အင်္ဂလန်သား ဒေါ့မွန်ကြယ်ပွင့် ကစားသမား ဂျော်ဒန် ဆန်ချိုက ဂျာမနီကနေ ထွက်ခွာဖို့ စိုင်ပြင်းလာပြီး ၎င်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြင် လီဗာပူးအသင်းပါ ပါဝင်လာတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။

ဆန်ချိုက ၂၀၁၇ သြဂုတ်လမှာ မန်စီးတီးအသင်းကနေ ဒေါ့မွန်သို့ ပြောင်းရွှေ့သွားတာ ဖြစ်ပြီး ဥရောပ အတောက်ပဆုံး လူငယ် ကြယ်ပွင့်တွေထဲ ပါဝင်သူ ဖြစ်ပါတယ်။ ၎င်းက ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်ရဲ့ အဓိက ကစားသမားတွေထဲလည်း ပါဝင်သူပါ။ ဒါပေမယ့် ၁၉ နှစ်အရွယ် အင်္ဂလန်သားလေးဟာ ဂျာမနီမှာ နေထိုင်ဖို့ အခြေမကျနိုင်သေးတာကြောင့် အသင်ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန်က သြဂုတ်လတည်းက ဆန်ချိုကို လက်လွှတ်ရဖို့ ပြင်ဆင်ထားခဲ့ပြီး ပေါင် သန်း ၁၀၀ ကျော်တဲ့ ကမ်းလှမ်းမှုမျိုးကို စဉ်းစားသွားဖို့ ရှိနေပါတယ်။ ဥရောပ တလွှားက ကလပ်အသင်းကြီးတွေ အလိုရှိနေတဲ့ ဆန်ချိုက ဒေါ့မွန်မှာ အရေးကြီး ကစားသမား ဖြစ်သော်လည်း သင်းကွဲ ဖြစ်နေကာ ဒီရာသီမှာ အဆင်မပြေမှုများစွာ ကြုံတွေ့နေတာက အသင်းပြောင်းဖို့ ပို အလေးသာလာတဲ့ အချက်ဖြစ်ပါတယ်။

ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က အခိုင်အမာ ဆက်လက် ကြိုးစားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့နွေက စိတ်ဝင်စားခဲ့တဲ့ ဘာစီလိုနာကတော့ နောက်ဆုတ်သွားခဲ့ပါပြီ။ အခုကတော့ လီဗာပူး အသင်း ထပ် တိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့လ စပိန်က သတင်းများ အရတော့ ဆန်ချို စီးတီးက ထွက်လာစဉ်တည်းက အလိုရှိနေတဲ့ အသင်းက ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး လာမယ့်နွေမှာ ခေါ်ယူဖို့ လိုအပ်တဲ့ အခြေခံ လုပ်ငန်းစဉ်များ စတင်ထားတယ်လို့ သိရပါတယ်။ ဥရောပ ထိပ်သီးအသင်းတွေ အပြိုင်လုကြဦးမယ့် ဆန်ချို အပြောင်းအရွှေ့က လာမယ့်နွေ သတင်းခေါင်းစီးတွေမှာ နေရာယူဦးမှာပါ။

Zawgyi

အဂၤလန္သား ေဒါ့မြန္ၾကယ္ပြင့္ ကစားသမား ေဂ်ာ္ဒန္ ဆန္ခ်ိဳက ဂ်ာမနီကေန ထြက္ခြာဖို႔ စိုင္ျပင္းလာျပီး ၄င္းကို ေခၚယူဖို႔ ၾကိဳးစားေနတဲ့ အသင္းေတြထဲမွာ ယူနိုက္တက္၊ ပီအက္စ္ဂ်ီနဲ႕ ရီးရဲလ္မက္ဒရစ္တို႔ အျပင္ လီဗာပူးအသင္းပါ ပါ၀င္လာတယ္လုိ႔ ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပလာပါတယ္။

ဆန္ခ်ိဳက ၂၀၁၇ ၾသဂုတ္လမွာ မန္စီးတီးအသင္းကေန ေဒါ့မြန္သို႔ ေျပာင္းေရႊ႕သြားတာ ျဖစ္ျပီး ဥေရာပ အေတာက္ပဆံုး လူငယ္ ၾကယ္ပြင့္ေတြထဲ ပါ၀င္သူ ျဖစ္ပါတယ္။ ၄င္းက ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္ရဲ႕ အဓိက ကစားသမားေတြထဲလည္း ပါ၀င္သူပါ။ ဒါေပမယ့္ ၁၉ နွစ္အရြယ္ အဂၤလန္သားေလးဟာ ဂ်ာမနီမွာ ေနထိုင္ဖို႔ အေျခမက်နုိင္ေသးတာေၾကာင့္ အသင္ေျပာင္းဖို႔ စိတ္၀င္စားေနပါတယ္။

ေဒါ့မြန္က ၾသဂုတ္လတည္းက ဆန္ခ်ိဳကို လက္လႊတ္ရဖို႔ ျပင္ဆင္ထားခဲ့ျပီး ေပါင္ သန္း ၁၀၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈမ်ိဳးကို စဥ္းစားသြားဖို႔ ရွိေနပါတယ္။ ဥေရာပ တလႊားက ကလပ္အသင္းၾကီးေတြ အလိုရွိေနတဲ့ ဆန္ခ်ိဳက ေဒါ့မြန္မွာ အေရးၾကီး ကစားသမား ျဖစ္ေသာ္လည္း သင္းကြဲ ျဖစ္ေနကာ ဒီရာသီမွာ အဆင္မေျပမႈမ်ားစြာ ၾကံဳေတြ႕ေနတာက အသင္းေျပာငး္ဖို႔ ပို အေလးသာလာတဲ့ အခ်က္ျဖစ္ပါတယ္။

ဆန္ခ်ိဳကို မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ပီအက္စ္ဂ်ီတို႔က အခိုင္အမာ ဆက္လက္ ၾကိဳးစားေနဆဲျဖစ္ျပီး ျပီးခဲ့တဲ့ေႏြက စိတ္၀င္စားခဲ့တဲ့ ဘာစီလိုနာကေတာ့ ေနာက္ဆုတ္သြားခဲ့ပါျပီ။ အခုကေတာ့ လီဗာပူး အသင္း ထပ္ တိုးလာခဲ့တာပါ။

ျပီးခဲ့တဲ့လ စပိန္က သတင္းမ်ား အရေတာ့ ဆန္ခ်ိဳ စီးတီးက ထြက္လာစဥ္တည္းက အလိုရွိေနတဲ့ အသင္းက ရီးရဲလ္မက္ဒရစ္ ျဖစ္ျပီး လာမယ့္ေႏြမွာ ေခၚယူဖို႔ လိုအပ္တဲ့ အေျခခံ လုပ္ငန္းစဥ္မ်ား စတင္္ထားတယ္လို႔ သိရပါတယ္။ ဥေရာပ ထိပ္သီးအသင္းေတြ အျပိဳင္လုၾကဦးမယ့္ ဆန္ခ်ိဳ အေျပာင္းအေရႊ႕က လာမယ့္ေႏြ သတင္းေခါင္းစီးေတြမွာ ေနရာယူဦးမွာပါ။