Month

December 2019

အန်ဆယ်လော့တီနဲ့ ပတ်သတ်တဲ့ သတင်းများကို တုန့်ပြန်လိုက်တဲ့ အာဆင်နယ်နည်းပြ ယွန်းဘတ်

အာဆင်နယ်အသင်းကို ယာယီ ကိုင်တွယ်နေတဲ့ နည်းပြ ယွန်းဘတ်က လတ်တလောမှာ နည်းပြသစ် ဖြစ်ဖို့ ရေပန်းစားလာနေတဲ့ အန်ဆယ်လော့တီ နဲ့ ပတ်သတ်လို့ မေးမြန်းခံခဲ့ရာမှာ ယွန်းဘတ်ကတော့ ဒီကိစ္စတွေထဲ သူ ဝင် မပါကြောင်း တုန့်ပြန် ရှင်းလင်းခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ဆီ နာပိုလီကို ပို့ဆောင်ပေး အပြီး နာရီပိုင်း အကြာမှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ အသက် ၆၀ အရွယ် ဝါရင့် နည်းပြကြီးကို ခေါ်ယူလိုတဲ့ အသင်းတွေ ချက်ချင်း ထွက်ပေါ်လာပြီး… Continue Reading →

ချန်ပီယံလိဂ်မှာ လီဗာပူးကို အနိုင်ယူနိုင်မယ့်အသင်း မမြင်သေးဘူးဆိုတဲ့ အားကစား သုံးသပ်သူများ

ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကတော့ အုပ်စု အဆင့် ပွဲစဉ်တွေ ပြီးဆုံးကာ ရှုံးထွက် အဆင့်ဆီ ရောက်လာပြီ ဖြစ်ပါတယ်။ ရှုံးထွက် အဆင့် ပွဲစဉ်များ အတွက် မဲခွဲမှုများ မပြုလုပ်ရသေးခင်မှာပဲ ယူနိုက်တက်ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်မယ့် အသင်းကို ဟောကိန်းထုတ်လိုက်ပါတယ်။ အဆိုပါ မဲခွဲမှုတွေ မတိုင်ခင်ပဲ ရီယိုဖာဒီနန်အား ဒီရာသီ ချန်ပီယံလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲ အမေးကို ယူနိုက်တက် ခံစစ်မှူးဟောင်းကြီးက ခါးသီးပြိုင်ဘက်အသင်း ကို အသာပေးကာ ဖြေကြားခဲ့ပါတယ်။… Continue Reading →

ချယ်ဆီးအသင်းနဲ့ လူငယ်တွေကို ကူညီဖို့ ပြန်လာပါပြီ ဆိုတဲ့ ရူဒီဂါ

ချယ်ဆီး ခံစစ်မှူး ရူဒီဂါ ဘောလုံးရာသီ တဝက်မျှ ဒဏ်ရာကြောင့် ကွင်းဘေးမှာသာ နေခဲ့ရတာက ချယ်ဆီးအသင်း လူစာရင်းထဲ လူငယ်တွေ ပါဝင် ကစားခွင့် ရစေခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂျာမန်သားဟာ အင်္ဂါနေ့ညက လိုင်လီနဲ့ ပွဲမှာ ဒီရာသီ အသင်းအတွက် ဒုတိယ ပွဲစဉ် အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒူးနဲ့ ပေါင်ခြံ ဒဏ်ရာတွေက ရူဒီဂါရဲ့ ဒီရာသီ တဝက်မျှ ကုန်ဆုံးစေခဲ့ရတာပါ။ အခုတော့ သူ ပြန်လာပြီ ဖြစ်ပြီး အသင်း… Continue Reading →

စပါး၊ မန်စီးတီးကို အနိုင်ရတာထက် ပိုအရေးပါတဲ့ စိန်ခေါ်မှုကို အသင်းသားတွေထံ တောင်းဆိုတဲ့ အိုလီ

