Date

November 14, 2019

ယူနိုက်တက်နဲ့အတူ သူလုပ်နိုင်လိုတဲ့ ကိစ္စကြီး နှစ်ခုကို ဖရက် ဖွင့်ဟ

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်က ခက်ခဲတဲ့ ယူနိုက်တက်အသင်းသားဘ၀ အစဦး ပိုင်ဆိုင်ခဲ့သော်လည်း အသင်း မန်နေဂျာ ဆိုးရှားက ယုံကြည်မှု အပြည့်ထားကာ အခွင့်အရေးပေးခဲ့ခြင်း အကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။ အသက် ၂၆ နှစ် အရွယ် ဘရာဇီးသားကို ယူနိုက်တက်ဟာ ရှက်တာဒိုးနက်အသင်းထံကနေ ပေါင် ၅၂ သန်း သုံးကာ ခေါ်ယူခဲ့ပါတယ်။ ၎င်းကို ကွင်းလယ်မှာ အစွမ်းပြနိုင်မယ်လို့ မျှော်လင့်ခဲ့ကြသော်လည်း မော်ရင်ညို ရှိစဉ် ယူနိုက်တက် ကစားသမားဘ၀ အစပိုင်းမှာ ဖရက်က အစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာပါ။… Continue Reading →

မန်စီးတီးပွဲကြိုမှာ အက်ဖ်အေထံကနေ ကံကောင်းခြင်းလက်ဆောင်ကို ရရှိသွားတဲ့ ချယ်ဆီး

မန်စီးတီးနဲ့ ချယ်ဆီးပွဲကြိုမှာ လန်ဒန်ကလပ်အတွက် သတင်းကောင်းတစ်ခုကတော့ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဘာနာတိုဟာ အက်ဖ်အေရဲ့ အပြစ်ပေးမှုကို ခံရမှာဖြစ်ပြီး တစ်ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရပြီဖြစ်ပါတယ်။ စက်တင်ဘာလ အကုန်မှာတုန်းက မန်စီးတီးကစားသမား ဘာနာတိုဟာ အသင်းဖော်ဖြစ်တဲ့ မန်ဒီကို လူမှုကွန်ယက်ကနေ လူမျိုးရွေးခွဲခြားမှုဖြစ်ခဲ့ပြီး ကစားသမားဘက်က မရည်ရွယ်တဲ့ အဆိုပါဖြစ်ရပ်ဟာ FA Rule E3 နဲ့ ညိခဲ့တဲ့အတွက် အက်ဖ်အေက တစ်ပွဲပယ် ပြစ်ဒဏ်နဲ့အတူ ဒဏ်ငွေ ပေါင် ၅၀၀၀၀ ပေးဆောင်ဖို့ကို ပြစ်ဒဏ်ချခဲ့ပြီဖြစ်ပါတယ်။ လူမှုကွန်ယက်က စကားလုံး အသုံးအနှုန်းမှာ ပစ်ချက်ညိခဲ့တာဖြစ်ပြီး… Continue Reading →

ချယ်ဆီးက သူ့ကို စိတ်ဝင်စားနေပါတယ်လို့ ထုတ်ပြောလာတဲ့ အာဂျင်တီးနားတိုက်စစ်သမား

အာဂျင်တီးနား လူငယ်တိုက်စစ်သမား Matias Godoy က လန်ဒန်အခြေစိုက် ချယ်ဆီးအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စောင့်ကြည့်ခြေရာခံမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်လို့ ထုတ်ပြောလာပါတယ်။ လက်ရှိ ယူ-၁၇ ကမ္ဘာဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ကစားသမားကို ချယ်ဆီးဘက်က လိုက်လံ ခြေရာကောက်နေတာဖြစ်ပြီး ကလပ်အသင်းထံ ပေါင် ၃ သန်းပေးပြီး ခေါ်ယူမယ်လို့ အီတလီသတင်းထောက်ဖြစ်တဲ့ Nicolo Schria က စတင်ကာ ထုတ်ဖော်ခဲ့တာဖြစ်တယ်။ Atletico Rafaela… Continue Reading →

ဒီနှစ်က လီဗာပူးနှစ်ဖြစ်မယ့် အဓိက အကြောင်းရင်းကို ထောက်ပြလိုက်တဲ့ ပေါမာဆန်

စကိုင်းရဲ့ အားကစားသုံးသပ်သူ ပေါမာဆန်ကတော့ ဒီနှစ်ဟာ လီဗာပူးနှစ်ဖြစ်လာမှာဖြစ်ပြီး ပြိုင်ဘက် မန်စီးတီးက လီဗာပူးကို ဘယ်လိုမှ လိုက်မှီဖွယ် မရှိပါဘူးလို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ ပေါ့မာဆန်ကတော့ လီဗာပူးရဲ့ နောက်ဆုံး ၅၁ ပွဲမှာ ရံှူးပွဲ ၁ ပွဲပဲ ရှိထားတာကို ထောက်ပြခဲ့ပြီး လက်ရှိ ခြေစွမ်းအရ လီဗာပူးက အသင်းငယ်တွေကိုလည်း အနိုင်ယူတတ်ကာ ထိပ်တန်းအသင်းကြီးတွေနဲ့လည်း ရလဒ်ကောင်းတွေကို ရယူနိုင်တာကြောင့် ခြေချော်မှုတွေ ဆက်တိုက် ဖြစ်သွားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ပေါမာဆန်က ပြောရာမှာ ‘… Continue Reading →

ဆောင်းပါး – လီဗာပူးရဲ့ ဗန်ဒိုက်လက်သစ်လား (သို့) ထရန့်လက်သစ် ဖြစ်လာမယ့် ကြယ်ပွင့်လား

ယူ-၁၇ ကမ္ဘာဖလားပြိုင်ပွဲကို ဘရာဇီးမှာ ကျင်းပနေတာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကြီးမှာ တောက်ပတဲ့ လူငယ်ကြယ်ပွင့်တွေ ခြေစွမ်းပြနေကြတယ်။ လီဗာပူးအတွက် စိတ်ချမ်းသာစရာသတင်းကတော့ ကလပ်ရဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့ နယ်သာလန်ခံစစ်သမားလေး ဟိုဗာကလည်း သက်တမ်းအလိုက် အမြင့်ဆုံးအဆင့် ပြိုင်ပွဲမှာ ခြေစွမ်း မီးတောက်နေပါတယ်။ လီဗာပူးခံစစ်သမာဟာ အခုမှ အသက် ၁၇ နှစ်ပဲ ရှိသေးသူပါ။ သူ့ရဲ့ ကစားသမားဘဝကို အခုမှ စတင်နေတာဖြစ်ပြီး တိုးတက်မှုတွေ ရှာဖွေနေဆဲပါ။ ဟိုဗာက သူ့ရဲ့ အကောင်းဆုံး ကစားရမယ့် နေရာက ဘယ်နေရာဆိုတာတောင် သိသေးတာ မဟုတ်ပါဘူး။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!