ချယ်ဆီးအသင်းဟာ ဒီဇင်ဘာမှာ ထွက်ပေါ်လာမယ့် ရလဒ်အရ ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ကိစ္စ တရားဝင် လုပ်ဆောင်ခွင့် ရှိမရှိဆိုတဲ့ အနေအထားကို တရားဝင် သိရမှာဖြစ်တယ်။

ရာသီစ အထနှေးခဲ့ပေမယ့် ဆက်တိုက်ဆိုသလို ရလဒ်တွေ ပြန်ကောင်းလာနေတာကြောင့် ချယ်ဆီးဟာ ထိပ်ဆုံး လေးသင်းထဲမှာ မန်စီးတီးရဲ့ အထက်မှာတောင် ရှိလာနေခဲ့ပြီဖြစ်တယ်။ မန်နေဂျာလမ်းပတ်ဟာ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ဆာရီလက်ထက်က ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အကောင်းဆုံး တည်ဆောက်ပြနေတာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဘယ်လို ထိပ်တန်း ကစားသမားကိုမဆို ခေါ်ယူနိုင်တဲ့ ကလပ်အသင်းဖြစ်ပေမယ့် မန်နေဂျာလမ်းပတ်အတွက် စိန်ခေါ်မှု တစ်ခုကတော့ သူဟာ ကြီးကျယ်တဲ့ ထိပ်တန်းဆိုတဲ့ အပြောင်းအရွှေ့တွေကို လုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံ နည်းပါးသူဖြစ်တယ်။ ဇန်နဝါရီမှာ ကစားသမား ဝယ်ယူလို့ ရခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးကြီးတွေ လုပ်မယ့်အစား အကျိုးဖြစ်ပြီး ဖိအားနည်းမယ့် တန်ဖိုးသင့် ကစားသမားတွေကိုပဲ အရင်ဆုံး ခေါ်ယူသင့်သလားဆိုတာ မေးခွန်းကောင်းဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့အတူ လမ်းပတ်က လူသစ်ခေါ်ယူတဲ့အခါ တန်ဖိုးနည်းနည်းနဲ့ အရည်အချင်းကြွယ်တဲ့ ကစားသမားတွေထဲက ဘယ်သူ့ကို ရနိုင်မလဲဆိုတဲ့အပေါ် ချယ်ဆီးဖန်းဆိုဒ်တစ်ခုရဲ့ သုံးသပ်မှုကို ဖော်ပြမှာဖြစ်တယ်။ ကလပ်အသင်း အဓိက အားဖြည့်ရမယ့် တိုက်စစ်ပိုင်းအတွက် ရှာဖွေမှုလည်းဖြစ်ပါတယ်။

မန်နေဂျာလမ်းပတ် ခေါ်ယူဖို့ စောင့်ကြည့်သင့်သူက မိန့်အသင်းမှ Habib Diallo ဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ လက်စတာနဲ့ နယူးကာဆယ်တို့ကလည်း အတော်လေး သဘောကျနေပြီး လီဂူးဝမ်းကလပ်ရဲ့ တိုက်စစ်သမားကို ခေါ်ယူဖို့ဆိုရင် ပေါင် ၁၀ သန်းပဲ ကျသင့်မှာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ကန်ခဲ့တဲ့ နှစ်ရာသီမှာ ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မနှစ်ကရာသီမှာ တန်းတက်ကလပ်အတွက် ၃၇ ပွဲ ကစားပြီး ၂၆ ဂိုးထိ သွင်းယူနိုင်ခဲ့သူဖြစ်တယ်။ ဒီရာသီမှာလည်း အဆိုပါ ခြေစွမ်းကို ဆက်ထိန်းထားပြီး အမှတ်ပေးပွဲ ၁၃ ပွဲမှာ ၈ ဂိုးထိ သွင်းယူထားသူဖြစ်ပါတယ်။ မိန့်ဟာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး ဒီရာသီမှာ သွင်းဂိုး ၁၁ ဂိုးပဲ ရထားပေမယ့် အများစုက သူသွင်းထားတာပါ။

ချယ်ဆီးဟာ အတိတ်တုန်းက လီဂူးဝမ်းတိုက်စစ်သမား ဒရော့ဘာကို ခေါ်ယူကာ ပရီးမီးယားလိဂ်မှာ တောက်ပစေခဲ့ပြီး ဖိအားမများမယ့် တန်ဖိုးသင့် တိုက်စစ်သမားဟာ ချယ်ဆီးရဲ့ ပြိုင်ပွဲစုံမှာ လိုအပ်မယ့် အထောင်တိုက်စစ်အင်အားကို အားဖြည့်နိုင်မယ်လို့ ယူဆရတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ဒီဇင္ဘာမွာ ထြက္ေပၚလာမယ့္ ရလဒ္အရ ဇန္နဝါရီမွာ ကစားသမားသစ္ ေခၚယူဖို႔ကိစၥ တရားဝင္ လုပ္ေဆာင္ခြင့္ ရွိမရွိဆိုတဲ့ အေနအထားကို တရားဝင္ သိရမွာျဖစ္တယ္။

