အက်စတွန်ဗီလာ၊ မန်စီးတီး၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်ပွဲတွေမှာ ပရီးမီးယားလိဂ် သွင်းဂိုတွေ သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီဝဲလ်ဆန်က သူဟာ လီဗာပူးအသင်းနဲ့ အဆက်အသွယ်မပျက် ရှိနေသေးပြီး မန်နေဂျာရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ ကစားသမားဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက်နဲ့ ဖိအားကြီးတွေကို ကိုင်တွယ်ဖို့ မလုံလောက်သေးဘူးလို့ ယာဂင်ကလော့ပ်က ယူဆထားတာပါ။ သူ့ကို အတွေ့အကြုံအတွက် အငှားချခဲ့ပေမယ့် အပြီးသတ် အပြောင်းအရွှေ့တွေအတွက်တော့ လီဗာပူးက လက်မခံထားပါဘူး။ ဒါဟာ အနာဂတ်မှာ သူ့ကို နေရာတစ်နေရာပေးဖို့ ပြင်ဆင်ထားခြင်းလို့ မျှော်လင့်ထားရတယ်။

ဝဲလ်ဆန်က “ ကျနော်က လီဗာပူးနဲ့ အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။ အငှားချထားတဲ့ ကစားသမားတိုင်းနဲ့ အပတ်တိုင်းမှာ ကလပ်ဘက်က ဆက်သွယ်မှုတွေရှိပြီး ကျနော်က ယာဂင်ကလော့ပ်ထံက စာတွေကိုတောင် ရလေ့ရှိပါတယ်။ သူက ကျနော်ကို စောင့်ကြည့်နေကြောင်း အမြဲပြောသလို မန်စီးတီးဘက်ကို ဂိုးသွင်းတုန်းကဆိုရင် ဂုဏ်ယူကြောင်းနဲ့ အရမ်းကောင်းတဲ့ ဖရီးကစ်လို့ ပြောခဲ့တယ်။

အဲ့တာက ကိုယ်အတွက် တွန်းအားဖြစ်စေပါတယ် သူ ကျနော်ကို ဆက်လက် စောင့်ကြည့်နေတာက ကောင်းပါတယ်။ ကိုယ်က အငှားချပြီး အမေ့ခံဖြစ်မနေဘူဆိုတာကို သိရတာက ကောင်းတာပေါ့။ အသင်းဖော်တွေနဲ့လည်း ကျနော် အဆက်အသွယ်တွေ လုပ်နေဆဲဖြစ်ပြီး ကျနော် ပွဲကြည့်လို့ရရင် အသင်းရဲ့ပွဲတွေကို ကြည့်ပြီး အားပေးနေဆဲပါ ” လို့ ဆိုခဲ့ပါတယ်။

ဝဲလ်ဆန်ဟာ လီဗာပူးရဲ့ အနာဂတ်တွေထဲက တစ်ဦးလို့ ယုံကြည့်ခြင်း ခံထားရသူပါ။ သူဟာ ဘောလုံးသမားကောင်း တစ်ဦးဖြစ်ပြီး မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့ကာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်မှာ စတင်ကာ ကစားခွင့်ရနေခဲ့သူဖြစ်တယ်။ ယာဂင်ကလော့ပ် နှစ်သက်ရပေမယ့် ပွဲထွက်ခွင့်ကြောင့် အငှားချထားတဲ့ သူ့ကို လာမယ့်ရာသီ စီနီယာအသင်းမှာ တွေ့ခွင့်ရမလားက စောင့်ကြည့်ခံနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာ၊ မန္စီးတီး၊ ေဆာက္သမ္တန္နဲ႔ နယူးကာဆယ္ပြဲေတြမွာ ပရီးမီးယားလိဂ္ သြင္းဂိုေတြ သြင္းယူႏုိင္ခဲ့တဲ့ ဟယ္ရီဝဲလ္ဆန္က သူဟာ လီဗာပူးအသင္းနဲ႔ အဆက္အသြယ္မပ်က္ ရွိေနေသးျပီး မန္ေနဂ်ာရဲ႕ ေစာင့္ၾကည့္မႈေအာက္မွာ ရွိေနေသးတယ္လို႔ သိရပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ေျခစြမ္းပိုင္း တိုးတက္လာတဲ့ ကစားသမားျဖစ္ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္အတြက္နဲ႔ ဖိအားၾကီးေတြကို ကိုင္တြယ္ဖို႔ မလံုေလာက္ေသးဘူးလို႔ ယာဂင္ကေလာ့ပ္က ယူဆထားတာပါ။ သူ႔ကို အေတြ႔အၾကံဳအတြက္ အငွားခ်ခဲ့ေပမယ့္ အျပီးသတ္ အေျပာင္းအေရႊ႔ေတြအတြက္ေတာ့ လီဗာပူးက လက္မခံထားပါဘူး။ ဒါဟာ အနာဂတ္မွာ သူ႔ကို ေနရာတစ္ေနရာေပးဖို႔ ျပင္ဆင္ထားျခင္းလို႔ ေမွ်ာ္လင့္ထားရတယ္။

