ယူရိုခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ပွဲ မတိုင်ခင် အင်္ဂလန်အသင်း လေ့ကျင့်ရေး အစီအစဉ်မှာ တောက်ပတဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ခံစစ်မှူး တိုမိုရီနဲ့ ပက်သက်ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ထုတ်ဖော်ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

မန်နေဂျာဆောက်ဂိတ်က နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်အသင်းသား ၂၇ ဦးစာရင်းမှာ တိုမိုရီကိုပါ ခေါ်ယူခဲ့တာပါ။ သူဟာ ချယ်ဆီးအသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာလည်း အထင်ကြီးလောက်တဲ့ ခြေစွမ်းထူးချွန်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။

မနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ အငှားသွားကစားခဲ့ပြီး တစ်ရာသီ အကောင်းဆုံး ကစားသမားလည်းဖြစ်ခဲ့တဲ့ တိုမိုရီဟာ သြဂုတ်လက ချယ်ဆီးနဲ့ ရှက်ဖီးတို့ ၂-၂ သရေကျတဲ့ ပွဲမှာကတည်းက ပါဝင်ကစားခွင့် ရခဲ့သူဖြစ်တယ်။ မန်နေဂျာလမ်းပတ်က အသက် ၂၁ နှစ်အရွယ် ကစားသမားကို အတော်လေး အထင်ကြီးပြီး ချယ်ဆီးမှာ ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ရ လွယ်ကူတယ်လို့ ပြောဆိုထားပါတယ်။

အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးမှာတော့ တိုမိုရီက သူ့ရဲ့ အဆုံးသတ်မှုကောင်းတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး hat-trick ထိ သွင်းယူခဲ့တာပါ။ တိုမိုရီကို အသင်းဖော်တွေနည်းတူ ဟယ်ရီကိန်းကလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာကို မြင်ခဲ့ရတယ်။ အင်္ဂလန်အသင်းကတော့ တိုမိုရီရဲ့ သွင်းဂိုးတွေကို ၎င်းတို့ရဲ့ လူမှုကွန်ယက်ကနေ ဖော်ပြသွားပါသေးတယ်။

မွန်တီနီဂရိုးနဲ့ပွဲမှာတော့ အင်္ဂလန်ခံစစ်ကို မက်ဂွဲရားနဲ့ တွဲဘက်ပြီး တိုမိုရီ ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ခံထားရတယ်။ ဘယ်အစွန်မှာတော့ ချယ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လက်စတာမှ ချီးဝဲလ် ပါဝင်ဖွယ်ရှိပါတယ်။ ချယ်ဆီးဟာ ဒီအပတ် နိုင်ငံတကာပွဲအတွက် အသင်း ၅ ဦးထိကို ပို့ပေးထားတာလည်း ဖြစ်ပါတယ်။

ZAWGYI

ယူရိုေျခစစ္ပြဲအျဖစ္ မြန္တီနီဂရိုးနဲ႔ပြဲ မတိုင္ခင္ အဂၤလန္အသင္း ေလ့က်င့္ေရး အစီအစဥ္မွာ ေတာက္ပတဲ့ ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ ခံစစ္မွဴး တိုမိုရီနဲ႔ ပက္သက္ျပီး အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ထုတ္ေဖာ္ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ပါတယ္။

မန္ေနဂ်ာေဆာက္ဂိတ္က ႏိုဝင္ဘာလ ႏုိင္ငံတကာသီတင္းပတ္အတြက္ အဂၤလန္အသင္းသား ၂၇ ဦးစာရင္းမွာ တုိမိုရီကိုပါ ေခၚယူခဲ့တာပါ။ သူဟာ ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး အဂၤလန္အသင္း ေလ့က်င့္ေရးမွာလည္း အထင္ၾကီးေလာက္တဲ့ ေျခစြမ္းထူးခၽြန္မႈေတြကို ျပသႏုိင္ခဲ့ပါတယ္။

မႏွစ္တုန္းက ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းထံ အငွားသြားကစားခဲ့ျပီး တစ္ရာသီ အေကာင္းဆံုး ကစားသမားလည္းျဖစ္ခဲ့တဲ့ တိုမိုရီဟာ ၾသဂုတ္လက ခ်ယ္ဆီးနဲ႔ ရွက္ဖီးတို႔ ၂-၂ သေရက်တဲ့ ပြဲမွာကတည္းက ပါဝင္ကစားခြင့္ ရခဲ့သူျဖစ္တယ္။ မန္ေနဂ်ာလမ္းပတ္က အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားကို အေတာ္ေလး အထင္ၾကီးျပီး ခ်ယ္ဆီးမွာ ပြဲထြက္ခြင့္ေပးဖို႔ ဆံုးျဖတ္ရ လြယ္ကူတယ္လို႔ ေျပာဆိုထားပါတယ္။

အဂၤလန္အသင္းရဲ႕ ေလ့က်င့္ေရးမွာေတာ့ တိုမိုရီက သူ႔ရဲ႕ အဆံုးသတ္မႈေကာင္းေတြကိုလည္း ထုတ္ေဖာ္ျပသခဲ့ျပီး hat-trick ထိ သြင္းယူခဲ့တာပါ။ တိုမိုရီကို အသင္းေဖာ္ေတြနည္းတူ ဟယ္ရီကိန္းကလည္း ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တာကို ျမင္ခဲ့ရတယ္။ အဂၤလန္အသင္းကေတာ့ တိုမိုရီရဲ႕ သြင္းဂိုးေတြကို ၄င္းတို႔ရဲ႕ လူမႈကြန္ယက္ကေန ေဖာ္ျပသြားပါေသးတယ္။

မြန္တီနီဂရိုးနဲ႔ပြဲမွာေတာ့ အဂၤလန္ခံစစ္ကို မက္ဂြဲရားနဲ႔ တြဲဘက္ျပီး တိုမိုရီ ပြဲထြက္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္ခံထားရတယ္။ ဘယ္အစြန္မွာေတာ့ ခ်ယ္ဆီးက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ လက္စတာမွ ခ်ီးဝဲလ္ ပါဝင္ဖြယ္ရွိပါတယ္။ ခ်ယ္ဆီးဟာ ဒီအပတ္ ႏုိင္ငံတကာပြဲအတြက္ အသင္း ၅ ဦးထိကို ပို႔ေပးထားတာလည္း ျဖစ္ပါတယ္။