ရာသီစ အထေႏွးခဲ့ေပမယ့္ ဆက္တုိက္ဆိုသလို ရလဒ္ေတြ ျပန္ေကာင္းလာေနတာေၾကာင့္ ခ်ယ္ဆီးဟာ ထိပ္ဆံုး ေလးသင္းထဲမွာ မန္စီးတီးရဲ႕ အထက္မွာေတာင္ ရွိလာေနခဲ့ျပီျဖစ္တယ္။ မန္ေနဂ်ာလမ္းပတ္ဟာ ငယ္ရြယ္တဲ့ ကစားသမားေတြနဲ႔ ဆာရီလက္ထက္က ေခၚယူခဲ့တဲ့ ကစားသမားေတြကို ေပါင္းစပ္ျပီး အေကာင္းဆံုး တည္ေဆာက္ျပေနတာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဘယ္လို ထိပ္တန္း ကစားသမားကိုမဆို ေခၚယူႏုိင္တဲ့ ကလပ္အသင္းျဖစ္ေပမယ့္ မန္ေနဂ်ာလမ္းပတ္အတြက္ စိန္ေခၚမႈ တစ္ခုကေတာ့ သူဟာ ၾကီးက်ယ္တဲ့ ထိပ္တန္းဆိုတဲ့ အေျပာင္းအေရႊ႔ေတြကို လုပ္ေဆာင္ဖူးတဲ့ အေတြ႔အၾကံဳ နည္းပါးသူျဖစ္တယ္။ ဇန္နဝါရီမွာ ကစားသမား ဝယ္ယူလို႔ ရခဲ့မယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကးၾကီးေတြ လုပ္မယ့္အစား အက်ိဳးျဖစ္ျပီး ဖိအားနည္းမယ့္ တန္ဖိုးသင့္ ကစားသမားေတြကိုပဲ အရင္ဆံုး ေခၚယူသင့္သလားဆိုတာ ေမးခြန္းေကာင္းျဖစ္ပါတယ္။

ဒီေမးခြန္းနဲ႔အတူ လမ္းပတ္က လူသစ္ေခၚယူတဲ့အခါ တန္ဖိုးနည္းနည္းနဲ႔ အရည္အခ်င္းၾကြယ္တဲ့ ကစားသမားေတြထဲက ဘယ္သူ႔ကို ရႏုိင္မလဲဆိုတဲ့အေပၚ ခ်ယ္ဆီးဖန္းဆိုဒ္တစ္ခုရဲ႕ သံုးသပ္မႈကို ေဖာ္ျပမွာျဖစ္တယ္။ ကလပ္အသင္း အဓိက အားျဖည့္ရမယ့္ တိုက္စစ္ပိုင္းအတြက္ ရွာေဖြမႈလည္းျဖစ္ပါတယ္။

မန္ေနဂ်ာလမ္းပတ္ ေခၚယူဖို႔ ေစာင့္ၾကည့္သင့္သူက မိန္႔အသင္းမွ Habib Diallo ျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ လက္စတာနဲ႔ နယူးကာဆယ္တုိ႔ကလည္း အေတာ္ေလး သေဘာက်ေနျပီး လီဂူးဝမ္းကလပ္ရဲ႕ တိုက္စစ္သမားကို ေခၚယူဖုိ႔ဆိုရင္ ေပါင္ ၁၀ သန္းပဲ က်သင့္မွာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားဟာ ကန္ခဲ့တ့ဲ ႏွစ္ရာသီမွာ ျပင္သစ္လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး မႏွစ္ကရာသီမွာ တန္းတက္ကလပ္အတြက္ ၃၇ ပြဲ ကစားျပီး ၂၆ ဂိုးထိ သြင္းယူႏုိင္ခဲ့သူျဖစ္တယ္။ ဒီရာသီမွာလည္း အဆိုပါ ေျခစြမ္းကို ဆက္ထိန္းထားျပီး အမွတ္ေပးပြဲ ၁၃ ပြဲမွာ ၈ ဂိုးထိ သြင္းယူထားသူျဖစ္ပါတယ္။ မိန္႕ဟာ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနျပီး ဒီရာသီမွာ သြင္းဂိုး ၁၁ ဂိုးပဲ ရထားေပမယ့္ အမ်ားစုက သူသြင္းထားတာပါ။

ခ်ယ္ဆီးဟာ အတိတ္တုန္းက လီဂူးဝမ္းတိုက္စစ္သမား ဒေရာ့ဘာကို ေခၚယူကာ ပရီးမီးယားလိဂ္မွာ ေတာက္ပေစခဲ့ျပီး ဖိအားမမ်ားမယ့္ တန္ဖိုးသင့္ တိုက္စစ္သမားဟာ ခ်ယ္ဆီးရဲ႕ ျပိဳင္ပြဲစံုမွာ လိုအပ္မယ့္ အေထာင္တိုက္စစ္အင္အားကို အားျဖည့္ႏုိင္မယ္လို႔ ယူဆရတာျဖစ္ပါတယ္။