ဒေးလီးမေလ်းရဲ့ အဆိုအရ လမ်းပတ်ဟာ သူ့ရဲ့ ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးသော အင်တာဗျူးမှာတင် အသင်းသားတွေထံက လေးစားချစ်ခင်မှုကို ရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းသားတွေဟာ မန်နေဂျာဆာရီရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို မနှစ်သက်ပေမယ့်လည်း မန်နေဂျာလမ်းပတ်ကိုတော့ အတော်လေး အထင်ကြီးကြတာပါ။ ဒီအတွက်လည်း ကလပ်အသင်းကို လက်ထောက်နည်းပြဖြစ်တဲ့ Jody Morris အတူ ဝင်ရောက်ခဲ့တဲ့ ပထမဆုံးရက်ကတည်းက လမ်းပတ်က စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်က သူကိုင်တွယ်ရမယ့် ကလပ်အသင်းကို လေးစားမှုရှိပြီး သူ့ရဲ့ အစီအစဉ်မှာ အားလုံး ပါဝင်ကူညီနိုင်တယ်ဆိုတာကို သိသာစေတဲ့ အပြုအမှုကို လုပ်ခဲ့တယ်။ မေလ်းရဲ့ အဆိုအရ လေ့ကျင့်ရေး ပထမဆုံးနေ့မှာ လမ်းပတ်ဟာ အကယ်ဒမီကစားသမားကို သူတို့ဟာ ကလပ်အသင်းအတွက် ဘယ်လောက်တောင် အရေးကြီးကြလဲဆိုတာကို ရှင်းလင်မှု လုပ်ခဲ့ပြီး ဖိအားဝင်နေမှုတွေကို လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။

မန်နေဂျာလမ်းပတ်ဟာ ချယ်ဆီးအသင်းက ဝန်ထမ်းအားလုံးကိုလည်း ခေါ်ယူပြီး ကလပ်အသင်း တိုးတက်လာအောင် ကူညီပေးနိုင်ဖို့ အားလုံးကို တံခါးဖွင့်ထားကြောင့် တွေ့ဆုံ ပြောဆိုခဲ့တယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒီလို လုပ်ဆောင်မှုတွေက ဆာရီတုန်းက အနေအထားနဲ့ မတူညီပဲ ချယ်ဆီးအသင်းဝန်ထမ်းတွေကို ကျေနပ်မှုတွေ ဖြစ်စေခဲ့တယ်လို့ သိရတယ်။

အကောင်းမြင်နိုင်တဲ့ ဒီခံစားချက်တွေက ချယ်ဆီးရဲ့ ရလဒ်ပိုင်းမှာပါ လွှမ်းမိုးနိုင်မှု ရှိခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက် ရလာတဲ့ ကလပ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် သုံးနေရာမှာပါ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟာဇက်ထွက်ခွာသွားသလို အပြောင်းအရွှေ့ ပိတ်ခံထားရတဲ့ အနေအထားမှာ လမ်းပတ်ရဲ့ လူငယ်တွေကို ယုံကြည်မှုနဲ့ အသင်းဝန်ထမ်းတွေကို စည်းရုံးနိုင်စွမ်းက ဖိအားတွေကနေ ကျော်ဖြတ်ဖို့ အင်အားတွေ ဖြစ်စေခြ့တာပါ။

ချယ်ဆီးက စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြသနေသလို အဓိက ကစားသမားတွေ အားလုံးလည်း ပြန်ကစားလာနိုင်သလောက် ရှိလာနေပါပြီ။ လက်ရှိ ပုံစံကို ထိန်းသိမ်းပြီး နိုင်ငံတကာသီတင်းပတ်အကုန်မှာ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ်ဆိုရင်တော့ ဒီရာသီ လီဗာပူးကို စိန်ခေါ်မယ့် ကလပ်အသင်းက ချယ်ဆီးအသင်းဖြစ်ကြောင်းကို သက်သေထူနိုင်တော့မှာ ဖြစ်ပါတယ်။

