လီဗာပူးက ကလပ်အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဖြစ်ခဲ့တဲ့ ကော်တင်ညိုကို ရောင်းထုတ်ခဲ့ပြီးနောက် အစားထိုး ပြန်လည်ခေါ်ယူမှု မလုပ်ရခြင်းအပေါ် ကလပ်ဂန္တဝင်ဖြစ်သူ ရော်ဘီဖောင်လာက သူ့ရဲ့ အမြင်ကို ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။

ဖော်လာကတော့ ကလော့ပ်က ကွင်းလယ်ဖန်တီးရှင်ကို မခေါ်ယူတာက အစားထိုးဖို့ ဆန္ဒမရှိလို့ဖြစ်တယ်လို့ မြင်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီတုန်းက အန်ဖီးကနေ နျူးကမ့်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ ကော်တင်ညိုဟာ လီဗာပူးအတွက်တော့ လွှမ်းမိုးမှု အကြီးမားဆုံးသော ဖန်တီးရှင်လည်း ဖြစ်ပါတယ်။

သူ့ကို နံပါတ် ၁၀ နေရာက ထားကစားစေပြီး ဆာလက်၊ ဖာမင်နို၊ မာနေးတို့ကို တိုက်စစ်တင်ခဲ့တဲ့ အချိန်ကာလက လီဗာပူးအတွက် အကောင်းဆုံး တိုက်စစ်အတွဲကို ရှာဖွေတွေ့တဲ့ကာလလို့ တင်စားခဲ့မှုတွေလည်းရှိတယ်။ အဲ့တုန်းကတော့ တိုက်စစ်သုံးယောက်တွဲက တွဲဘက်ကာစဖြစ်လို့ ယခုလောက်တောင် ထက်မြက်မှု မရှိသေးတဲ့ အချိန်ဖြစ်ပါတယ်။

ဖောင်လာက သူ့အမြင်ကို ပြောာမှာ “ မန်နေဂျာတစ်ယောက်အနေနဲ့ ယာဂင်ကလော့ပ်က ကော်တင်ညိုကို ရှင်းထုတ်ပြီးနောက် သူကတော့ ဆက်သွားလိုတာပေါ့။ ဒါပေမယ့် ပရိသတ်တွေဘက်က အမြဲတမ်း တောင်းဆိုတာက ကော်တင်ညိုနေရာ ပြန်လည် အားထိုးဖို့ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က ပြန်လည် အစားထိုးတာကို မလုပ်လိုတော့ဘူး။ သူက လှုပ်အားနှုန်းမှာ ပိုကောင်းပြီး လီဗာပူးအတွက် ပိုအကျိုးဖြစ်မယ့် ခြားနားတဲ့ ကစားသမားမျိုးကိုပဲ ပြန်လည် ခေါ်ယူလိယတယ်။

ဒါက သူလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး ဖြစ်အောင် လုပ်နိုင်ခဲ့တာအတွက်လည်း ယာဂင်ကလေ့ာပ်ကို အများကြီး အသိအမှတ် ပြုရမှာဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးအတွက် ဖန်တီးရှင်အစား ဖာဘင်ညို၊ ကီတာတို့လို ကစားသမားတွေကို ပြန်ခေါ်ခဲ့မှုအရ သူဟာ ကွင်းလယ်ကို လှုပ်အားနဲ့ဖြည့်ပြီး ပြိုင်ဘက်ကို လွှမ်းမိုးကစားတဲ့ ကစားဟန်ကို ပြောင်းလဲလိုခဲ့တာပါ။ ဒါက အလုပ်ဖြစ်ခဲ့ပါတယ်လို့ ဖောင်လာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ကလပ္အသင္းရဲ႕ အဓိက ကြင္းလယ္ဖန္တီးရွင္ ျဖစ္ခဲ့တဲ့ ေကာ္တင္ညိဳကို ေရာင္းထုတ္ခဲ့ျပီးေနာက္ အစားထိုး ျပန္လည္ေခၚယူမႈ မလုပ္ရျခင္းအေပၚ ကလပ္ဂႏၱဝင္ျဖစ္သူ ေရာ္ဘီေဖာင္လာက သူ႔ရဲ႕ အျမင္ကို ေျပာဆိုမႈ လုပ္သြားခဲ့ပါတယ္။

