ပြီးခဲ့တဲ့အပတ်ကမှ ၁၉နှစ် ပြည့်ခဲ့တဲ့ ကော်လမ်ဟဒ်ဆန်အိုဒွိုင်းဟာ မနှစ်က ဒီလိုအချိန်လောက်မှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်က သူ့ကို ဘိုင်ယန်အကြောင်း မေ့ထားပြီး ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုအောင် ဆွဲဆောင်ဖို့ စည်းရုံးနိုင်ခဲ့တယ်လို့ အိုဒွိုင်းက ဆိုပါတယ်။

မန်နေဂျာဆာရီလက်ထက်က ကလပ်နဲ့ စာချုပ်သစ်ချုပ်ဖို့ အကြိမ်ကြိမ် စကားပြောခဲ့ရတာကြောင့် လမ်းပတ်လက်ထက်မှာ စာချုပ်အပေါ် သူ့ရဲ့စိတ် ပြောင်းအောင်လို့ လမ်းပတ်နဲ့ စကား ဘယ်လောက်ပြောခဲ့ရလဲလို့ မေးမြန်းခဲ့ရာ အိုဒွိုင်းက

” တစ်ကြိမ်ပါပဲ။ သူပြောခဲ့တာကို ကျနော် တိတိကျကျ ပြန်မပြောနိူင်ပေမယ့် သူဆိုလိုတာက ကျနော့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ရင် သူကလဲ ကျနော့်ကို ယုံကြည်မှု ပေးမှာ ဖြစ်ပြီး အရာအားလုံး က အဆင်ပြေသွားလိမ့်မယ်ဆိုတာပါပဲ။ သူက ကျနော့်ကို သူ့အတွက် ကစားပေးစေချင်တယ်လေ။

မင်းကိုငါယုံတယ်၊ မင်းဟာ ကစားသမားကောင်း ဖြစ်လာနိုင်တယ်၊ ကလပ်မှာ အများကြီး အောင်မြင်မှု ရနိူင်တယ် ဆိုတာတွေကို နည်းပြဆီက ကြားရတာ အားဖြစ်စေပါတယ်။ ကျနော် စိတ်လှုပ်ရှားခဲ့တယ်။ အနည်းဆုံးတော့ လူငယ်ကစားသမား အချို့ကို သူ ကောင်းကောင်း အသုံးပြုလိမ့်မယ်ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် အတူတူ တိုးတက်လာတဲ့ ကစားသမား အချို့နဲ့ ကစားရတော့မယ်လို့ သိရတော့ သိပ်ကိုကောင်းပါတယ်။ ” လို့ ဖြေကြားခဲ့ပါတယ်။

လမ်းပတ်ရဲ့ အပြောကောင်းတဲ့နှုတ်က တခါတလေ မာမာထန်ထန်တွေလဲ ပြောတတ်ပြီး ဂရင်စဘီတောင်းကို အနိူင်ရခဲ့တဲ့ ကာရာဘောင်း ဖလားပွဲမှာ အိုဒွိုင်း အတွက် တင်းမာတဲ့စကားတွေ ပြောဆိုခဲ့ပေမယ့် လူငယ်ကစားသမား ကတော့ ဒါတွေကို ကောင်းစေချင်လို့ ပြောတာပဲလို့ လက်ခံပြီး ပျော်နေတာပါ။

” သူ ကျနော့်အပေါ် ခပ်တင်းတင်း ပြောဆိုခဲ့ပေမယ့် အဲ့ဒါက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျနော့်ကို တိုးတက်စေချင်ပြီး ပိုကောင်းလာစေချင်တာပါ။ နည်းပြက ပြောတဲ့အခါ ကျနော် အမြဲ နာခံလိုပြီး တိုးတက်လိုတယ်။ ကျနော် ဒီထက် ပိုကောင်းအောင် လုပ်ဖို့လိုပါသေးတယ်။ ” လို့ ဆိုပါတယ်။

