ZAWGYI – မန္ခ်က္စတာ ယူနိုက္တက္ဟာ လက္စတာနဲ႕ ပြဲမတိုင္ခင္မွာပဲ ဒဏ္ရာျပသနာဆိုးေတြ ရင္ဆိုင္ေနရျပီး အခ်ိဳ႕ ကစားသမားေတြကလည္း စေနေန႔ပြဲ မတိုင္ခင္မွာ ၾကံ႕ခိုင္မႈစစ္ေဆးကာ ကစားခြင့္အတြက္ ဆံုးျဖတ္ရဖြယ္ ရွိေနပါတယ္။

ေပါ့ဘာ၊ မာရွယ္၊ လုခ္ေရွာတို႔ သံုးဦးက လက္စတာနဲ႕ပြဲ ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ျပီး ၀မ္ ဘစ္ဆာကာနဲ႕ လင္ဂတ္တို႔ကေတာ့ ပြဲနီးမွာ ၾကံ႕ခိုင္မႈ ထပ္မံ စစ္ေဆးကာ ကစားလို႔ ရမရ ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ ဒါေလာ့နဲ႕ အဲရစ္ ဘိုင္လီတို႔ကလည္း ပါ၀င္ကစားနုိင္မွာ မဟုတ္တာေၾကာင့္ အေရးပါတဲ့ ပြဲ မတိုင္ခင္မွာ ဆိုးရွားတစ္ေယာက္ အၾကပ္ရိုက္ေနပါတယ္။

” အသင္းေဆးကုခန္းကေတာ့ ေလာေလာဆယ္ ေတာ္ေတာ္ အလုပ္မ်ားေနတာပါ။ ဘယ္သူ ပါ၀င္ကစားနုိင္မလဲေတာင္ ေသခ်ာ မေျပာနုိင္ ေသးပါဘူး။ ေအရြန္ (၀မ္ဘစ္ဆာကာ)၊ ဂ်က္ဆီ (လင္ဂတ္)တို႔ ကစားေကငာ္း ကစားနုိင္မယ္ ထင္တယ္။ ဒါေပမယ့္ သူတို႔နွစ္ေယာက္လံုး ပါ၀င္နုိင္မယ္လည္း က်ေနာ္ အာမ မခံနုိင္ဘူး။ ”

” ေပါ့ဘာကေတာ့ မေန႔ကေန ဒီေန႔ ညတြင္းခ်င္း အံ့ၾသေလာက္ဖြယ္ သက္သာလာရင္ေတာ့ တမ်ိဳးေပါ့.. ဒီပံုစံအတိုင္းဆို ကစားနုိင္ဖို႔ မရွိပါဘူး။ ေလ့က်င့္ေရးမွာေတာင္ ရာနႈန္းျပည့္ မလုပ္နုိင္ေသးဘူး။ ေနာက္တစ္ပတ္ ၀က္စ္၀မ္းနဲ႕ပြဲမွာ ေပါ့ဘာနဲ႕ မာရွယ္ ပါ၀င္နိုင္မယ္ထင္ပါတယ္။ ” လို႔ ဆိုးရွားက ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။

မ်ားျပားေနတဲ့ ဒဏ္ရာရ ကစားသမားေတြေၾကာင့္ မန္ယူ ကြင္းလယ္မွာ မာတစ္ ပါ၀င္လာဖြယ္ ရွိျပီး ရိုဂ်ိဳကလည္း ဘယ္စြန္ ခံစစ္ကေန ပါ၀င္လာကာ ဂရင္း၀ုဒ္လည္း တိုက္စစ္မွာ အခြင့္အေရး ရဖြယ္ ရွိပါတယ္။

Myan News

UNICODE – မန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာနဲ့ ပွဲမတိုင်ခင်မှာပဲ ဒဏ်ရာပြသနာဆိုးတွေ ရင်ဆိုင်နေရပြီး အချို့ ကစားသမားတွေကလည်း စနေနေ့ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်မှုစစ်ဆေးကာ ကစားခွင့်အတွက် ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။

ပေါ့ဘာ၊ မာရှယ်၊ လုခ်ရှောတို့ သုံးဦးက လက်စတာနဲ့ပွဲ သေချာပေါက် လွဲချော်မှာ ဖြစ်ပြီး ဝမ် ဘစ်ဆာကာနဲ့ လင်ဂတ်တို့ကတော့ ပွဲနီးမှာ ကြံ့ခိုင်မှု ထပ်မံ စစ်ဆေးကာ ကစားလို့ ရမရ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါလော့နဲ့ အဲရစ် ဘိုင်လီတို့ကလည်း ပါဝင်ကစားနိုင်မှာ မဟုတ်တာကြောင့် အရေးပါတဲ့ ပွဲ မတိုင်ခင်မှာ ဆိုးရှားတစ်ယောက် အကြပ်ရိုက်နေပါတယ်။

” အသင်းဆေးကုခန်းကတော့ လောလောဆယ် တော်တော် အလုပ်များနေတာပါ။ ဘယ်သူ ပါဝင်ကစားနိုင်မလဲတောင် သေချာ မပြောနိုင် သေးပါဘူး။ အေရွန် (ဝမ်ဘစ်ဆာကာ)၊ ဂျက်ဆီ (လင်ဂတ်)တို့ ကစားကေငာ်း ကစားနိုင်မယ် ထင်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ပါဝင်နိုင်မယ်လည်း ကျနော် အာမ မခံနိုင်ဘူး။ ”

” ပေါ့ဘာကတော့ မနေ့ကနေ ဒီနေ့ ညတွင်းချင်း အံ့သြလောက်ဖွယ် သက်သာလာရင်တော့ တမျိုးပေါ့.. ဒီပုံစံအတိုင်းဆို ကစားနိုင်ဖို့ မရှိပါဘူး။ လေ့ကျင့်ရေးမှာတောင် ရာနှုန်းပြည့် မလုပ်နိုင်သေးဘူး။ နောက်တစ်ပတ် ဝက်စ်ဝမ်းနဲ့ပွဲမှာ ပေါ့ဘာနဲ့ မာရှယ် ပါဝင်နိုင်မယ်ထင်ပါတယ်။ ” လို့ ဆိုးရှားက ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

များပြားနေတဲ့ ဒဏ်ရာရ ကစားသမားတွေကြောင့် မန်ယူ ကွင်းလယ်မှာ မာတစ် ပါဝင်လာဖွယ် ရှိပြီး ရိုဂျိုကလည်း ဘယ်စွန် ခံစစ်ကနေ ပါဝင်လာကာ ဂရင်းဝုဒ်လည်း တိုက်စစ်မှာ အခွင့်အရေး ရဖွယ် ရှိပါတယ်။

Myan News