မိခင်ကလပ်ဖြစ်တဲ့ အာဆင်နယ်အသင်းက ခံစစ်ပိုင်းမှာ ယိုပေါက်တွေများနေပေမယ့် ပြင်သစ်ကလပ် စိန့်အန်တီယန်မှာ အငှားထွက်ကစားနေတဲ့ လူငယ်ခံစစ်မှူးလေး ဆာလီဘာကတော့ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေပါတယ်။

နွေအပြောင်းအရွှေ့မှာ အာဆင်နယ်က ကစားသမားလေးကို ဈေးကောင်းပေး ခေါ်ယူခဲ့ပေမယ့် အသင်းကြိးမှာ ချက်ခြင်း နေရာပေးဖို့မဟုတ်ခဲ့ပဲ ပြင်သစ်ကလပ်ထံ တစ်ရာသီ အငှားပြန်ချပေးခဲ့တာပါ။ ပြင်သစ်လိဂ်မှာ ၁၃ ပွဲပဲ ကစားခဲ့ဖူးပြီး ၃ ကြိမ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ထားခဲ့တဲ့ ဆာဘီဘာအတွက် အာဆင်နယ်ဘက်က ပေါင် ၂၇ သန်း ပေးချေမှုက စိန်ခေါ်မှုများတဲ့ အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ပါတယ်။

ဒီရာသီစကို ခက်ခဲတဲ့အနေအထားအဖြင့် တံကောက်ကြော ဒဏ်ရာကြောင့် ၇ ပွဲထိ လွဲချော်ခဲ့တဲ့ ဆာလီဘာဟာ နေရာပြန်ရလာပြီးတဲ့နောက် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသလာခဲ့ပါပြီ။ သူဟာ ပွဲထွက်လူစာရင်းကနေ ၄ ပွဲ ပါဝင်ချိန်မှာ clean sheet သုံးကြိမ်ရအောင် ထိန်းသိမ်းနိုင်ပြီး လိုင်ယွန်၊ ဘော်ဒိုးနဲ့ မိုနာကိုလို အသင်းတွေကို ရင်ဆိုင်ကစားချိန်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အချက်အလက်ဆိုင်ရာ ကိန်းဂဏန်းတွေကလည်း ကောင်းမွန်နေပြီး တစ်ပွဲကို ဖျက်ထုတ်မှု ၂.၂ ကြိမ် ဝင်လုမှု ၂ ကြိမ်၊ ရှင်းလင်းမှု ၂.၅ ကြိမ်ကို လုပ်နိုင်ကာ ပေးပို့မှုကလည်း ၈၅.၅ % ထိ တိကျမှုရှိတာဖြစ်တယ်။ သူပြန်လည် ပြသနေတဲ့ ခြေစွမ်းအရ စိန့်အန်တီယန်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်တောင် တင်စားခံနေရတာဖြစ်တယ်။

ကလပ်အသင်း မန်နေဂျာကလည်း ကိုယ်အသင်းရဲ့ အကောင်းဆုံး ကစားသမားနဲ့ လူငယ်လေးကို ရောင်းထုတ်ခဲ့ပြီးဆိုတာ လက်ခံဖို့တောင် ခက်ပါတယ်လို့ ညီးတွားခ့ပါသေးတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ လူးဝစ်ကို ခေါ်ယူခဲ့ပေမယ့် ကလပ်အသင်း ခံစစ်က ယိုယွင်းနေဆဲဖြစ်ကာ လာမယ့်ရာသီမှာတော့ ဆာလီဘာလို ထိပ်တန်းခံစစ်သမားကို အသုံးပြုနိုင်မှာက ကလပ်အသင်းအတွက် အကျိုးများစေမယ်လို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

မိခင္ကလပ္ျဖစ္တဲ့ အာဆင္နယ္အသင္းက ခံစစ္ပိုင္းမွာ ယိုေပါက္ေတြမ်ားေနေပမယ့္ ျပင္သစ္ကလပ္ စိန္႔အန္တီယန္မွာ အငွားထြက္ကစားေနတဲ့ လူငယ္ခံစစ္မွဴးေလး ဆာလီဘာကေတာ့ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသေနပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ အာဆင္နယ္က ကစားသမားေလးကို ေစ်းေကာင္းေပး ေခၚယူခဲ့ေပမယ့္ အသင္းၾကိးမွာ ခ်က္ျခင္း ေနရာေပးဖို႔မဟုတ္ခဲ့ပဲ ျပင္သစ္ကလပ္ထံ တစ္ရာသီ အငွားျပန္ခ်ေပးခဲ့တာပါ။ ျပင္သစ္လိဂ္မွာ ၁၃ ပြဲပဲ ကစားခဲ့ဖူးျပီး ၃ ၾကိမ္မွာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ထားခဲ့တဲ့ ဆာဘီဘာအတြက္ အာဆင္နယ္ဘက္က ေပါင္ ၂၇ သန္း ေပးေခ်မႈက စိန္ေခၚမႈမ်ားတဲ့ အေျပာင္းအေရႊ႔လည္း ျဖစ္ခဲ့ပါတယ္။

ဒီရာသီစကို ခက္ခဲတဲ့အေနအထားအျဖင့္ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ၇ ပြဲထိ လြဲေခ်ာ္ခဲ့တဲ့ ဆာလီဘာဟာ ေနရာျပန္ရလာျပီးတဲ့ေနာက္ ေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပသလာခဲ့ပါျပီ။ သူဟာ ပြဲထြက္လူစာရင္းကေန ၄ ပြဲ ပါဝင္ခ်ိန္မွာ clean sheet သံုးၾကိမ္ရေအာင္ ထိန္းသိမ္းႏုိင္ျပီး လိုင္ယြန္၊ ေဘာ္ဒိုးနဲ႔ မိုနာကိုလို အသင္းေတြကို ရင္ဆိုင္ကစားခ်ိန္မွာ ရရွိခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ အခ်က္အလက္ဆိုင္ရာ ကိန္းဂဏန္းေတြကလည္း ေကာင္းမြန္ေနျပီး တစ္ပြဲကို ဖ်က္ထုတ္မႈ ၂.၂ ၾကိမ္ ဝင္လုမႈ ၂ ၾကိမ္၊ ရွင္းလင္းမႈ ၂.၅ ၾကိမ္ကို လုပ္ႏုိင္ကာ ေပးပို႔မႈကလည္း ၈၅.၅ % ထိ တိက်မႈရွိတာျဖစ္တယ္။ သူျပန္လည္ ျပသေနတဲ့ ေျခစြမ္းအရ စိန္႔အန္တီယန္ရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ေတာင္ တင္စားခံေနရတာျဖစ္တယ္။

ကလပ္အသင္း မန္ေနဂ်ာကလည္း ကိုယ္အသင္းရဲ႕ အေကာင္းဆံုး ကစားသမားနဲ႔ လူငယ္ေလးကို ေရာင္းထုတ္ခဲ့ျပီးဆိုတာ လက္ခံဖို႔ေတာင္ ခက္ပါတယ္လို႔ ညီးတြားခ့ပါေသးတယ္။ အာဆင္နယ္ဟာ ဒီရာသီမွာ လူးဝစ္ကို ေခၚယူခဲ့ေပမယ့္ ကလပ္အသင္း ခံစစ္က ယိုယြင္းေနဆဲျဖစ္ကာ လာမယ့္ရာသီမွာေတာ့ ဆာလီဘာလို ထိပ္တန္းခံစစ္သမားကို အသံုးျပဳႏုိင္မွာက ကလပ္အသင္းအတြက္ အက်ိဳးမ်ားေစမယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။