နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းအဖြစ် ၃-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် လီဗာပူးဟာ ကာလရှည် ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ ရေပန်းစားမှု မြင့်မားလာပြီဖြစ်ပါတယ်။

အမှတ်ပေးပြိုင်ပွဲ ၂၆ ပွဲ ကစားဖို့ ကျန်သေးတဲ့ အနေအထားမှာ လီဗာပူးက အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ထားတာဖြစ်ပြီး အဓိကပြိုင်ဘက် မန်စီးတီးကို ၉ မှတ်ထိ ဖြတ်ထားတာဖြစ်တယ်။ ဘာမဆိုဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပေမယ့် လီဗာပူးအသင်းရဲ့ နောက်ဆုံး စွမ်းဆောင်ထားတဲ့ အမှတ်ပေးပွဲ ၃၈ ပွဲကို ကြည့်မယ်ဆိုရင် အတော်ကောင်းတဲ့ အနေအထားကို ပိုင်ဆိုင်ထားတာကို တွေ့ရမှာဖြစ်တယ်။

ဒီရာသီ ၁၂ ပွဲ ကစားပြီးချိန်မှာ လီဗာပူးဟာ ၁၁ ပွဲနိုင် ၁ ပွဲသရေကျထားပြီး ရနိုင်တဲ့ ရမှတ် ၃၆ မှတ်ထဲက ၃၄ မှတ်ထိကို ရယူထားနိုင်ပါတယ်။ ပိုကောင်းတဲ့ မှတ်တမ်းဆိုရင်တော့ ကုန်ခဲ့တဲ့ အမှတ်ပေးပွဲ ၃၈ ပွဲမှာ လီဗာပူးဟာ ၃၂ ပွဲထိ အနိုင်ရထားပြီး ၅ ပွဲ သရေကျကာ တစ်ပွဲပဲ အရေးနိမ့်ထားတာပါ။ ရမှတ်စုစုပေါင်းမှာလည်း ၁၀၁ မှတ်ထိ ရယူထားနိုင်တာဖြစ်တယ်။

ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ် အမြင့်ဆုံးအဖြစ် မန်စီးတီး ရယူထားတဲ့ ရမှတ် ၁၀၀ စံချိန်ထက်တောင် ပိုများတဲ့ မှတ်တမ်းကောင်း တစ်ခုလည်းဖြစ်တယ်။ ဒီမှတ်တမ်းက ဘာကိုဆိုလိုသလဲဆိုရင် ဒီနှစ် အစကတည်းက လီဗာပူးဟာ ရလဒ်အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တည်ငြိမ်လွန်းပြီး တစ်ပွဲပျှမ်းမျှ ရမှတ် ၂.၆၆ မှတ်ထိ စုဆောင်းနိုင်တာလည်း ဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၃၈ ပွဲအရဆိုရင် မန်စီးတီးက ရမှတ် ၉၁ မှတ်ပဲ ရယထားနိုင်ကာ ချယ်ဆီးက ရမှတ် ၇၀၊ အာဆင်နယ်က ၆၃ မှတ်နဲ့ ယူနိုက်တက်က ရမှတ် ၆၂ မှတ်ပဲ ရယူထားနိုင်တာပါ။ အဓိက ပြိုင်ဘက်တွေထဲက မန်စီးတီးကလွဲရင် ကျန်အသင်းတွေက လီဗာပူးရဲ့ ရမှတ်ရယူနိုင်စွမ်းထက် အမှတ် ၃၀ လောက်ထိကို ကျော့နည်းနေကြတာဖြစ်တယ်။

ဒီအနေအထားကို ဆက်ထိန်းပြီး လီဗာပူးတို့ ရမှတ်ကောင်းတွေ ဆက်ရဖို့ဆိုရင် အဓိက ကစားသမားတွေကို ကြံ့ခိုင်မှု အကောင်းဆုံးတွေမှာ ဆက်ထိန်းထားဖို့ လိုအပ်မှာဖြစ်ကာ မှန်ကန်တဲ့ လူထုတ်ပုံတွေနဲ့ ပွဲကို ဆက်လက် လွှမ်းမိုးနိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

ZAWGYI

ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ မန္စီးတီးနဲ႔ပြဲမွာ ရလဒ္ေကာင္းအျဖစ္ ၃-၁ နဲ႔ အနုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာေၾကာင့္ လီဗာပူးဟာ ကာလရွည္ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔ ေရပန္းစားမႈ ျမင့္မားလာျပီျဖစ္ပါတယ္။

