ပရီးမီးယားလိဂ် မန်နေဂျာဟောင်း မော်ရင်ညိုက မန်စီးတီးနည်းတူပဲ လီဗာပူးဟာလည်း လက်ရှိ မန်နေဂျာ မရှိတော့ရင်တောင် နှစ်တွေအကြာကြီး အဓိက ပြိုင်ပွဲတွေကို လွှမ်းမိုးဖို့ တည်ဆောက်မှုကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ဒီနှစ်တွေထဲမှာ ကလပ်နှစ်သင်းဟာ ပြည်တွင်း ပြည်ပ အဓိက ဆုဖလားတွေအတွက် အဓိက စိန်ခေါ်သူ အသင်းတွေထဲ ပါဝင်နေခဲ့တာပါ။ မနှစ်ကဆိုရင် နှစ်သင်းဟာ တတိယနေရာက အသင်းကို ရမှတ် ၂၆ မှတ်နဲ့ ရမှတ် ၂၅ မှတ်လောက်တွေ အပြတ်အသတ် အသာရပြီး ရာသီသိမ်းခဲ့တာဖြစ်တယ်။ နှစ်သင်းလုံးဟာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေအတွက် တူညီတဲ့ ဦးတည်ချက်တွေကို ပိုင်ဆိုင်ထားတယ်လို့ မော်ရင်ညိုက ပြောပါတယ်။

မော်ရင်ညိုက “ ကလပ်အသင်းတွေရဲ့ တည်ဆောက်ပုံကြောင့်လို့ ထင်ပါတယ်။ မန်စီးတီးကိုကြည့်ပါ။ ကလပ်အသင်းမန်နေဂျာနဲ့ အသင်းပိုင်ရှင်၊ အားကစားဒါရိုက်တာ၊ အကြီးတန်းအရာရှိ စတဲ့ သက်ဆိုင်ရာ အကြီးအကဲတွေ နည်းပြအဖွဲ့တွေနဲ့ ကစားသမားတွေကြားမှာ တူညီတဲ့ အိုင်ဒီယာနဲ့အတူ အရည်အချင်ကောင်းတွေ မျှဝေထားကြတယ်။

လီဗာပူးကကော။ ယာဂင်ကလော့ပ်က အရမ်းကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူက အရမ်းတည်ငြိမ်တယ်။ သူ့ရဲ့ နယ်ပယ်ကိုလည်း အကောင်းဆုံး ထိန်းချုပ်ထားနိုင်ပါတယ်။ သူ့ကိုလည်း ကလပ်အသင်းရဲ့ တည်ဆောက်ပုံကောင်းနဲ့အတူ မန်စီးတီးမှာနဲ့ တူညီတဲ့ ပုဂ္ဂိုလ်တွေက ထောက်ခံမှုတွေ လုပ်ပေးထားပါတယ်။

ပပ်က မန်နေဂျာကောင်းပါ၊ ယာဂင်က မန်နေဂျာကောင်းပါ။ မနက်ဖြန်မှာ သူတို့ထွက်သွားပြီး နောက်ထပ် မန်နေဂျာတွေ ဝင်ရောက်လာရင်တောင် သူတို့တွေက လက်ရှိ အနေအထားနဲ့ အဆင့်အတန်းမှာပဲ ဆက်ရှိနေပါလိမ့်မယ်။ စွမ်းဆောင်ရည်က ကမ္ဘာအဆင့်မှာ ရှိပါတယ်။ ဒါအတွက် အခြေခံကတော့ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ မန်နေဂျာကြားက ကောင်းမွန်တဲ့ တည်ဆောက်ပုံကြောင့်ပါပဲ ” လို့ ထုတ်ဖော်ပြောဆိုသွားပါတယယ်။

ZAWGYI

ပရီးမီးယားလိဂ္ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳက မန္စီးတီးနည္းတူပဲ လီဗာပူးဟာလည္း လက္ရွိ မန္ေနဂ်ာ မရွိေတာ့ရင္ေတာင္ ႏွစ္ေတြအၾကာၾကီး အဓိက ျပိဳင္ပြဲေတြကို လႊမ္းမိုးဖို႔ တည္ေဆာက္မႈေကာင္းေတြ ပိုင္ဆိုင္ခဲ့ျပီလို႔ ထုတ္ေျပာလိုက္ပါတယ္။

