ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာဖို့ ဦးတည်မှုတွေ ရှိလာနေပြီး ဒီအခြေအနေကို အထောက်အပံ့ပေးဖို့ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့က မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးကို အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားစဉ် ခြေစွမ်းကောင်းခဲ့တာဟာ ယူနိုက်တက်ရဲ့ တိုးတက်လာမှုရဲ့ အစဖြစ်ခဲ့တယ်။ ဘုန်းမောက်ကို အရေးနိမ့်ခဲ့တာကလွဲလို့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ ပုံစံကောင်းတွေကို ပြန်လည်ပြသနိုင်ခဲ့တယ်။ လောလောဆယ်မှာ သွင်းဂိုးတွေကိုလည်း ပြန်ရယူလာနိုင်ပြီဖြစ်လို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် လုပ်ကိုလုပ်ဆောင်သင့်တဲ့ ဦးစားပေးကိစ္စကြီး လေးခုကို ဖော်ပြသွားပါမယ်။

တိုက်စစ်သမား ခေါ်ယူရမယ်

ယူနိုက်တက် အခြေအနေဆိုးတွေ ရောက်ရှိခဲ့ခြင်းထဲမှာ တိုက်စစ်ကလည်း ပြဿနာတစ်ခုဖြစ်ခဲ့တယ်။ နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး ၁၁ ထိ ပြန်ရလာခဲ့တာက ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တိုက်စစ်မှူး မာရှယ်ကြောင့်လည်း ပါဝင်ပါတယ်။ သြဂုတ်လကနေ အောက်တိုဘာလထိ ကြွက်သားဒဏ်ရာကြောင့် ပြင်သစ်သား တိုက်စစ်သမား အနားယူခဲ့ရတာက ယူနိုက်တက်ကို ပြဿနာကြီးတွေ ပေးခဲ့တာပါ။ တူညီတဲ့ အမှားကို ထပ်မလုပ်ဖို့ ဇန်နဝါရီမှာ တိုက်စစ်ကို သေချာပေါက် အားဖြည့်ရပါမယ်။

ကွင်းလယ်ကို အားဖြည့်ရမယ်

ယူနိုက်တက်ကွင်းလယ်မှာ ဖရတ်နဲ့ ပါရဲရားတို့ တိုးတက်လာတယ်ဆိုပေမယ့် ကွင်းလယ်စာရင်းကို ချရေတွက်မယ်ဆိုရင် ဖရတ်၊ ပါရဲရား၊ တော်မီနေး၊ ပေါ့ဘာနဲ့ မာတစ်တို့ပဲ ရှိပါတယ်။ ပေါ့ဘာနဲ့ မာတစ်ဟာ ကာလတစ်ခုထိ အနားယူမှုတွေ လုပ်နေရတာဖြစ်ပြီး တော်မီနေးကလည်း ဒဏ်ရာရသွားတဲ့ အနေအထားဖြစ်တယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း အားနည်းနေတာဖြစ်ပြီး ဇန်နဝါရီမှာ မာတစ်လည်း ထွက်ခွာသွားနိုင်တာကြောင့် ဦးစားပေးထဲမှာ ကွင်းလယ်ခေါ်ယူမှုကိုလည်း ထည့်ရပါမယ်။

မာတစ်ကို ရောင်းရမယ်

မာတစ်ဟာ ရာသီကုန်ရင် ယူနိုက်တက်နဲ့ စာချုပ်ကုန်မှာဖြစ်ပါတယ်။ သူဟာ ဒီရာသီ ယူနိုက်တက်အတွက် အမှတ်ပေးပွဲ ၂ ပွဲပဲ ကစားထားသလို စာချုပ်သက်တမ်း တိုးးဖို့လည်း မရှိတော့ပါဘူး။ ရာသီကုန်မှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်မယ့်အစား ဇန်နဝါရီမှာတင် ရောင်းထုတ်ပြီး ဆိုးရှားရဲ့ ကစားကွက်နဲ့ ကိုက်ညီမယ့် ကြံ့ခိုင်မှုကောင်းပြီး ငယ်ရွယ်တဲ့ ကစားသမားတစ်ဦးဦးကို ခေါ်ယူသင့်ပါတယ်။

တာဟစ်ချောင်နဲ့ ဂိုးမက်စ်ရဲ့ အနာဂတ်ကို ဖြေရှင်းရမယ်

ယူနိုက်တက် လူငယ်ကစားသမားတွေဖြစ်တဲ့ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ဟာ သူတို့ရဲ့ အလားအလားကောင်းတွေကို ပြသထားပြီး ဖြစ်တယ်။ ဂရင်းဝုဒ်၊ ဝီလီယမ်၊ ဂါနာတို့လိုပဲ သူတို့ကို ကာလရှည် စာချုပ်တွေနဲ့ ထိန်းသိမ်းကာ အကယ်ဒမီကစားသမားတွေအတွက် အလားအလာကောင်းကို လမ်းဖွင့်ပေးပြီး ကလပ်အသင်းအပေါ် စိတ်ဓါတ်ကောင်းရှိတဲ့ ကစားသမားတွေကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ လမ္းေၾကာင္းမွန္ေပၚ ျပန္တက္လာဖို႔ ဦးတည္မႈေတြ ရွိလာေနျပီး ဒီအေျခအေနကို အေထာက္အပံ့ေပးဖို႔ကလည္း ဇန္နဝါရီ အေျပာင္းအေရႊ႔က မၾကာခင္ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးကို အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားစဥ္ ေျခစြမ္းေကာင္းခဲ့တာဟာ ယူႏုိက္တက္ရဲ႕ တိုးတက္လာမႈရဲ႕ အစျဖစ္ခဲ့တယ္။ ဘုန္းေမာက္ကို အေရးနိမ့္ခဲ့တာကလြဲလို႔ ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံုမွာ ပံုစံေကာင္းေတြကို ျပန္လည္ျပသႏုိင္ခဲ့တယ္။ ေလာေလာဆယ္မွာ သြင္းဂိုးေတြကိုလည္း ျပန္ရယူလာႏုိင္ျပီျဖစ္လို႔ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ လုပ္ကိုလုပ္ေဆာင္သင့္တဲ့ ဦးစားေပးကိစၥၾကီး ေလးခုကို ေဖာ္ျပသြားပါမယ္။