အိုလီဂန်နာဆိုးရှားက ယူနိုက်တက်အသင်းအတွက် ကျော်လွှားရမယ့် နောက်ဆုံးစိန်ခေါ်မှုတစ်ခုက တည်ငြိမ်မှုရဖို့ဖြစ်ပြီး ကောင်းကောင်း မကစားတဲ့အချိမ်မှာလည်း အနိုင်ရနိုင်တယ်ဆိုတာ သက်သေပြဖို့ ကစားသမားတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ စပါးနဲ့ မန်စီးတီးတို့ကို အထင်ကြီးစရာ အနိုင်ရပြီးနောက် ဆိုးရှားရဲ့ ထိုင်ခုံနေရာက ပိုမြဲခဲ့သလို ကလပ် သွားနေတဲ့လမ်းကြောင်းအပေါ် သူ့ရဲ့ယုံကြည်မှုက ဘယ်တော့မှ မယိမ်းယိုင်ခဲ့ပေမယ့် စိုးရိမ်မှုအချို့ ရှိနေသေးကြောင်းကိုတော့ ဝန်ခံခဲ့ပါတယ်။ စပါးနဲ့စီးတီးပွဲကလို ယူနိုက်တက်က ကောင်းကောင်း ကစားခဲ့တဲ့အခါ နည်းပြရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပေမယ့် အမြဲတမ်း ရလဒ်ကောင်းတွေရဖို့ သူတို့ရဲ့ လုပ်နိုင်စွမ်းက သံသယရှိစရာ ဖြစ်နေပါတယ်။ အများအားဖြင့်… Continue Reading →

ချန်ပီယံလိဂ်ပြိုင်ဘက်နှစ်သင်းရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို လေ့လာဖို့ ချယ်ဆီး ကင်းထောက်လွှတ်

ချယ်ဆီးအသင်းဟာ ဥရောပ နာမည်ကျော် လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ တီမိုဝါနာတို့ရဲ့ ခြေစွမ်းကို လေ့လာဖို့ ဒီမနက်က သက်ဆိုင်ရာပွဲတွေကို ကင်းထောက်တွေနဲ့ စေလွှတ် စောင့်ကြည့်စေခဲ့ပါတယ်။ နှစ်သင်းလုံးဟာ ချန်ပပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်လာခဲ့ကြတာဖြစ်ပြီး လိုက်ဇစ်ဟာ ၁၆ သင်းအဆင့်မှာ ချယ်ဆီးအသင်း ထိပ်တိုက်တွေ့နိုင်တဲ့ အသင်းများ စာရင်းထဲ ပါဝင်နေတာပါ။ အပြောင်းအရွှေ့ ဝင်ရောက် လှုပ်ရှားခွင့် ရရှိသွားပြီဖြစ်တဲ့ ချယ်ဆီးက တိုက်စစ်မှူး အေဘရာဟမ်ကို ဖိအားပေးနိုင်မယ့် လူငယ်တိုက်စစ်သမားတစ်ဦး ရှာဖွေနေတာဖြစ်တယ်။ ဇန်နဝါရီမှာ ဂျီရူး ထွက်ခွာသွားနိုင်ပြီး… Continue Reading →

ရံှူးထွက်မှာ လီဗာပူးနဲ့ အတွဲကျရင် ဖြုတ်ချပစ်ရမှာပေါ့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ် မန်နေဂျာဇီဒန်း

ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်အတွက် အသင်း ၁၆ သင်းလုံး ပေါ်ထွက်လာပြီဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၁၆ သင်းအဆင့်ကို ဥရောပလိဂ်ကြီး ၅ ခုက တက်ရောက်ခွင့်ရှိတဲ့ အသင်း ၁၆ သင်းလုံးအပြည့် တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နှစ်တစ်နှစ်လည်း ဖြစ်လာခဲ့တယ်။ ပွဲတန်ပိုကို ပိုမြင့်စေတာကတော့ နောက်ဆုံး ၄ ရာသီအတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွှမ်းမိုးထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ဟာ ၁၆ သင်းအဆင့်… Continue Reading →

