Date

November 14, 2019

ဒဏ်ရာအခြေအနေ တိုးတက်မှုကို အကြောင်းပြန်မှုတစ်ရပ် လုပ်သွားတဲ့ တော်မီနေး

ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးက သူအမြန်ဆုံး ပြန်သက်သာလာဖို့ ကြိုးစားမယ်ဆိုတဲ့ အကြောင်းကို ယူနိုက်တက်ပရိသတ်တွေကို ထုတ်ပြောမှု လုပ်သွားခဲ့ပါတယ်။ ဒီရာသီမှာ မန်နေဂျာဆိုးရှားရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ တော်မီနေးဟာ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာရခ့ခြင်းဖြစ်တယ်။ သူ့ကို ကွင်းထဲကနေပြီး ကလပ်အသင်း တာဝန်ရှိသူတွေက ခေါ်ထုတ်ခဲ့ရကာ ကစားသမားလေးဟာ နိုင်ငံတကာသီတင်းပတ်အတွင်း စကော်တလန် လူစာရင်းကနေပါ နုတ်ထွက်သွားခဲ့ရပါတယ်။ ယူနိုက်တက်ဘက်က တရားဝင် သတင်းထုတ်ပြန်ချက် မလုပ်ပေးပေမယ့် ဒဏ်ရာကြောင့် တစ်လလောက်… Continue Reading →

ဆောင်းပါး – အမှတ်ပေးဖလားနဲ့ လက်တစ်ကမ်းမှာ ပြိုကွဲလေ့ရှိတဲ့ လီဗာပူးကို ကလော့ပ် တည်ဆောက်ပြခြင်း

လီဗာပူး နောက်ခံလူ ဗန်ဒိုက်က ပွဲကျပ်တဲ့ ခရစ္စမတ် ကာလအတွက် စိတ်ရောက်နေသလို အခုချိန် ဖလားပြိုင်ဆိုင်မှုမှာ ဦးဆောင်ထားနိူင်တာကို အောင်ပွဲခံဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။ မန်စီးတီး အပေါ် အနိုင်ရခဲ့တာကြောင့် လီဗာပူး ဟာ အဓိကပြိုင်ဘက်ကို ၉ မှတ် ဖြတ်ထားပြီး ဒုတိယနေရာက လက်စတာကို ၈မှတ် ဖြတ်ထားပါတယ်။ ဒါပေမယ့် ၁၂ ပွဲသာ ပြီးသေးတာကြောင့် လီဗာပူး က ဘယ်သူကမှ စီးတီးကို အနိုင်ရတဲ့အပေါ် ဖလားရသလို အောင်ပွဲခံဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။… Continue Reading →

လီဗာပူးနဲ့ ပွဲက ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်များ အပေါ် မန်စီးတီး ကန့်ကွက်စာ တင်

မန်ချက်စတာ စီးတီးအသင်းဟာ လီဗာပူးနဲ့ ပွဲစဉ်ကို ကိုင်တွယ်သွားတဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သတ်ပြီး တရားဝင် ကန့်ကွက်စာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာနဲ့ စီးတီးအသင်းသားတွေဟာ ထိုပွဲက အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များနဲ့ ပတ်သတ်ပြီး ဒေါသထွက်ခဲ့ကြကာ ပွဲစဉ်ကလည်း ၃-၁ နဲ့ မန်စီးတီး ရှုံးနိမ့်ခဲ့ပါတယ်။ ထိုပွဲမှာ အငြင်းပွားဆုံး ဖြစ်ရပ်ကတော့ ပွဲစပြီး ၁၀ မိနစ်လောက်မှာ ထရန့် အလက်ဇန်းဒါးအာနိုးရဲ့ လက်ထိဘော ဖြစ်ပြီး ထို ဖြစ်ရပ်နဲ့… Continue Reading →

လီဗာပူးရဲ့ အမေ့ခံမဟုတ်ပဲ ကလပ်နဲ့ အပတ်တိုင်း အဆက်အသွယ်ရှိတဲ့အကြောင်း ဝဲလ်ဆန် ဖွင့်ချ

အက်စတွန်ဗီလာ၊ မန်စီးတီး၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်ပွဲတွေမှာ ပရီးမီးယားလိဂ် သွင်းဂိုတွေ သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီဝဲလ်ဆန်က သူဟာ လီဗာပူးအသင်းနဲ့ အဆက်အသွယ်မပျက် ရှိနေသေးပြီး မန်နေဂျာရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ ကစားသမားဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက်နဲ့ ဖိအားကြီးတွေကို ကိုင်တွယ်ဖို့ မလုံလောက်သေးဘူးလို့ ယာဂင်ကလော့ပ်က ယူဆထားတာပါ။ သူ့ကို အတွေ့အကြုံအတွက် အငှားချခဲ့ပေမယ့် အပြီးသတ် အပြောင်းအရွှေ့တွေအတွက်တော့ လီဗာပူးက လက်မခံထားပါဘူး။ ဒါဟာ အနာဂတ်မှာ သူ့ကို နေရာတစ်နေရာပေးဖို့… Continue Reading →

လေ့ကျင့်ရေးမှ တိုမိုရီရဲ့ တိုးတက်မှုကို ချီးကျူးခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း

ယူရိုခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ပွဲ မတိုင်ခင် အင်္ဂလန်အသင်း လေ့ကျင့်ရေး အစီအစဉ်မှာ တောက်ပတဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ခံစစ်မှူး တိုမိုရီနဲ့ ပက်သက်ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ထုတ်ဖော်ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ မန်နေဂျာဆောက်ဂိတ်က နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်အသင်းသား ၂၇ ဦးစာရင်းမှာ တိုမိုရီကိုပါ ခေါ်ယူခဲ့တာပါ။ သူဟာ ချယ်ဆီးအသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာလည်း အထင်ကြီးလောက်တဲ့ ခြေစွမ်းထူးချွန်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။ မနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ အငှားသွားကစားခဲ့ပြီး… Continue Reading →

ဒီရာသီခံစစ်မှူးတွေ ခြေစွမ်းမကောင်းပေမယ့် အငှားချရာမှာ ကြွေတက်နေတဲ့ အာဆင်နယ်

မိခင်ကလပ်ဖြစ်တဲ့ အာဆင်နယ်အသင်းက ခံစစ်ပိုင်းမှာ ယိုပေါက်တွေများနေပေမယ့် ပြင်သစ်ကလပ် စိန့်အန်တီယန်မှာ အငှားထွက်ကစားနေတဲ့ လူငယ်ခံစစ်မှူးလေး ဆာလီဘာကတော့ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေပါတယ်။ နွေအပြောင်းအရွှေ့မှာ အာဆင်နယ်က ကစားသမားလေးကို ဈေးကောင်းပေး ခေါ်ယူခဲ့ပေမယ့် အသင်းကြိးမှာ ချက်ခြင်း နေရာပေးဖို့မဟုတ်ခဲ့ပဲ ပြင်သစ်ကလပ်ထံ တစ်ရာသီ အငှားပြန်ချပေးခဲ့တာပါ။ ပြင်သစ်လိဂ်မှာ ၁၃ ပွဲပဲ ကစားခဲ့ဖူးပြီး ၃ ကြိမ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ထားခဲ့တဲ့ ဆာဘီဘာအတွက် အာဆင်နယ်ဘက်က ပေါင် ၂၇ သန်း ပေးချေမှုက စိန်ခေါ်မှုများတဲ့ အပြောင်းအရွှေ့လည်း… Continue Reading →

အာဆင်နယ်ဂန္တဝင်ကို ဘုတ်အဖွဲ့ထဲထည့်ဖို့ကိစ္စအား လက်မခံပဲ တားဆီးသွားတဲ့ ဆမ်လီဟီး

ရာအူး ဆမ်လီဟီးက အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းနဲ့ ကလပ်အသင်း ဂန္တင်ဝင်ဖြစ်သူ David O’Leary ကို ကလပ်အသင်း ဘုတ်အဖွဲ့ထဲ ထည့်ဖို့ကိစ္စအား တားဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကလပ်အသင်း ဥက္ကဌဖြစ်သူ Sir Chips Keswick က ၂၀၁၄ ခုနှစ်ထဲက ကလပ်အသင်းရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် David O’Leary ကို ဘုတ်အဖွဲ့ထဲထည့်ဖို့ ထောက်ခံချက် ပေးခဲ့တာပါ။ ဒါပေမယ့်လို့ ဆမ်လီဟီက သဘောမတူပဲ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်လို့… Continue Reading →

ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်းဟာ ဆန်ချိုကို အပြိုင်လုဖို့ ဈေးကွက်အတွင်း ထိပ်တိုက်တွေ့မည်

အင်္ဂလန်သား ဒေါ့မွန်ကြယ်ပွင့် ကစားသမား ဂျော်ဒန် ဆန်ချိုက ဂျာမနီကနေ ထွက်ခွာဖို့ စိုင်ပြင်းလာပြီး ၎င်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြင် လီဗာပူးအသင်းပါ ပါဝင်လာတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။ ဆန်ချိုက ၂၀၁၇ သြဂုတ်လမှာ မန်စီးတီးအသင်းကနေ ဒေါ့မွန်သို့ ပြောင်းရွှေ့သွားတာ ဖြစ်ပြီး ဥရောပ အတောက်ပဆုံး လူငယ် ကြယ်ပွင့်တွေထဲ ပါဝင်သူ ဖြစ်ပါတယ်။ ၎င်းက ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်ရဲ့ အဓိက ကစားသမားတွေထဲလည်း ပါဝင်သူပါ။… Continue Reading →

မော်ရင်ညိုပြောတဲ့ ကလော့ပ် မရှိရင်တောင် လီဗာပူး ဆုဖလားတွေ ဆက်လက်စိန်ခေါ်နိုင်မယ့် အကြောင်းရင်း

ပရီးမီးယားလိဂ် မန်နေဂျာဟောင်း မော်ရင်ညိုက မန်စီးတီးနည်းတူပဲ လီဗာပူးဟာလည်း လက်ရှိ မန်နေဂျာ မရှိတော့ရင်တောင် နှစ်တွေအကြာကြီး အဓိက ပြိုင်ပွဲတွေကို လွှမ်းမိုးဖို့ တည်ဆောက်မှုကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီလို့ ထုတ်ပြောလိုက်ပါတယ်။ ဒီနှစ်တွေထဲမှာ ကလပ်နှစ်သင်းဟာ ပြည်တွင်း ပြည်ပ အဓိက ဆုဖလားတွေအတွက် အဓိက စိန်ခေါ်သူ အသင်းတွေထဲ ပါဝင်နေခဲ့တာပါ။ မနှစ်ကဆိုရင် နှစ်သင်းဟာ တတိယနေရာက အသင်းကို ရမှတ် ၂၆ မှတ်နဲ့ ရမှတ် ၂၅ မှတ်လောက်တွေ အပြတ်အသတ် အသာရပြီး ရာသီသိမ်းခဲ့တာဖြစ်တယ်။ နှစ်သင်းလုံးဟာ မှန်ကန်တဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!