တိုက္စစ္သမား ေခၚယူရမယ္

ယူႏုိက္တက္ အေျခအေနဆိုးေတြ ေရာက္ရွိခဲ့ျခင္းထဲမွာ တိုက္စစ္ကလည္း ျပႆနာတစ္ခုျဖစ္ခဲ့တယ္။ ေနာက္ဆံုး ၅ ပြဲမွာ သြင္းဂိုး ၁၁ ထိ ျပန္ရလာခဲ့တာက ဒဏ္ရာကေန ျပန္သက္သာလာတဲ့ တိုက္စစ္မွဴး မာရွယ္ေၾကာင့္လည္း ပါဝင္ပါတယ္။ ၾသဂုတ္လကေန ေအာက္တိုဘာလထိ ၾကြက္သားဒဏ္ရာေၾကာင့္ ျပင္သစ္သား တိုက္စစ္သမား အနားယူခဲ့ရတာက ယူႏုိက္တက္ကို ျပႆနာၾကီးေတြ ေပးခဲ့တာပါ။ တူညီတဲ့ အမွားကို ထပ္မလုပ္ဖို႔ ဇန္နဝါရီမွာ တိုက္စစ္ကို ေသခ်ာေပါက္ အားျဖည့္ရပါမယ္။

ကြင္းလယ္ကို အားျဖည့္ရမယ္

ယူႏုိက္တက္ကြင္းလယ္မွာ ဖရတ္နဲ႔ ပါရဲရားတို႔ တိုးတက္လာတယ္ဆိုေပမယ့္ ကြင္းလယ္စာရင္းကို ခ်ေရတြက္မယ္ဆိုရင္ ဖရတ္၊ ပါရဲရား၊ ေတာ္မီေနး၊ ေပါ့ဘာနဲ႔ မာတစ္တို႔ပဲ ရွိပါတယ္။ ေပါ့ဘာနဲ႔ မာတစ္ဟာ ကာလတစ္ခုထိ အနားယူမႈေတြ လုပ္ေနရတာျဖစ္ျပီး ေတာ္မီေနးကလည္း ဒဏ္ရာရသြားတဲ့ အေနအထားျဖစ္တယ္။ ယူႏုိက္တက္ဟာ ကြင္းလယ္ပိုင္း အားနည္းေနတာျဖစ္ျပီး ဇန္နဝါရီမွာ မာတစ္လည္း ထြက္ခြာသြားႏုိင္တာေၾကာင့္ ဦးစားေပးထဲမွာ ကြင္းလယ္ေခၚယူမႈကိုလည္း ထည့္ရပါမယ္။

မာတစ္ကို ေရာင္းရမယ္

မာတစ္ဟာ ရာသီကုန္ရင္ ယူႏုိက္တက္နဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ပါတယ္။ သူဟာ ဒီရာသီ ယူႏုိက္တက္အတြက္ အမွတ္ေပးပြဲ ၂ ပြဲပဲ ကစားထားသလို စာခ်ဳပ္သက္တမ္း တိုးးဖို႔လည္း မရွိေတာ့ပါဘူး။ ရာသီကုန္မွ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္မယ့္အစား ဇန္နဝါရီမွာတင္ ေရာင္းထုတ္ျပီး ဆိုးရွားရဲ႕ ကစားကြက္နဲ႔ ကိုက္ညီမယ့္ ၾကံ႕ခိုင္မႈေကာင္းျပီး ငယ္ရြယ္တဲ့ ကစားသမားတစ္ဦးဦးကို ေခၚယူသင့္ပါတယ္။

တာဟစ္ေခ်ာင္နဲ႔ ဂိုးမက္စ္ရဲ႕ အနာဂတ္ကို ေျဖရွင္းရမယ္

ယူႏုိက္တက္ လူငယ္ကစားသမားေတြျဖစ္တဲ့ တာဟစ္ေခ်ာင္နဲ႔ ဂိုးမက္စ္တို႔ဟာ သူတို႔ရဲ႕ အလားအလားေကာင္းေတြကို ျပသထားျပီး ျဖစ္တယ္။ ဂရင္းဝုဒ္၊ ဝီလီယမ္၊ ဂါနာတို႔လိုပဲ သူတို႔ကို ကာလရွည္ စာခ်ဳပ္ေတြနဲ႔ ထိန္းသိမ္းကာ အကယ္ဒမီကစားသမားေတြအတြက္ အလားအလာေကာင္းကို လမ္းဖြင့္ေပးျပီး ကလပ္အသင္းအေပၚ စိတ္ဓါတ္ေကာင္းရွိတဲ့ ကစားသမားေတြကို ထိန္းသိမ္းရမွာ ျဖစ္ပါတယ္။