ဝဲလ္ဆန္က “ က်ေနာ္က လီဗာပူးနဲ႔ အျမဲတမ္း အဆက္အသြယ္ ရွိပါတယ္။ အငွားခ်ထားတဲ့ ကစားသမားတိုင္းနဲ႔ အပတ္တိုင္းမွာ ကလပ္ဘက္က ဆက္သြယ္မႈေတြရွိျပီး က်ေနာ္က ယာဂင္ကေလာ့ပ္ထံက စာေတြကိုေတာင္ ရေလ့ရွိပါတယ္။ သူက က်ေနာ္ကို ေစာင့္ၾကည့္ေနေၾကာင္း အျမဲေျပာသလို မန္စီးတီးဘက္ကို ဂိုးသြင္းတုန္းကဆိုရင္ ဂုဏ္ယူေၾကာင္းနဲ႔ အရမ္းေကာင္းတဲ့ ဖရီးကစ္လို႔ ေျပာခဲ့တယ္။

အဲ့တာက ကိုယ္အတြက္ တြန္းအားျဖစ္ေစပါတယ္ သူ က်ေနာ္ကို ဆက္လက္ ေစာင့္ၾကည့္ေနတာက ေကာင္းပါတယ္။ ကိုယ္က အငွားခ်ျပီး အေမ့ခံျဖစ္မေနဘူဆိုတာကို သိရတာက ေကာင္းတာေပါ့။ အသင္းေဖာ္ေတြနဲ႔လည္း က်ေနာ္ အဆက္အသြယ္ေတြ လုပ္ေနဆဲျဖစ္ျပီး က်ေနာ္ ပြဲၾကည့္လို႔ရရင္ အသင္းရဲ႕ပြဲေတြကို ၾကည့္ျပီး အားေပးေနဆဲပါ ” လို႔ ဆိုခဲ့ပါတယ္။

ဝဲလ္ဆန္ဟာ လီဗာပူးရဲ႕ အနာဂတ္ေတြထဲက တစ္ဦးလို႔ ယံုၾကည့္ျခင္း ခံထားရသူပါ။ သူဟာ ေဘာလံုးသမားေကာင္း တစ္ဦးျဖစ္ျပီး မနွစ္ကရာသီ ခ်န္ပီယံရွစ္မွာ ေျခစြမ္းျပခဲ့ကာ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ စတင္ကာ ကစားခြင့္ရေနခဲ့သူျဖစ္တယ္။ ယာဂင္ကေလာ့ပ္ ႏွစ္သက္ရေပမယ့္ ပြဲထြက္ခြင့္ေၾကာင့္ အငွားခ်ထားတဲ့ သူ႔ကို လာမယ့္ရာသီ စီနီယာအသင္းမွာ ေတြ႔ခြင့္ရမလားက ေစာင့္ၾကည့္ခံေနရတဲ့ အေနအထားလည္း ျဖစ္ပါတယ္။