ZAWGYI – ခ်ယ္ဆီးကေန ရီးရဲလ္မက္ဒရစ္ အသင္းထံ အသီးသီး ေျပာင္းေရႊ႕သြားၾကတဲ့ အီဒင္ဟာဇက္နဲ႕ ေကာ္တိုရစ္တို႔က ၄င္းတို႔ ခ်ယ္ဆီး အသင္းေဖာ္ေဟာင္း ကန္ေတကို ၄င္းတို႔ ရွိရာ ဘာေနဗ်ဴးသို႔ လာေရာက္ ပူးေပါင္းေစလိုေနၾကပါတယ္။ ဘယ္လ္ဂ်ီယံသား နွစ္ေယာက္မွာ ေကာ္တိုရစ္က ၂၀၁၈၊ ဟာဇက္ က ၂၀၁၉ မွာ အသီးသီး ရီးရဲလ္သို႔ ေျပာင္းသြားခဲ့ၾကတာပါ။

ေကာ္တိုရစ္နဲ႕ ဟာဇက္တို႔ဟာ ကန္ေတက ဇီဒန္းရဲ႕ ဦးစားေပး ပစ္မွတ္ ျဖစ္သင့္ျပီး၊ ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာ မျဖစ္သင့္ဘူးလို႔ သေဘာခ်င္းညီစြာ ယူဆထားၾကာက ၄င္းတို႔ မိတ္ေဆြေတြကို ဖြင့္ဟေျပာၾကားထားတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ဟာ အမွန္တကယ္ အင္အားျဖည့္ဖို႔ လိုအပ္ေနျပီး နည္းျပ ဇီဒန္းကလည္း ေစ်းကြက္ထဲမွာ ရွာေဖြေနပါတယ္။ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕မွာ ယူရို သန္း ၃၀၀ ေက်ာ္ေအာင္ ရီးရဲလ္က သံုးစြဲခဲ့ေပမယ့္ ဟာဇက္၊ လူကာဂ်ိဳဗစ္တို႔လို႔ တိုက္စစ္သမားေတြသာ ေခၚယူျဖစ္ခဲ့တာပါ။ ရီးရဲလ္ေခၚခဲ့တဲ့ ကြင္းလယ္ နွစ္ယာက္မွာလည္း akefusa Kubo နဲ႕ Alberto Soro ဟာ အသီးသီး အငွား ထြက္ ကစားေနၾကျပီ ျဖစ္ပါတယ္။

ဒါၾကာင့္ ဇီဒန္းဟာ လူကာမိုဒရစ္ကို ဆက္လက္ မွီခိုေနရျပီး အသကသ္ ၃၄ နွစ္အရြယ္ ကစားသမားေနရာ ဆက္ခံအစားထိုးမယ့္သူ အမွန္တကယ္ လိုအပ္ေနပါတယ္။ ရီးရဲလ္က မန္ယူကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ေသးပါဘူး။

အသက္ ၂၈ နွစ္အရြယ္ ခ်ယ္ဆီးကြင္းလယ္ကစားသမား ကန္ေတကေတာ့ တည္ျငိမ္တဲ့ ေျခစြမ္း ရွိျပီး လုပ္အားနႈန္းေကာင္းတဲ့ ကစားသမား အျဖစ္ နာမည္ေကာင္းလည္း ရွိသူပါ။ ဒါေပမယ့္ ခ်ယ္ဆီးကေတာ့ သူတို႔ အားထားရတဲ့ ကန္ေတကို လြယ္လြယ္ လက္လႊတ္မွာ မဟုတ္ဘဲ ျပင္သစ္သားရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၂ မွ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

Myan News

UNICODE – ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ အသီးသီး ပြောင်းရွှေ့သွားကြတဲ့ အီဒင်ဟာဇက်နဲ့ ကော်တိုရစ်တို့က ၎င်းတို့ ချယ်ဆီး အသင်းဖော်ဟောင်း ကန်တေကို ၎င်းတို့ ရှိရာ ဘာနေဗျူးသို့ လာရောက် ပူးပေါင်းစေလိုနေကြပါတယ်။ ဘယ်လ်ဂျီယံသား နှစ်ယောက်မှာ ကော်တိုရစ်က ၂၀၁၈၊ ဟာဇက် က ၂၀၁၉ မှာ အသီးသီး ရီးရဲလ်သို့ ပြောင်းသွားခဲ့ကြတာပါ။

ကော်တိုရစ်နဲ့ ဟာဇက်တို့ဟာ ကန်တေက ဇီဒန်းရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်သင့်ပြီး၊ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာ မဖြစ်သင့်ဘူးလို့ သဘောချင်းညီစွာ ယူဆထားကြာက ၎င်းတို့ မိတ်ဆွေတွေကို ဖွင့်ဟပြောကြားထားတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဟာ အမှန်တကယ် အင်အားဖြည့်ဖို့ လိုအပ်နေပြီး နည်းပြ ဇီဒန်းကလည်း ဈေးကွက်ထဲမှာ ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူရို သန်း ၃၀၀ ကျော်အောင် ရီးရဲလ်က သုံးစွဲခဲ့ပေမယ့် ဟာဇက်၊ လူကာဂျိုဗစ်တို့လို့ တိုက်စစ်သမားတွေသာ ခေါ်ယူဖြစ်ခဲ့တာပါ။ ရီးရဲလ်ခေါ်ခဲ့တဲ့ ကွင်းလယ် နှစ်ယာက်မှာလည်း akefusa Kubo နဲ့ Alberto Soro ဟာ အသီးသီး အငှား ထွက် ကစားနေကြပြီ ဖြစ်ပါတယ်။

ဒါကြာင့် ဇီဒန်းဟာ လူကာမိုဒရစ်ကို ဆက်လက် မှီခိုနေရပြီး အသကသ် ၃၄ နှစ်အရွယ် ကစားသမားနေရာ ဆက်ခံအစားထိုးမယ့်သူ အမှန်တကယ် လိုအပ်နေပါတယ်။ ရီးရဲလ်က မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။

အသက် ၂၈ နှစ်အရွယ် ချယ်ဆီးကွင်းလယ်ကစားသမား ကန်တေကတော့ တည်ငြိမ်တဲ့ ခြေစွမ်း ရှိပြီး လုပ်အားနှုန်းကောင်းတဲ့ ကစားသမား အဖြစ် နာမည်ကောင်းလည်း ရှိသူပါ။ ဒါပေမယ့် ချယ်ဆီးကတော့ သူတို့ အားထားရတဲ့ ကန်တေကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ဘဲ ပြင်သစ်သားရဲ့ လက်ရှိစာချုပ်က ၂၀၂၂ မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Myan News