မန်ချက်စတာ စီးတီးအသင်းဟာ လီဗာပူးနဲ့ ပွဲစဉ်ကို ကိုင်တွယ်သွားတဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သတ်ပြီး တရားဝင် ကန့်ကွက်စာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာနဲ့ စီးတီးအသင်းသားတွေဟာ ထိုပွဲက အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များနဲ့ ပတ်သတ်ပြီး ဒေါသထွက်ခဲ့ကြကာ ပွဲစဉ်ကလည်း ၃-၁ နဲ့ မန်စီးတီး ရှုံးနိမ့်ခဲ့ပါတယ်။

ထိုပွဲမှာ အငြင်းပွားဆုံး ဖြစ်ရပ်ကတော့ ပွဲစပြီး ၁၀ မိနစ်လောက်မှာ ထရန့် အလက်ဇန်းဒါးအာနိုးရဲ့ လက်ထိဘော ဖြစ်ပြီး ထို ဖြစ်ရပ်နဲ့ ပတ်သတ်ကာ အိုလီဗာကို စီးတီးအသင်းသား တချို့ စောဒကတက်နေစဉ်မှာပဲ လီဗာပူးက ဖြတ်လတ်စွာ တိုက်စစ်ဆင်သွားခဲ့ပြီး ၂၂ စက္ကန့်အကြာမှာ ဂိုးသွင်းသွားခဲ့တာပါ။

ပွဲချိန်အတွင်း နောက်တစ်ကြိမ်ပဲ ထရန့်ရဲ့ လက်ထိဘော တစ်ကြိမ် ထပ်မြင်ခဲ့ရပြီး ပြစ်ဒဏ် သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆာဒီယိုမာနေးက စတားလင်းကို တွန်းပစ်ခဲ့တာကိုလည်း ထောက်ပြနေကြတာပါ။

မန်စီးတီးအသင်းဟာ ပွဲဒိုင်လူကြီးများ အစည်းအရုံးရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ မိုက်ရီလေး ထံ အိုလီဗာနဲ့ ပတ်သတ်ပြီး တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ မိုက်ရီလေးကလည်း ဒီတပတ်ထဲမှာတင် VAR အဆုံးအဖြတ်နဲ့ လုပ်ဆောင်နေခဲ့သမျှကို ကျေနပ်အားရကြောင်း ပြောဆိုထားလို့ ပွဲဆူနေသူပါ။

မိုက်ရီလေးက ဒီတပတ် ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ် ဥက္ကဌ ဖြစ်သူနဲ့ တွေ့ဆုံဖို့ ရှိပြီး ကွင်းဘေးက တီဗီဖန်သားပြင်တွေမှာ ဒိုင်လူကြီးတွေ တခါတည်း ကြည့်ရှုခွင့်နဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီးအသင္းဟာ လီဗာပူးနဲ႕ ပြဲစဥ္ကို ကိုင္တြယ္သြားတဲ့ ဒိုင္လူၾကီး မိုက္ကယ္အိုလီဗာရဲ႕ ဆံုးျဖတ္ခ်က္မ်ားနဲ႕ ပတ္သတ္ျပီး တရား၀င္ ကန္႔ကြက္စာ တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ မန္စီးတီး မန္ေနဂ်ာ ပက္ ဂြာဒီယိုလာနဲ႕ စီးတီးအသင္းသားေတြဟာ ထိုပြဲက အျငင္းပြားဖြယ္ရာ ျဖစ္ရပ္မ်ားနဲ႕ ပတ္သတ္ျပီး ေဒါသထြက္ခဲ့ၾကကာ ပြဲစဥ္ကလည္း ၃-၁ နဲ႕ မန္စီးတီး ရွံဳးနိမ့္ခဲ့ပါတယ္။

ထိုပြဲမွာ အျငင္းပြားဆံုး ျဖစ္ရပ္ကေတာ့ ပြဲစျပီး ၁၀ မိနစ္ေလာက္မွာ ထရန္႔ အလက္ဇန္းဒါးအာနိုးရဲ႕ လက္ထိေဘာ ျဖစ္ျပီး ထို ျဖစ္ရပ္နဲ႕ ပတ္သတ္ကာ အိုလီဗာကို စီးတီးအသင္းသား တခ်ိဳ႔ ေစာဒကတက္ေနစဥ္မွာပဲ လီဗာပူးက ျဖတ္လတ္စြာ တိုက္စစ္ဆင္သြားခဲ့ျပီး ၂၂ စကၠန္႔အၾကာမွာ ဂိုးသြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အတြင္း ေနာက္တစ္ၾကိမ္ပဲ ထရန္႔ရဲ႕ လက္ထိေဘာ တစ္ၾကိမ္ ထပ္ျမင္ခဲ့ရျပီး ျပစ္ဒဏ္ သတ္မွတ္ေပးျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ ဆာဒီယိုမာေနးက စတားလင္းကို တြနး္ပစ္ခဲ့တာကိုလည္း ေထာက္ျပေနၾကတာပါ။

မန္စီးတီးအသင္းဟာ ပြဲဒိုင္လူၾကီးမ်ား အစည္းအရံုးရဲ႕ အေထြေထြ မန္ေနဂ်ာ ျဖစ္သူ မိုက္ရီေလး ထံ အိုလီဗာနဲ႕ ပတ္သတ္ျပီး တရား၀င္ ကန္႔ကြက္စာ ေပးပို႔ခဲ့ပါတယ္။ မိုက္ရီေလးကလည္း ဒီတပတ္ထဲမွာတင္ VAR အဆံုးအျဖတ္နဲ႕ လုပ္ေဆာင္ေနခဲ့သမွ်ကို ေက်နပ္အားရေၾကာင္း ေျပာဆိုထားလို႔ ပြဲဆူေနသူပါ။

မိုက္ရီေလးက ဒီတပတ္ ၾကာသပေတးေန႔မွာ ပရီးမီးယားလိဂ္ ဥကၠဌ ျဖစ္သူနဲ႕ ေတြ႔ဆံုဖို႔ ရွိျပီး ကြင္းေဘးက တီဗီဖန္သားျပင္ေတြမွာ ဒိုင္လူၾကီးေတြ တခါတည္း ၾကည့္ရႈခြင့္နဲ႕ ပတ္သတ္ျပီး ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။