မာနေးဟာ အန်ဖီးကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄၉ ပွဲထိ အရှူံးမရှိထားတဲ့ တိုက်စစ်သမားပါ။ ဒါက ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုဖြစ်လာနေပြီး ဒီအပတ် နယူးကာဆယ်ကို အနိုင်ရမယ်ဆိုရင် သူဟာ လီဗာပူးကစားသမားဘဝ အိမ်ကွင်း ရှူံးပွဲမရှိတာ ပွဲ ၅၀ ပြည့်သွားတော့မှာပဲ ဖြစ်ပါတယ်။
မာနေးက အဆိုပါ မှတ်တမ်းကို ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ အသင်းဖော် ဆာလက်က အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ၄၁ ပွဲ အရှူံးမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါသေးတယ်။ ဒီပွဲကို အနိုင်ရမယ်ဆိုရင် ဆာလက်ကလည်း ချယ်ဆီးအသင်းသား အဲလက်စ်ရဲ့ အိမ်ကွင်း ရှူံးပွဲမရှိ ၄၁ ပွဲ စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်။
UNICODE
စပါးအိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ရလဒ် ထွက်ပေါ်အောင် ကြိုးစားဖူးတာကြောင့် ဒီအပတ် အန်ဖီးကို လာရောက် ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်ဟာ အကောင်းမြင်မှုတွေ ရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်လို့ စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက်ပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်သလို ပွဲထွက်လူစာရင်းမှာ ဘယ်တောင်ပံတိုက်စစ်ကို ဦးဆောင်လာမယ့် မာနေးကလည်း စံချိန်တစ်ခုကို ချိုးဖျက်နိုင်ဖွယ် ရှိလာနေတယ်။
မာနေးဟာ အန်ဖီးကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄၉ ပွဲထိ အရံှူးမရှိထားတဲ့ တိုက်စစ်သမားပါ။ ဒါက ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုဖြစ်လာနေပြီး ဒီအပတ် နယူးကာဆယ်ကို အနိုင်ရမယ်ဆိုရင် သူဟာ လီဗာပူးကစားသမားဘဝ အိမ်ကွင်း ရံှူးပွဲမရှိတာ ပွဲ ၅၀ ပြည့်သွားတော့မှာပဲ ဖြစ်ပါတယ်။
တကယ်တမ်းတော့ မာနေးဟာ ၂၀၁၅ ခုနှစ်တုန်းက အန်ဖီးကွင်းကို လာရောက်ခဲ့ပြီး စိန်အသင်းကို ကိုယ်စားပြုခဲ့စဉ်က ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့သေးတာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ အရံှူးမရှိတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တာက ပွဲ ၅၀ ရှိထားခဲ့ပြီဖြစ်တယ်။ ဒီတစ်ကြိမ် မှတ်တမ်းကတော့ ကလပ်တစ်သင်းအတွက် ကွင်းတစ်ခုတည်းမှာ အရံှူးမရှိတဲ့ စံချိန်ဖြစ်လာပါမယ်။
မာနေးက အဆိုပါ မှတ်တမ်းကို ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ အသင်းဖော် ဆာလက်က အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ၄၁ ပွဲ အရံှူးမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါသေးတယ်။ ဒီပွဲကို အနိုင်ရမယ်ဆိုရင် ဆာလက်ကလည်း ချယ်ဆီးအသင်းသား အဲလက်စ်ရဲ့ အိမ်ကွင်း ရံှူးပွဲမရှိ ၄၁ ပွဲ စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်။
မာနေး၊ ဆာလက်တို့နောက်မှာတော့ ချယ်ဆီးအသင်းသား အဲလက်စ် (၄၁ ပွဲ)၊ မန်ယူခံစစ်မှူး ဂျပ်စတန်း (၄၀ ပွဲ)၊ ချယ်ဆီးတောင်ပံလူဟောင်း ရော်ဘင် (၃၂ ပွဲ) တို့ပဲဖြစ်ပါတယ်။