အာဆင်နယ်ကစားသမားဟောင်းဖြစ်ပြီး လာလီဂါမှာ တစ်ဖန်ပြန်တောက်ပနေတဲ့ ကွင်းလယ်လူ ကာဇိုလာကတော့ ဂန်းနားကလပ်အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းတွေနဲ့အတူ ပရိသတ်တွေကို နုတ်ဆက်လိုမှုအကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဂန်းနားတို့အတွက် ကစားပေးစဉ် ကြီးမားတဲ့ ဒဏ်ရာကို ရရှိခဲ့တဲ့ ကာဇိုလာဟာ ပြန်သက်သာလာဖို့ ခွဲစိတ်မှု များစွာနဲ့အတူ ရက်ပေါင်း ၆၃၆ ရက်တိုင်တိုင် ပြန်လည် ထူထောင်မှု လုပ်ခဲ့ရတာပါ။ သူဟာ အာဆင်နယ်ကနေ ထွက်ခွာလာခဲ့ပေမယ့် ကာလရှည်ရှိခဲ့တဲ့ ကလပ်ကို သံဃောဇဉ်ရှိပြီး အမ်းမရိတ်မှာ ကစားသမားဘဝ အနားမယူခင် တစ်ပွဲတော့ ထပ်ကန်လိုတယ်လို့ ပြောဆိုပါတယ်။

“ အာဆင်နယ်လို ကလပ်အသင်းကြီးမှာ ရှိခဲ့ရင် ကလပ်အသင်းမှာ ရှိနေရတာက ဘယ်လောက်တောင် အဓိပ္ပာယ်ရှိသလဲဆိုတာ အသင်းကနေ မထွက်ခွာချိန်ထိ သတိထားမိမှာတော့ မဟုတ်ဘူး။ အသင်းကို နုတ်ဆက်ပါတယ်လို့ ကျနော် သေချာပြောခွင့် မရခဲ့ဘူး။ ကျနော်ရဲ့ ကစားသမားဘဝမှာ ကစားခွင့်ရခဲ့တဲ့ အကြီးကျယ်ဆုံး ကလပ်အသင်းဖြစ်ပြီး အာဆင်နယ်က အရာရာတိုင်းကို လွမ်းပါတယ်။

အဲ့သည်မှာ ကျနော်ရဲ့ ဆက်ခံသူက ဘယ်သူလဲဆိုတာတော့ မသိပါဘူး။ ပရိသတ်တွေကိုပဲ မေးကြည့်ရမှာပေါ့။ ဒါပေမယ့် သူတို့အားလုံးကို ကျနေ်ာ ကျေးဇူးတင်ပါတယ်။ ကစားသမားဘဝက အနားမယူခင်မှာတော့ အမ်းမရိတ်မှာ တစ်ကြိမ်လောက်တော့ ကစားချင်ပါသေးတယ်။

အဲ့တာပြီးရင်တော့ ဘာလုပ်ရမလဲ ကျနော် မသိဘူး။ နည်းပြလုပ်ရမလား၊ အားကစားဒါရိုက်တာလားပေါ့။ ဒါပေမယ့် ကျနော် အာဆင်နယ်ကို ပြန်သွားချင်တယ်။ လန်ဒန်မှာ ကျနော် ၆ နှစ်နေခဲ့တာပါ။ ကျနော်သားကလည်း လန်ဒန်ကို ချစ်တယ်။ အနာဂတ်မှာတော့ အခွင့်အရေး ရဦးမလား ကြည့်ရမှာပေါ့ဗျာ ” လို့ ကာဇိုလာက ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ကစားသမားေဟာင္းျဖစ္ျပီး လာလီဂါမွာ တစ္ဖန္ျပန္ေတာက္ပေနတဲ့ ကြင္းလယ္လူ ကာဇိုလာကေတာ့ ဂန္းနားကလပ္အေပၚထားတဲ့ သူ႔ရဲ႕ ခ်စ္ျခင္းေတြနဲ႔အတူ ပရိသတ္ေတြကို ႏုတ္ဆက္လိုမႈအေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ဂန္းနားတို႔အတြက္ ကစားေပးစဥ္ ၾကီးမားတဲ့ ဒဏ္ရာကို ရရွိခဲ့တဲ့ ကာဇိုလာဟာ ျပန္သက္သာလာဖို႔ ခြဲစိတ္မႈ မ်ားစြာနဲ႔အတူ ရက္ေပါင္း ၆၃၆ ရက္တိုင္တိုင္ ျပန္လည္ ထူေထာင္မႈ လုပ္ခဲ့ရတာပါ။ သူဟာ အာဆင္နယ္ကေန ထြက္ခြာလာခဲ့ေပမယ့္ ကာလရွည္ရွိခဲ့တဲ့ ကလပ္ကို သံေဃာဇဥ္ရွိျပီး အမ္းမရိတ္မွာ ကစားသမားဘဝ အနားမယူခင္ တစ္ပြဲေတာ့ ထပ္ကန္လိုတယ္လုိ႔ ေျပာဆိုပါတယ္။

“ အာဆင္နယ္လို ကလပ္အသင္းၾကီးမွာ ရွိခဲ့ရင္ ကလပ္အသင္းမွာ ရွိေနရတာက ဘယ္ေလာက္ေတာင္ အဓိပၸာယ္ရွိသလဲဆိုတာ အသင္းကေန မထြက္ခြာခ်ိန္ထိ သတိထားမိမွာေတာ့ မဟုတ္ဘူး။ အသင္းကို ႏုတ္ဆက္ပါတယ္လို႔ က်ေနာ္ ေသခ်ာေျပာခြင့္ မရခဲ့ဘူး။ က်ေနာ္ရဲ႕ ကစားသမားဘဝမွာ ကစားခြင့္ရခဲ့တဲ့ အၾကီးက်ယ္ဆံုး ကလပ္အသင္းျဖစ္ျပီး အာဆင္နယ္က အရာရာတိုင္းကို လြမ္းပါတယ္။

အဲ့သည္မွာ က်ေနာ္ရဲ႕ ဆက္ခံသူက ဘယ္သူလဲဆိုတာေတာ့ မသိပါဘူး။ ပရိသတ္ေတြကိုပဲ ေမးၾကည့္ရမွာေပါ့။ ဒါေပမယ့္ သူတို႔အားလံုးကို က်ေန္ာ ေက်းဇူးတင္ပါတယ္။ ကစားသမားဘဝက အနားမယူခင္မွာေတာ့ အမ္းမရိတ္မွာ တစ္ၾကိမ္ေလာက္ေတာ့ ကစားခ်င္ပါေသးတယ္။

အဲ့တာျပီးရင္ေတာ့ ဘာလုပ္ရမလဲ က်ေနာ္ မသိဘူး။ နည္းျပလုပ္ရမလား၊ အားကစားဒါရိုက္တာလားေပါ့။ ဒါေပမယ့္ က်ေနာ္ အာဆင္နယ္ကို ျပန္သြားခ်င္တယ္။ လန္ဒန္မွာ က်ေနာ္ ၆ ႏွစ္ေနခဲ့တာပါ။ က်ေနာ္သားကလည္း လန္ဒန္ကို ခ်စ္တယ္။ အနာဂတ္မွာေတာ့ အခြင့္အေရး ရဦးမလား ၾကည့္ရမွာေပါ့ဗ်ာ ” လို႔ ကာဇိုလာက ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။