



ဝက်ဖို့ဒ် Vs အာဆင်နယ်


UNICODE

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ ဝတ်ဖိုဒ့်ပွုကိုတော့ ဒီရာသီ အာဆင်နယ်ပွဲတွေကို ဒုတိယမြောက်အဖြစ် ကွင်းလယ်ဒိုင် အန်တိုနီသေလာက ကိုင်တွယ်မှာဖြစ်ပါတယ်။

၎င်းဟာ လီဗာပူးနဲ့ အာဆင်နယ်ပွဲကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပြီး နောက်ဆုံး ၅ ပွဲအတွင်း အဝါကဒ် ၃၀ နဲ့ အနီကဒ် ၂ ကြိမ် ပြသခဲ့သူဖြစ်တယ်။ သူဟာ နှစ်ဝါတစ်နီပေးရတာကို နှစ်သက်သူဖြစ်ပြီး သူပေးခဲ့တဲ့ အနီကဒ်ပြစ်ဒဏ်တွေက နှစ်ဝါ တစ်နီ ပြစ်ဒဏ်တွေဖြစ်ပါတယ်။

မနှစ်တုန်းက အာဆင်နယ်ပွဲတွေကို ကိုင်တွယ်ရာမှာ အဝါကဒ် ၃၀ နဲ့ အနီကဒ် တစ်ကြိမ် ပြသခဲ့သူဖြစ်တယ်။ သေလာဟာ အာဆင်နယ်ဘက်ကို အဝါကဒ် ၁၆ ကြိမ် ပြခဲ့ပြီး ပြိုင်ဘက်အသင်းတွေထံ ၁၄ ကြိမ် ပြသခဲ့ဖူးသူဖြစ်တယ်။ အဆိုပါ ရာသီ မတိုင်ခင်မှာ အာဆင်နယ်ပွဲ လေးပွဲ ကိုင်တွယ်ခဲ့စဉ်ကလည်း အဝါကဒ် ၁၀ ကဒ် ပြသရာမှာ အာဆင်နယ်ဘက်ကကို ၄ ကြိမ် ပြသခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက အာဆင်နယ်ပွဲ သုံးပွဲ ကိုင်တွယ်ခဲ့ပြီး အဝါကဒ် ၁၅ ကဒ် အနီကဒ် တစ်ကဒ် ပြသရာမှာ အာဆင်နယ်ဘက်ကို အဝါကဒ် ၈ ကြိမ်ထိ ပြသခဲ့သူဖြစ်ပါတယ်။ သေလာဟာ ပြစ်ဒဏ်ချမှု အများအပြား လုပ်တတ်သူလို့ ကျော်ကြားပြီး ယှဉ်ပြိုင်တဲ့ နှစ်သင်းလုံးကို ကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်တတ်သူလို့ နာမည်ကြီးပါတယ်။

ဝက်ဖို့ဒ် Vs အာဆင်နယ်
စက်တင်ဘာ ၁၅၊ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ

Referee: Anthony Taylor. Assistants: Gary Beswick, Adam Nunn. Fourth official: Peter Bankes.
VAR: Chris Kavanagh. Assistant VAR: Daniel Cook.