ရာအူး ဆမ်လီဟီးက အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းနဲ့ ကလပ်အသင်း ဂန္တင်ဝင်ဖြစ်သူ David O’Leary ကို ကလပ်အသင်း ဘုတ်အဖွဲ့ထဲ ထည့်ဖို့ကိစ္စအား တားဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကလပ်အသင်း ဥက္ကဌဖြစ်သူ Sir Chips Keswick က ၂၀၁၄ ခုနှစ်ထဲက ကလပ်အသင်းရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် David O’Leary ကို ဘုတ်အဖွဲ့ထဲထည့်ဖို့ ထောက်ခံချက် ပေးခဲ့တာပါ။ ဒါပေမယ့်လို့ ဆမ်လီဟီက သဘောမတူပဲ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

O’Leary ဟာ အမ်းမရိတ်ကို ပုံမှန်တက်ရောက်ခွင့်ရှိသူဖြစ်ပြီး အာဆင်နယ်ရဲ့ ‘old guard’ ဟောင်းကြီးတွေနဲ့ အတော်လေး ရင်းနှီးသူဖြစ်တယ်။ ဆမ်လီဟီးဟာ ဂန်းနားဟောင်းကြီး အီဒူးကို နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ထားခဲ့ပြီး နောက်ထပ် အုပ်ချုပ်မှုဆိုင်ရာ အကြီးတန်းနေရာတစ်နေရာကို ထပ်မပေးလိုတော့တာလို့ သိရတယ်။

O’Leary က လက်ရှိ မန်နေဂျာဖြစ်သူ အူနိုင်းအမ်မရီကို ရာထူးကနေ ဖြုတ်ချဖို့အား ဆန္ဒရှိသူဖြစ်ပြီး အာဆင်နယ်ဘက်ကတော့ ရာသီဝက်ကာလမှာ မန်နေဂျာကို ဖြုတ်ချဖို့ အလိုမရှိပဲ ဆက်လက် ထောက်ခံ့မှုပေးလိုနေပါတယ်။ ဒါ့အပြင် ဇန်နဝါရီအထိ ကလပ်အသင်း အလှည့်အပြောင်း ပြန်ဖြစ်လာနိုင်ဖို့ကို လုပ်ပိုင်ခွင့်ပေးကာ လက်ရှိ ရပ်တည်နေတဲ့ အဆင့် ၆ ကနေ ပြန်တက်လာစေဖို့ မန်နေဂျာအပေါ် ယုံကြည်မှု ရှိနေပါတယ်။

ဒီကိစ္စဟာ အာဆင်နယ်အုပ်ချုပ်မှုပိုင်းမှာလည်း မန်နေဂျာကို အချိန်ပေးလိုတဲ့ အဖွဲ့က ပိုမိုအာဏာရှိနေတာကို မြင်သာစေတာဖြစ်ပြီး လောလောဆယ်မှာတော့ အမ်မရီဟာ ဖိအားတွေအောက်က ခေတ္တရုန်းထွက်ချိန် ၂ ပတ် ရထားပါတယ်။ နိုင်ငံတကာပွဲတွေအပြီးမှာတော့ ရလဒ်တွေဆိုးနေတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ရလဒ်ကောင်းတွေရဲ့ အစဖြစ်လာစေဖို့ ဆမ်လီဟီတို့က မျှော်လင့်နေပါတယ်။

ZAWGYI

ရာအူး ဆမ္လီဟီးက အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ ကလပ္အသင္း ဂႏၱင္ဝင္ျဖစ္သူ David O’Leary ကို ကလပ္အသင္း ဘုတ္အဖြဲ႔ထဲ ထည့္ဖို႔ကိစၥအား တားဆီးမႈ ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

ကလပ္အသင္း ဥကၠဌျဖစ္သူ Sir Chips Keswick က ၂၀၁၄ ခုႏွစ္ထဲက ကလပ္အသင္းရဲ႕ ကိုယ္စားလွယ္အျဖစ္ တာဝန္ယူေနခဲ့တဲ့ အသက္ ၆၁ ႏွစ္အရြယ္ David O’Leary ကို ဘုတ္အဖြဲ႔ထဲထည့္ဖို႔ ေထာက္ခံခ်က္ ေပးခဲ့တာပါ။ ဒါေပမယ့့္လို႔ ဆမ္လီဟီက သေဘာမတူပဲ ဗီတိုအာဏာနဲ႔ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

O’Leary ဟာ အမ္းမရိတ္ကို ပံုမွန္တက္ေရာက္ခြင့္ရွိသူျဖစ္ျပီး အာဆင္နယ္ရဲ႕ ‘old guard’ ေဟာင္းၾကီးေတြနဲ႔ အေတာ္ေလး ရင္းႏွီးသူျဖစ္တယ္။ ဆမ္လီဟီးဟာ ဂန္းနားေဟာင္းၾကီး အီဒူးကို နည္းစနစ္ဒါရိုက္တာအျဖစ္ ခန္႔အပ္ထားခဲ့ျပီး ေနာက္ထပ္ အုပ္ခ်ဳပ္မႈဆိုင္ရာ အၾကီးတန္းေနရာတစ္ေနရာကို ထပ္မေပးလိုေတာ့တာလို႔ သိရတယ္။

O’Leary က လက္ရွိ မန္ေနဂ်ာျဖစ္သူ အူႏုိင္းအမ္မရီကို ရာထူးကေန ျဖဳတ္ခ်ဖို႔အား ဆႏၵရွိသူျဖစ္ျပီး အာဆင္နယ္ဘက္ကေတာ့ ရာသီဝက္ကာလမွာ မန္ေနဂ်ာကို ျဖဳတ္ခ်ဖို႔ အလိုမရွိပဲ ဆက္လက္ ေထာက္ခံ့မႈေပးလိုေနပါတယ္။ ဒါ့အျပင္ ဇန္နဝါရီအထိ ကလပ္အသင္း အလွည့္အေျပာင္း ျပန္ျဖစ္လာႏုိင္ဖို႔ကို လုပ္ပိုင္ခြင့္ေပးကာ လက္ရွိ ရပ္တည္ေနတဲ့ အဆင့္ ၆ ကေန ျပန္တက္လာေစဖို႔ မန္ေနဂ်ာအေပၚ ယံုၾကည္မႈ ရွိေနပါတယ္။

ဒီကိစၥဟာ အာဆင္နယ္အုပ္ခ်ဳပ္မႈပိုင္းမွာလည္း မန္ေနဂ်ာကို အခ်ိန္ေပးလိုတဲ့ အဖြဲ႔က ပိုမိုအာဏာရွိေနတာကို ျမင္သာေစတာျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ အမ္မရီဟာ ဖိအားေတြေအာက္က ေခတၱရုန္းထြက္ခ်ိန္ ၂ ပတ္ ရထားပါတယ္။ ႏုိင္ငံတကာပြဲေတြအျပီးမွာေတာ့ ရလဒ္ေတြဆိုးေနတဲ့ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ရလဒ္ေကာင္းေတြရဲ႕ အစျဖစ္လာေစဖို႔ ဆမ္လီဟီတို႔က ေမွ်ာ္လင့္ေနပါတယ္။