာစီနက်က တိုက်စစ်လိုက်မှု ကောင်းမွန်ပေမယ့်လို့ ခံစစ်ကာကွယ်မှုမှာ လိုအပ်ချက်တွေ ရှိနေသူဖြစ်တယ်။

အာဆင်နယ်ဟာ တိုက်စစ်ပိုင်း ကောင်းမွန်မှုရှိသလို ဂိုးသမား လီနိုကလည်း ထိပ်တန်း လက်စွမ်းတွေကို ပြသလာနေပြီဖြစ်တယ်။ ကွင်းလယ်တန်းမှာတော့ ပရိသတ်ကြိုက် ကစားသမားဖြစ်တဲ့ တော်ရဲရားဟာ လာလီဂါကနေ အငှားလာကစားနေတဲ့ ဆီဘယ်လော့နဲ့ တွဲဘက်ရမှာဖြစ်သလို ဂွမ်ဒေါင်ဇီနဲ့ ရှာခါလို ကွင်းလယ်လူတွေလည်း ရှိနေပါတယ်။

ဘယ်လာရင်နဲ့ တီရာနေးဟာ ဂန်းနားတို့ရဲ့ မျှော်လင့်ချက်တွေဖြစ်ပြီး ဘယ်ညာ အစွန်နှစ်ဘက်ကို အတက်အဆင်း ညီညီလုပ်နိုင်ရင် တိုက်စစ်က အူဘာ၊ လာကာ၊ ပီပီအတွဲအတွက် ကောင်းမွန်တဲ့ ပံ့ပိုးပေးမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ခံထားရတယ်။ သူတို့ ပါဝင်လာမယ့် လူစာရင်းကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။