အမွတ္ေပးျပိဳင္ပြဲ ၂၆ ပြဲ ကစားဖို႔ က်န္ေသးတဲ့ အေနအထားမွာ လီဗာပူးက အမွတ္ေပးဇယားကို ၈ မွတ္ျဖတ္ထားတာျဖစ္ျပီး အဓိကျပိဳင္ဘက္ မန္စီးတီးကို ၉ မွတ္ထိ ျဖတ္ထားတာျဖစ္တယ္။ ဘာမဆိုျဖစ္လာႏုိင္တဲ့ အေနအထားျဖစ္ေပမယ့္ လီဗာပူးအသင္းရဲ႕ ေနာက္ဆံုး စြမ္းေဆာင္ထားတဲ့ အမွတ္ေပးပြဲ ၃၈ ပြဲကို ၾကည့္မယ္ဆိုရင္ အေတာ္ေကာင္းတဲ့ အေနအထားကို ပိုင္ဆုိင္ထားတာကို ေတြ႔ရမွာျဖစ္တယ္။

ဒီရာသီ ၁၂ ပြဲ ကစားျပီးခ်ိန္မွာ လီဗာပူးဟာ ၁၁ ပြဲႏုိင္ ၁ ပြဲသေရက်ထားျပီး ရႏုိင္တဲ့ ရမွတ္ ၃၆ မွတ္ထဲက ၃၄ မွတ္ထိကို ရယူထားႏုိင္ပါတယ္။ ပိုေကာင္းတဲ့ မွတ္တမ္းဆိုရင္ေတာ့ ကုန္ခဲ့တဲ့ အမွတ္ေပးပြဲ ၃၈ ပြဲမွာ လီဗာပူးဟာ ၃၂ ပြဲထိ အႏုိင္ရထားျပီး ၅ ပြဲ သေရက်ကာ တစ္ပြဲပဲ အေရးနိမ့္ထားတာပါ။ ရမွတ္စုစုေပါင္းမွာလည္း ၁၀၁ မွတ္ထိ ရယူထားႏုိင္တာျဖစ္တယ္။

ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ရမွတ္ အျမင့္ဆံုးအျဖစ္ မန္စီးတီး ရယူထားတဲ့ ရမွတ္ ၁၀၀ စံခ်ိန္ထက္ေတာင္ ပိုမ်ားတဲ့ မွတ္တမ္းေကာင္း တစ္ခုလည္းျဖစ္တယ္။ ဒီမွတ္တမ္းက ဘာကိုဆိုလိုသလဲဆိုရင္ ဒီႏွစ္ အစကတည္းက လီဗာပူးဟာ ရလဒ္အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ တည္ျငိမ္လြန္းျပီး တစ္ပြဲပွ်မ္းမွ် ရမွတ္ ၂.၆၆ မွတ္ထိ စုေဆာင္းႏုိင္တာလည္း ျဖစ္ပါတယ္။

ကုန္ခဲ့တဲ့ ၃၈ ပြဲအရဆိုရင္ မန္စီးတီးက ရမွတ္ ၉၁ မွတ္ပဲ ရယထားႏုိင္ကာ ခ်ယ္ဆီးက ရမွတ္ ၇၀၊ အာဆင္နယ္က ၆၃ မွတ္နဲ႔ ယူႏုိက္တက္က ရမွတ္ ၆၂ မွတ္ပဲ ရယူထားႏုိင္တာပါ။ အဓိက ျပိဳင္ဘက္ေတြထဲက မန္စီးတီးကလြဲရင္ က်န္အသင္းေတြက လီဗာပူးရဲ႕ ရမွတ္ရယူႏုိင္စြမ္းထက္ အမွတ္ ၃၀ ေလာက္ထိကို ေက်ာ့နည္းေနၾကတာျဖစ္တယ္။

ဒီအေနအထားကို ဆက္ထိန္းျပီး လီဗာပူးတို႔ ရမွတ္ေကာင္းေတြ ဆက္ရဖို႔ဆိုရင္ အဓိက ကစားသမားေတြကို ၾကံ႕ခိုင္မႈ အေကာင္းဆံုးေတြမွာ ဆက္ထိန္းထားဖို႔ လိုအပ္မွာျဖစ္ကာ မွန္ကန္တဲ့ လူထုတ္ပံုေတြနဲ႔ ပြဲကို ဆက္လက္ လႊမ္းမိုးႏုိင္ဖို႔ လိုအပ္မွာပဲ ျဖစ္ပါတယ္။