ဒီႏွစ္ေတြထဲမွာ ကလပ္ႏွစ္သင္းဟာ ျပည္တြင္း ျပည္ပ အဓိက ဆုဖလားေတြအတြက္ အဓိက စိန္ေခၚသူ အသင္းေတြထဲ ပါဝင္ေနခဲ့တာပါ။ မႏွစ္ကဆိုရင္ ႏွစ္သင္းဟာ တတိယေနရာက အသင္းကို ရမွတ္ ၂၆ မွတ္နဲ႔ ရမွတ္ ၂၅ မွတ္ေလာက္ေတြ အျပတ္အသတ္ အသာရျပီး ရာသီသိမ္းခဲ့တာျဖစ္တယ္။ ႏွစ္သင္းလံုးဟာ မွန္ကန္တဲ့ ရည္ရြယ္ခ်က္ေတြအတြက္ တူညီတဲ့ ဦးတည္ခ်က္ေတြကို ပိုင္ဆုိင္ထားတယ္လို႔ ေမာ္ရင္ညိဳက ေျပာပါတယ္။

ေမာ္ရင္ညိဳက “ ကလပ္အသင္းေတြရဲ႕ တည္ေဆာက္ပံုေၾကာင့္လို႔ ထင္ပါတယ္။ မန္စီးတီးကိုၾကည့္ပါ။ ကလပ္အသင္းမန္ေနဂ်ာနဲ႔ အသင္းပိုင္ရွင္၊ အားကစားဒါရိုက္တာ၊ အၾကီးတန္းအရာရွိ စတဲ့ သက္ဆုိင္ရာ အၾကီးအကဲေတြ နည္းျပအဖြဲ႔ေတြနဲ႔ ကစားသမားေတြၾကားမွာ တူညီတဲ့ အိုင္ဒီယာနဲ႔အတူ အရည္အခ်င္ေကာင္းေတြ မွ်ေဝထားၾကတယ္။

လီဗာပူးကေကာ။ ယာဂင္ကေလာ့ပ္က အရမ္းေကာင္းတဲ့ အေနအထားမွာ ရွိေနပါတယ္။ သူက အရမ္းတည္ျငိမ္တယ္။ သူ႔ရဲ႕ နယ္ပယ္ကိုလည္း အေကာင္းဆံုး ထိန္းခ်ဳပ္ထားႏုိင္ပါတယ္။ သူ႔ကိုလည္း ကလပ္အသင္းရဲ႕ တည္ေဆာက္ပံုေကာင္းနဲ႔အတူ မန္စီးတီးမွာနဲ႔ တူညီတဲ့ ပုဂၢိဳလ္ေတြက ေထာက္ခံမႈေတြ လုပ္ေပးထားပါတယ္။

ပပ္က မန္ေနဂ်ာေကာင္းပါ၊ ယာဂင္က မန္ေနဂ်ာေကာင္းပါ။ မနက္ျဖန္မွာ သူတို႔ထြက္သြားျပီး ေနာက္ထပ္ မန္ေနဂ်ာေတြ ဝင္ေရာက္လာရင္ေတာင္ သူတို႔ေတြက လက္ရွိ အေနအထားနဲ႔ အဆင့္အတန္းမွာပဲ ဆက္ရွိေနပါလိမ့္မယ္။ စြမ္းေဆာင္ရည္က ကမၻာအဆင့္မွာ ရွိပါတယ္။ ဒါအတြက္ အေျခခံကေတာ့ ကလပ္အသင္းတာဝန္ရွိသူေတြနဲ႔ မန္ေနဂ်ာၾကားက ေကာင္းမြန္တဲ့ တည္ေဆာက္ပံုေၾကာင့္ပါပဲ ” လို႔ ထုတ္ေဖာ္ေျပာဆိုသြားပါတယယ္။