နောက်ထပ် တစ်ပတ်ခွဲလောက် ပွဲကစားစရာ မရှိတာကြောင့် ယူနိုက်တက်မန်နေဂျာဆိုးရှားနဲ့ နည်းပြအဖွဲ့ဝင်တွေက ဒီကာလတွေမှာ သူတို့ အလိုရှိတဲ့ ကစားတွေကို ခြေစွမ်းပိုင်း စောင့်ကြည့်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

မန်နေဂျာဆိုးရှားဟာ နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်ပွဲတွေကို စောင့်ကြည့်ပြီး ဇန်နဝါရီမှာ သူခေါ်ယူလိုတဲ့ ကစားသမားတွေကို ကြည့်ရှုမှာဖြစ်တယ်။ အဆိုပါ စောင့်ကြည့်မှုမှာတော့ မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းလည်း ပါဝင်နေပြီး ယူနိုက်တက်က ခေါ်ယူလိုကာ ပွဲထွက်ခွင့်ရမယ်လို့လည်း သတင်းကြီးနေတဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်လို ကစားသမားတွေ ပါဝင်နေပါတယ်။

မန်နေဂျာဆိုးရှားက တိုက်စစ်ပိုင်းကို အင်အားဖြည့်မှုတွေ လုပ်လိုနေတာကြောင့် အင်္ဂလန်ပွဲပြီးရင် ဇာတိမြေကို ပြန်ပြီး နော်ဝေအသင်းပွဲကိုလည်း ကြည့်ရှုကာ တိုက်စစ်သမား ဟိုလန်ရဲ့ အနေအထားကိုလည်း တီးခေါက်သွားမယ်လို့ သိရတယ်။ ဆဲလ်ဘတ်အသင်း တိုက်စစ်သမားဟာ ဆိုးရှားရဲ့ တပည့်ဟောင်းလည်းဖြစ်ကာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ စိတ်င်စားနေသူပါ။

ယူနိုက်တက် တာဝန်ရှိသူတွေက ဂျာမနီနဲ့ ဘယ်လာရုစ်ပွဲ၊ ခရိုအေးရှားပွဲတွေကို တက်ရောက်ကာ တိုက်စစ်သမား ဝါနာနဲ့ ကွင်းလယ်လူ ရာကီတစ်တို့ကို တက်ရောက်ကြည့်မယ်လို့လည်း သတင်းရထားတယ်။ သူတို့နှစ်ဦးဟာ ယူနိုက်တက်နဲ့ ကာလရှည် သတင်းထွက်ထားခဲ့ပေမယ့် နွေတုန်းကတော့ ချိတ်ဆက်မှုတွေဟာ တိုးတက်လာတဲ့ အနေအထားကို မမြင်ခဲ့ရပါဘူး။ ဘာစီလိုနာမှာ နေရာမရဖြစ်နေတဲ့ ရာကီတစ်ဟာ ထိပ်တန်းခြေစွမ်းမှာ ရှိနေဆဲ ကစားသမားလည်း ဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် မန်နေဂျာဆိုးရှားဟာ နိုင်ငံတကာသီတင်းပတ်မှာ အီတလီကိုလည်း သွားဖို့ စီစဉ်ထားပြီး စီးရီးအေမှာ တောက်ပနေတဲ့ ကွင်းလယ်လူ တိုနယ်လီကို စောင့်ကြည့်မှုလည်း လုပ်ဖွယ်ရှိတယ်။ တိုနယ်လီဟာ ပီယာလိုလက်သစ်အဖြစ် နာမည်ကျော်နေတဲ့ ကစားသမားဖြစ်ကာ ယူနိုက်တက် လိုအပ်နေတဲ့ လူငယ်သွေးသစ်ပိုင်းအတွက် စောင့်ကြည့်ခံနေရသူလည်း ဖြစ်ပါတယ်။

ZAWGYI

ေနာက္ထပ္ တစ္ပတ္ခြဲေလာက္ ပြဲကစားစရာ မရွိတာေၾကာင့္ ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားနဲ႔ နည္းျပအဖြဲ႔ဝင္ေတြက ဒီကာလေတြမွာ သူတို႔ အလိုရွိတဲ့ ကစားေတြကို ေျခစြမ္းပိုင္း ေစာင့္ၾကည့္မႈေတြ ျပဳလုပ္မယ္လို႔ သိရပါတယ္။

