ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးက သူအမြန်ဆုံး ပြန်သက်သာလာဖို့ ကြိုးစားမယ်ဆိုတဲ့ အကြောင်းကို ယူနိုက်တက်ပရိသတ်တွေကို ထုတ်ပြောမှု လုပ်သွားခဲ့ပါတယ်။

ဒီရာသီမှာ မန်နေဂျာဆိုးရှားရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ တော်မီနေးဟာ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာရခ့ခြင်းဖြစ်တယ်။ သူ့ကို ကွင်းထဲကနေပြီး ကလပ်အသင်း တာဝန်ရှိသူတွေက ခေါ်ထုတ်ခဲ့ရကာ ကစားသမားလေးဟာ နိုင်ငံတကာသီတင်းပတ်အတွင်း စကော်တလန် လူစာရင်းကနေပါ နုတ်ထွက်သွားခဲ့ရပါတယ်။

ယူနိုက်တက်ဘက်က တရားဝင် သတင်းထုတ်ပြန်ချက် မလုပ်ပေးပေမယ့် ဒဏ်ရာကြောင့် တစ်လလောက် နားရမယ်လို့လည်း သတင်းထွက်နေခဲ့တယ်။ ဘရိုက်တန်ကို ရင်ဆိုင်ကစားခဲ့ပွဲမှာ တော်မီနေး သွင်းယူခဲ့တဲ့ ဂိုးကို ပရီးမီးယားလိဒ် တာဝန်ရှိသူတွေက Own goal အဖြစ် သက်မှတ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က အယူခံဝင်မှု အောင်မြင်ခဲ့ပြီး ကွင်းလယ်လူရဲ့ သွင်းဂိုးအဖြစ် ပြောင်းလဲ သက်မှတ်ပေးခဲ့ပြီလည်း ဖြစ်တယ်။

တော်မီနေးကတော့ သူ့ရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံနေတဲ့ ပုံနဲ့အတူ ကွင်းထဲကို မြန်မြန်ခြေချနိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်းနဲ့ အားပေးကြတာအတွက် ကျေးဇူးတင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ မန်နေဂျာဆိုးရှားကတော့ တော်မီနေးရဲ့ ဒဏ်ရာ အသေးစိတ်ကို ရှက်ဖီးနဲ့ပွဲမတိုင်ခင် မီဒီယာတွေ့ဆုံမှုမှပဲ ထုတ်ပြောမယ်လို့ ခန့်မှန်းရပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ တော်မီနေး မကစားနိုင်ပေမယ့် ပေါ့ဘာ ပြန်လည်ကစားနိုင်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ မာတစ်လည်း အစားဝင် ကစားပေးနိုင်နေတာဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္ကို ၃-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ကြင္းလယ္လူ ေတာ္မီေနးက သူအျမန္ဆံုး ျပန္သက္သာလာဖို႔ ၾကိဳးစားမယ္ဆိုတဲ့ အေၾကာင္းကို ယူႏုိက္တက္ပရိသတ္ေတြကို ထုတ္ေျပာမႈ လုပ္သြားခဲ့ပါတယ္။

ဒီရာသီမွာ မန္ေနဂ်ာဆုိးရွားရဲ႕ အဓိက ကစားသမား တစ္ဦးျဖစ္သူ ေတာ္မီေနးဟာ ေျခစြမ္းျပေနတဲ့ ကစားသမား တစ္ဦးျဖစ္ျပီး ေျခက်င္းဝတ္ဒဏ္ရာရခ့ျခင္းျဖစ္တယ္။ သူ႔ကို ကြင္းထဲကေနျပီး ကလပ္အသင္း တာဝန္ရွိသူေတြက ေခၚထုတ္ခဲ့ရကာ ကစားသမားေလးဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း စေကာ္တလန္ လူစာရင္းကေနပါ ႏုတ္ထြက္သြားခဲ့ရပါတယ္။

ယူႏုိက္တက္ဘက္က တရားဝင္ သတင္းထုတ္ျပန္ခ်က္ မလုပ္ေပးေပမယ့္ ဒဏ္ရာေၾကာင့္ တစ္လေလာက္ နားရမယ္လို႔လည္း သတင္းထြက္ေနခဲ့တယ္။ ဘရိုက္တန္ကို ရင္ဆိုင္ကစားခဲ့ပြဲမွာ ေတာ္မီေနး သြင္းယူခဲ့တဲ့ ဂိုးကို ပရီးမီးယားလိဒ္ တာဝန္ရွိသူေတြက Own goal အျဖစ္ သက္မွတ္ခဲ့ေပမယ့္ ယူႏုိက္တက္ဘက္က အယူခံဝင္မႈ ေအာင္ျမင္ခဲ့ျပီး ကြင္းလယ္လူရဲ႕ သြင္းဂိုးအျဖစ္ ေျပာင္းလဲ သက္မွတ္ေပးခဲ့ျပီလည္း ျဖစ္တယ္။

ေတာ္မီေနးကေတာ့ သူ႔ရဲ႕ သြင္းဂိုးအတြက္ ေအာင္ပြဲခံေနတဲ့ ပံုနဲ႔အတူ ကြင္းထဲကို ျမန္ျမန္ေျခခ်ႏုိင္ဖို႔ ၾကိဳးစားမွာ ျဖစ္ေၾကာင္းနဲ႔ အားေပးၾကတာအတြက္ ေက်းဇူးတင္ပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္။ မန္ေနဂ်ာဆိုးရွားကေတာ့ ေတာ္မီေနးရဲ႕ ဒဏ္ရာ အေသးစိတ္ကို ရွက္ဖီးနဲ႔ပြဲမတိုင္ခင္ မီဒီယာေတြ႔ဆံုမႈမွပဲ ထုတ္ေျပာမယ္လို႔ ခန္႔မွန္းရပါတယ္။

ယူႏုိက္တက္ကြင္းလယ္မွာ ေတာ္မီေနး မကစားႏုိင္ေပမယ့္ ေပါ့ဘာ ျပန္လည္ကစားႏုိင္ဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ ဒီရာသီမွာ ပြဲထြက္ခြင့္ နည္းပါးေနတဲ့ မာတစ္လည္း အစားဝင္ ကစားေပးႏုိင္ေနတာျဖစ္ပါတယ္။