ချယ်ဆီးအသင်း တောင်ပံသမား အိုဒွိုင်းက အင်္ဂလန်လက်ရွေးစင်နဲ့ ပူးပေါင်းစဉ် ဂါးဒီးယန်းသတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ကလပ်အသင်းမန်နေဂျာ လမ်းပတ်ရဲ့ သူ့အပေါ် ကိုင်တွယ်မှုပုံစံကို ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

အိုဒွိုင်ဟာ မန်နေဂျာလမ်းပတ်အောက်မှာ နေရာရလာတဲ့ ကစားသမားဖြစ်ပေမယ့် မန်နေဂျာက သူ့အပေါ်မှာ ချိုသာစွာ ကိုင်တွယ်တာတော့ မဟုတ်ဘူးလို့ ဆိုတယ်။ ခြေစွမ်းကောင်းတွေကို ပြသခွင့်ရနေပေမယ့် မန်နေဂျာက အသင်းသားတွေအပေါ် ကိုင်တွယ်မှုက ပြင်းထန်မှုရှိကာ ကြမ်းတမ်းပါတယ်လို့လည်း အိုဒွိုင်းက ပြောပါတယ်။

လူငယ်တိုက်စစ်သမား ပြောဆိုမှုက လမ်းပတ်ကို အထင်ကြီးတဲ့ အနေအထားဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ဖော်နိုင်အောင် ပြင်းထန်ကြမ်းတမ်းတဲ့ တောင်းဆိုမှုတွေကို လုပ်တတ်သူလို့ ဆိုလိုတာပါ။ ဒါဟာ ချယ်ဆီးလူငယ်တွေ ခြေစွမ်း တိုးတက်လာခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။

အိုဒွိုင်းက ပြောရာမှာ “ သူက ကျနော်အပေါ် ကိုင်တွယ်တာ ကြမ်းတယ်ဗျ ဒါပေမယ့် ဒါက ကောင်းတဲ့ လမ်းကြောင်းးပါပဲ။ သူက ကျနော်ကို ပိုပြီး ကောင်းလာစေချင်တာလေ။ မန်နေဂျာက အနိုင်ရလိုတယ်၊ သူက အကောင်းဆုံးနည်းလမ်းနဲ့ အနိုင်ရလိုတယ်။ သူက ပိုပိုပြီး ကောင်းလာတာမျိုးကိုလည်း မြင်လိုတယ်။ ဒါကြောင့်လည်း ဒီနည်းလမ်းအတိုင်း ကျနော်တို့အပေါ် ကြမ်းရတာပါပဲ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

အိုဒွိုင်းဟာ ချယ်ဆီးမှာတော့ အမေရိကန်တိုက်စစ်သမား ပူလာဆစ်နဲ့အတူ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်နေရသူပါ။ သူဟာ ဒီရာသီ ချယ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၆ ပွဲ ပါဝင်ကစားထားပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့်လို့ ဒီရာသီ ချယ်ဆီးအတွက် လိဂ်သွင်းဂိုး ရဖို့တော့ စောင့်နေရဆဲဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္း ေတာင္ပံသမား အိုဒိြဳင္းက အဂၤလန္လက္ေရြးစင္နဲ႔ ပူးေပါင္းစဥ္ ဂါးဒီးယန္းသတင္းစာနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ကလပ္အသင္းမန္ေနဂ်ာ လမ္းပတ္ရဲ႕ သူ႔အေပၚ ကိုင္တြယ္မႈပံုစံကုိ ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ပါတယ္။

အိုဒိြဳင္ဟာ မန္ေနဂ်ာလမ္းပတ္ေအာက္မွာ ေနရာရလာတဲ့ ကစားသမားျဖစ္ေပမယ့္ မန္ေနဂ်ာက သူ႔အေပၚမွာ ခ်ိဳသာစြာ ကိုင္တြယ္တာေတာ့ မဟုတ္ဘူးလို႔ ဆိုတယ္။ ေျခစြမ္းေကာင္းေတြကို ျပသခြင့္ရေနေပမယ့္ မန္ေနဂ်ာက အသင္းသားေတြအေပၚ ကိုင္တြယ္မႈက ျပင္းထန္မႈရွိကာ ၾကမ္းတမ္းပါတယ္လို႔လည္း အိုဒိြဳင္းက ေျပာပါတယ္။

လူငယ္တိုက္စစ္သမား ေျပာဆိုမႈက လမ္းပတ္ကို အထင္ၾကီးတဲ့ အေနအထားျဖစ္ျပီး အေကာင္းဆံုး ေျခစြမ္းေတြကို ထုတ္ေဖာ္ႏုိင္ေအာင္ ျပင္းထန္ၾကမ္းတမ္းတဲ့ ေတာင္းဆိုမႈေတြကို လုပ္တတ္သူလို႔ ဆိုလိုတာပါ။ ဒါဟာ ခ်ယ္ဆီးလူငယ္ေတြ ေျခစြမ္း တိုးတက္လာျခင္းရဲ႕ အဓိက အေၾကာင္းရင္းတစ္ခ်က္လည္း ျဖစ္ပါတယ္။

အိုဒိြဳင္းက ေျပာရာမွာ “ သူက က်ေနာ္အေပၚ ကိုင္တြယ္တာ ၾကမ္းတယ္ဗ် ဒါေပမယ့္ ဒါက ေကာင္းတဲ့ လမ္းေၾကာင္းးပါပဲ။ သူက က်ေနာ္ကို ပိုျပီး ေကာင္းလာေစခ်င္တာေလ။ မန္ေနဂ်ာက အႏုိင္ရလိုတယ္၊ သူက အေကာင္းဆံုးနည္းလမ္းနဲ႔ အႏုိင္ရလိုတယ္။ သူက ပိုပိုျပီး ေကာင္းလာတာမ်ိဳးကိုလည္း ျမင္လိုတယ္။ ဒါေၾကာင့္လည္း ဒီနည္းလမ္းအတိုင္း က်ေနာ္တို႔အေပၚ ၾကမ္းရတာပါပဲ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

အိုဒိြဳင္းဟာ ခ်ယ္ဆီးမွာေတာ့ အေမရိကန္တိုက္စစ္သမား ပူလာဆစ္နဲ႔အတူ ေနရာတစ္ေနရာအတြက္ ျပိဳင္ဆိုင္ေနရသူပါ။ သူဟာ ဒီရာသီ ခ်ယ္ဆီးအတြက္ ပရီးမီးယားလိဂ္ပြဲ ၆ ပြဲ ပါဝင္ကစားထားျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။ ဒါေပမယ့္လို႔ ဒီရာသီ ခ်ယ္ဆီးအတြက္ လိဂ္သြင္းဂိုး ရဖို႔ေတာ့ ေစာင့္ေနရဆဲျဖစ္ပါတယ္။