ေဖာ္လာကေတာ့ ကေလာ့ပ္က ကြင္းလယ္ဖန္တီးရွင္ကို မေခၚယူတာက အစားထိုးဖို႔ ဆႏၵမရွိလို႔ျဖစ္တယ္လို႔ ျမင္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီတုန္းက အန္ဖီးကေန ႏ်ဴးကမ့္ကို ၾကီးမားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ရွိခဲ့တဲ့ ေကာ္တင္ညိဳဟာ လီဗာပူးအတြက္ေတာ့ လႊမ္းမိုးမႈ အၾကီးမားဆံုးေသာ ဖန္တီးရွင္လည္း ျဖစ္ပါတယ္။

သူ႔ကို နံပါတ္ ၁၀ ေနရာက ထားကစားေစျပီး ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔ကို တိုက္စစ္တင္ခဲ့တဲ့ အခ်ိန္ကာလက လီဗာပူးအတြက္ အေကာင္းဆံုး တိုက္စစ္အတြဲကို ရွာေဖြေတြ႔တဲ့ကာလလို႔ တင္စားခဲ့မႈေတြလည္းရွိတယ္။ အဲ့တုန္းကေတာ့ တိုက္စစ္သံုးေယာက္တြဲက တြဲဘက္ကာစျဖစ္လို႔ ယခုေလာက္ေတာင္ ထက္ျမက္မႈ မရွိေသးတဲ့ အခ်ိန္ျဖစ္ပါတယ္။

ေဖာင္လာက သူ႔အျမင္ကို ေျပာာမွာ “ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ ယာဂင္ကေလာ့ပ္က ေကာ္တင္ညိဳကို ရွင္းထုတ္ျပီးေနာက္ သူကေတာ့ ဆက္သြားလိုတာေပါ့။ ဒါေပမယ့္ ပရိသတ္ေတြဘက္က အျမဲတမ္း ေတာင္းဆိုတာက ေကာ္တင္ညိဳေနရာ ျပန္လည္ အားထိုးဖို႔ ျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္က ျပန္လည္ အစားထိုးတာကို မလုပ္လိုေတာ့ဘူး။ သူက လႈပ္အားႏႈန္းမွာ ပိုေကာင္းျပီး လီဗာပူးအတြက္ ပိုအက်ိဳးျဖစ္မယ့္ ျခားနားတဲ့ ကစားသမားမ်ိဳးကိုပဲ ျပန္လည္ ေခၚယူလိယတယ္။

ဒါက သူလုပ္ဖို႔ ရည္ရြယ္ခဲ့တဲ့ လမ္းေၾကာင္းျဖစ္ျပီး ျဖစ္ေအာင္ လုပ္ႏုိင္ခဲ့တာအတြက္လည္း ယာဂင္ကေလ့ာပ္ကို အမ်ားၾကီး အသိအမွတ္ ျပဳရမွာျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးအတြက္ ဖန္တီးရွင္အစား ဖာဘင္ညိဳ၊ ကီတာတို႔လို ကစားသမားေတြကို ျပန္ေခၚခဲ့မႈအရ သူဟာ ကြင္းလယ္ကို လႈပ္အားနဲ႔ျဖည့္ျပီး ျပိဳင္ဘက္ကို လႊမ္းမိုးကစားတဲ့ ကစားဟန္ကို ေျပာင္းလဲလိုခဲ့တာပါ။ ဒါက အလုပ္ျဖစ္ခဲ့ပါတယ္လို႔ ေဖာင္လာက ေျပာဆိုခဲ့တာျဖစ္ပါတယ္။