ZAWGYI

ေဒးလီးေမလ္းရဲ႕ အဆိုအရ လမ္းပတ္ဟာ သူ႔ရဲ႕ ခ်ယ္ဆီးမန္ေနဂ်ာဘဝ ပထမဆံုးေသာ အင္တာဗ်ဴးမွာတင္ အသင္းသားေတြထံက ေလးစားခ်စ္ခင္မႈကို ရရွိေအာင္ စြမ္းေဆာင္သြားႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းသားေတြဟာ မန္ေနဂ်ာဆာရီရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြကို မႏွစ္သက္ေပမယ့္လည္း မန္ေနဂ်ာလမ္းပတ္ကိုေတာ့ အေတာ္ေလး အထင္ၾကီးၾကတာပါ။ ဒီအတြက္လည္း ကလပ္အသင္းကို လက္ေထာက္နည္းျပျဖစ္တဲ့ Jody Morris အတူ ဝင္ေရာက္ခဲ့တဲ့ ပထမဆံုးရက္ကတည္းက လမ္းပတ္က စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

လမ္းပတ္က သူကိုင္တြယ္ရမယ့္ ကလပ္အသင္းကို ေလးစားမႈရွိျပီး သူ႔ရဲ႕ အစီအစဥ္မွာ အားလံုး ပါဝင္ကူညီႏုိင္တယ္ဆိုတာကို သိသာေစတဲ့ အျပဳအမႈကို လုပ္ခဲ့တယ္။ ေမလ္းရဲ႕ အဆိုအရ ေလ့က်င့္ေရး ပထမဆံုးေန႔မွာ လမ္းပတ္ဟာ အကယ္ဒမီကစားသမားကို သူတို႔ဟာ ကလပ္အသင္းအတြက္ ဘယ္ေလာက္ေတာင္ အေရးၾကီးၾကလဲဆိုတာကို ရွင္းလင္မႈ လုပ္ခဲ့ျပီး ဖိအားဝင္ေနမႈေတြကို ေလ်ာ့က်ေစခဲ့တယ္လို႔ သိရပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ ခ်ယ္ဆီးအသင္းက ဝန္ထမ္းအားလံုးကိုလည္း ေခၚယူျပီး ကလပ္အသင္း တိုးတက္လာေအာင္ ကူညီေပးနုိင္ဖို႔ အားလံုးကို တံခါးဖြင့္ထားေၾကာင့္ ေတြ႔ဆံု ေျပာဆိုခဲ့တယ္။ ပုဂၢိဳလ္ေရးဆိုင္ရာ ဒီလို လုပ္ေဆာင္မႈေတြက ဆာရီတုန္းက အေနအထားနဲ႔ မတူညီပဲ ခ်ယ္ဆီးအသင္းဝန္ထမ္းေတြကို ေက်နပ္မႈေတြ ျဖစ္ေစခဲ့တယ္လို႔ သိရတယ္။

အေကာင္းျမင္နုိင္တဲ့ ဒီခံစားခ်က္ေတြက ခ်ယ္ဆီးရဲ႕ ရလဒ္ပိုင္းမွာပါ လႊမ္းမိုးႏုိင္မႈ ရွိခဲ့ျပီး ရလဒ္ေကာင္းေတြ ဆက္တုိက္ ရလာတဲ့ ကလပ္ဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ သံုးေနရာမွာပါ ရပ္တည္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။ ဟာဇက္ထြက္ခြာသြားသလို အေျပာင္းအေရႊ႔ ပိတ္ခံထားရတဲ့ အေနအထားမွာ လမ္းပတ္ရဲ႕ လူငယ္ေတြကို ယံုၾကည္မႈနဲ႔ အသင္းဝန္ထမ္းေတြကို စည္းရံုးႏုိင္စြမ္းက ဖိအားေတြကေန ေက်ာ္ျဖတ္ဖို႔ အင္အားေတြ ျဖစ္ေစချ့တာပါ။

ခ်ယ္ဆီးက စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္တုိက္ ျပသေနသလို အဓိက ကစားသမားေတြ အားလံုးလည္း ျပန္ကစားလာႏုိင္သေလာက္ ရွိလာေနပါျပီ။ လက္ရွိ ပံုစံကုိ ထိန္းသိမ္းျပီး ႏုိင္ငံတကာသီတင္းပတ္အကုန္မွာ မန္စီးတီးကို ယွဥ္ျပိဳင္ႏုိင္မယ္ဆိုရင္ေတာ့ ဒီရာသီ လီဗာပူးကို စိန္ေခၚမယ့္ ကလပ္အသင္းက ခ်ယ္ဆီးအသင္းျဖစ္ေၾကာင္းကို သက္ေသထူႏုိင္ေတာ့မွာ ျဖစ္ပါတယ္။