ZAWGYI

ၿပီးခဲ့တဲ့အပတ္ကမွ ၁၉ႏွစ္ ျပည့္ခဲ့တဲ့ ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္းဟာ မႏွစ္က ဒီလိုအခ်ိန္ေလာက္မွာ ဘိုင္ယန္ျမဴးနစ္ အသင္းရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ပါတယ္။ ဒါေပမယ့္ လမ္းပတ္က သူ႔ကို ဘိုင္ယန္အေၾကာင္း ေမ့ထားၿပီး ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေအာင္ ဆြဲေဆာင္ဖို႔ စည္းရံုးႏုိင္ခဲ့တယ္လို႔ အိုဒြိဳင္းက ဆိုပါတယ္။

မန္ေနဂ်ာဆာရီလက္ထက္က ကလပ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အၾကိမ္ၾကိမ္ စကားေျပာခဲ့ရတာေၾကာင့္ လမ္းပတ္လက္ထက္မွာ စာခ်ဳပ္အေပၚ သူ႔ရဲ႕စိတ္ ေျပာင္းေအာင္လို႔ လမ္းပတ္နဲ႔ စကား ဘယ္ေလာက္ေျပာခဲ့ရလဲလို႔ ေမးျမန္းခဲ့ရာ အိုဒြိဳင္းက

” တစ္ႀကိမ္ပါပဲ။ သူေျပာခဲ့တာကို က်ေနာ္ တိတိက်က် ျပန္မေျပာႏိူင္ေပမယ့္ သူဆိုလိုတာက က်ေနာ့္အ​ေနနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္ရင္ သူကလဲ က်ေနာ့္ကို ယုံၾကည္မႈ ေပးမွာ ျဖစ္ၿပီး အရာအားလုံး က အဆင္ေျပသြားလိမ့္မယ္ဆိုတာပါပဲ။ သူက က်ေနာ့္ကို သူ႔အတြက္ ကစားေပးေစခ်င္တယ္ေလ။

မင္းကိုငါယုံတယ္၊ မင္းဟာ ကစားသမားေကာင္း ျဖစ္လာႏိုင္တယ္၊ ကလပ္မွာ အမ်ားႀကီး ေအာင္ျမင္မႈ ရႏိူင္တယ္ ဆိုတာေတြကို နည္းျပဆီက ၾကားရတာ အားျဖစ္ေစပါတယ္။ က်ေနာ္ စိတ္လႈပ္ရွားခဲ့တယ္။ အနည္းဆုံးေတာ့ လူငယ္ကစားသမား အခ်ိဳ႕ကို သူ ေကာင္းေကာင္း အသုံးျပဳလိမ့္မယ္ဆိုတာ အားလုံးသိပါတယ္။ ဒါေၾကာင့္ အတူတူ တိုးတက္လာတဲ့ ကစားသမား အခ်ိဳ႕နဲ႔ ကစားရေတာ့မယ္လို႔ သိရေတာ့ သိပ္ကိုေကာင္းပါတယ္။ ” လို႔ ေျဖၾကားခဲ့ပါတယ္။

လမ္းပတ္ရဲ႕ အေျပာေကာင္းတဲ့ႏႈတ္က တခါတေလ မာမာထန္ထန္ေတြလဲ ေျပာတတ္ၿပီး ဂရင္စဘီေတာင္းကို အႏိူင္ရခဲ့တဲ့ ကာရာေဘာင္း ဖလားပြဲမွာ အိုဒြိဳင္း အတြက္ တင္းမာတဲ့စကားေတြ ေျပာဆိုခဲ့ေပမယ့္ လူငယ္ကစားသမား ကေတာ့ ဒါေတြကို ေကာင္းေစခ်င္လို႔ ေျပာတာပဲလို႔ လက္ခံၿပီး ေပ်ာ္ေနတာပါ။

” သူ က်ေနာ့္အေပၚ ခပ္တင္းတင္း ေျပာဆိုခဲ့ေပမယ့္ အဲ့ဒါက ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက က်ေနာ့္ကို တိုးတက္ေစခ်င္ၿပီး ပိုေကာင္းလာေစခ်င္တာပါ။ နည္းျပက ေျပာတဲ့အခါ က်ေနာ္ အၿမဲ နာခံလိုၿပီး တိုးတက္လိုတယ္။ က်ေနာ္ ဒီထက္ ပိုေကာင္းေအာင္ လုပ္ဖို႔လိုပါေသးတယ္။ ” လို႔ ဆိုပါတယ္။