မန္ေနဂ်ာဆိုးရွားဟာ ႏုိင္ငံတကာသီတင္းပတ္မွာ လက္ေရြးစင္ပြဲေတြကို ေစာင့္ၾကည့္ျပီး ဇန္နဝါရီမွာ သူေခၚယူလိုတဲ့ ကစားသမားေတြကို ၾကည့္ရႈမွာျဖစ္တယ္။ အဆိုပါ ေစာင့္ၾကည့္မႈမွာေတာ့ မြန္တီနီဂရိုးနဲ႔ ယွဥ္ျပိဳင္မယ့္ အဂၤလန္အသင္းလည္း ပါဝင္ေနျပီး ယူႏုိက္တက္က ေခၚယူလိုကာ ပြဲထြက္ခြင့္ရမယ္လို႔လည္း သတင္းၾကီးေနတဲ့ ဆန္ခ်ိဳနဲ႔ မတ္ဒီဆန္လို ကစားသမားေတြ ပါဝင္ေနပါတယ္။

မန္ေနဂ်ာဆိုးရွားက တိုက္စစ္ပိုင္းကို အင္အားျဖည့္မႈေတြ လုပ္လိုေနတာေၾကာင့္ အဂၤလန္ပြဲျပီးရင္ ဇာတိေျမကို ျပန္ျပီး ေနာ္ေဝအသင္းပြဲကိုလည္း ၾကည့္ရႈကာ တိုက္စစ္သမား ဟိုလန္ရဲ႕ အေနအထားကိုလည္း တီးေခါက္သြားမယ္လို႔ သိရတယ္။ ဆဲလ္ဘတ္အသင္း တိုက္စစ္သမားဟာ ဆိုးရွားရဲ႕ တပည့္ေဟာင္းလည္းျဖစ္ကာ ပရီးမီးယားလိဂ္ကို ေျပာင္းလာဖို႔ စိတ္င္စားေနသူပါ။

ယူႏုိက္တက္ တာဝန္ရွိသူေတြက ဂ်ာမနီနဲ႔ ဘယ္လာရုစ္ပြဲ၊ ခရိုေအးရွားပြဲေတြကို တက္ေရာက္ကာ တိုက္စစ္သမား ဝါနာနဲ႔ ကြင္းလယ္လူ ရာကီတစ္တို႔ကို တက္ေရာက္ၾကည့္မယ္လို႔လည္း သတင္းရထားတယ္။ သူတို႔ႏွစ္ဦးဟာ ယူႏုိက္တက္နဲ႔ ကာလရွည္ သတင္းထြက္ထားခဲ့ေပမယ့္ ေႏြတုန္းကေတာ့ ခ်ိတ္ဆက္မႈေတြဟာ တိုးတက္လာတဲ့ အေနအထားကို မျမင္ခဲ့ရပါဘူး။ ဘာစီလိုနာမွာ ေနရာမရျဖစ္ေနတဲ့ ရာကီတစ္ဟာ ထိပ္တန္းေျခစြမ္းမွာ ရွိေနဆဲ ကစားသမားလည္း ျဖစ္ပါတယ္။

အသက္ ၄၆ ႏွစ္အရြယ္ မန္ေနဂ်ာဆိုးရွားဟာ ႏုိင္ငံတကာသီတင္းပတ္မွာ အီတလီကိုလည္း သြားဖို႔ စီစဥ္ထားျပီး စီးရီးေအမွာ ေတာက္ပေနတဲ့ ကြင္းလယ္လူ တိုနယ္လီကို ေစာင့္ၾကည့္မႈလည္း လုပ္ဖြယ္ရွိတယ္။ တိုနယ္လီဟာ ပီယာလိုလက္သစ္အျဖစ္ နာမည္ေက်ာ္ေနတဲ့ ကစားသမားျဖစ္ကာ ယူႏုိက္တက္ လိုအပ္ေနတဲ့ လူငယ္ေသြးသစ္ပိုင္းအတြက္ ေစာင့္ၾကည့္ခံေနရသူလည္း ျဖစ္ပါတယ္။