ပေါ့ဘာ၊ ဖရက်တို့ရဲ့ ကြံ့ခိုင်မှု ပွဲကစားခွင့်တွေနဲ့ ပက်သက်ပြီး ထုတ်ဖော်ပြောဆိုတဲ့ ဆိုးရှား

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ ပြန်ကစားနိုင်ဖို့ နီးစပ်နေတာကြောင့် မကြာခင်မှာ တော်မီနေး၊ ဖရက်အတွဲဟာ ပွဲထွက်နေရာ စိန်ခေါ်မှုတွေကို စတင်ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။ လက်တလောအတွက် အကောင်းမြင်စရာတစ်ခုက ယူနိုက်တက်ဟာ ပေါ့ဘာမပါပဲ အကောင်းဆုံး နိူင်ပွဲ ၂ပွဲ ရရှိခဲ့တာဖြစ်ပြီး ပြင်သစ်ကွင်းလယ်လူအနေနဲ့ AZနဲ့ပွဲကိုလဲ လွဲချော်ဦးမှာပါ။ အသက်၂၆နှစ်အရွယ် ကစားသမားဟာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပေမယ့် သူက သင့်တော်တဲ့ ကြံ့ခိုင်ရေး ပြည့်ဝမှု မရှိသေးပဲ နှစ်မကုန်ခင်အထိ ကစားနိုင်ဦးမှာမဟုတ်တဲ့ ဖြစ်နိုင်ခြေတွေ တိုးလာနေပါတယ်။ သရဲနီမန်နေဂျာကြီးက ” အခုက သူ့အတွက် စောပါသေးတယ်၊… Continue Reading →

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပြိုင်ဘက်တိုင်း မတွေ့လိုတဲ့အသင်းက လီဗာပူးပါလို့ ဆိုလိုက်တဲ့ ရိုဘို

လီဗာပူးဟာ သုံးရာသီဆက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းအဖြစ် ရံှူးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ပြိုင်ဘက်အသင်းနဲ့ မဲနိုက်ရွေးချယ်မှုမှာ အဖြေသိရမှာပါ။ ယာဂင်ကလော့ပ် ကိုင်တွယ်ထားတဲ့ ဘောလုံးရာသီတွေအတွင်း ဥရောပပြိုင်ပွဲ ကစားခွင့်ရထားတဲ့ သုံးရာသီမှာ သုံးရာသီလုံးကို ဥရောပ ဗိုလ်လုပွဲထံ တက်ရောက်ထားနိုင်တဲ့ လီဗာပူးဟာ မနှစ်ကတော့ ချန်ပီယံဆုဖလားကိုပါ ကိုင်မြောက်နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာ လီဗာပူးရဲ့ အနေအထားက အရမ်းကို ခြားနားသွားပြီလို့ ရော်ဘတ်ဆန်က ပြောပါတယ်။ ” ပြိုင်ပွဲဝင် အသင်းတိုင်းကို… Continue Reading →

အရမ်းကောင်းနေတဲ့ ကွင်းလယ်အထိုင်မှာ ပေါ့ဘာကို ဘယ်လို နေရာပေးမလဲ ဆိုးရှား အဖြေပြန်

ယူရိုပါလိဂ်ပွဲအဖြစ် အေဇက် အယ်ခမာပွဲနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမတိုင်ခင် မီဒီယာတွေ့ဆုံမှုမှာ မန်နေဂျာဆိုးရှားက ပေါ့ဘာရဲ့ ကြံ့ခိုင်မှုနဲ့ ကွင်းလယ်အတွက် အနာဂတ် အစီအစဉ်အပေါ် ဖြေဆိုမှု လုပ်သွားခဲ့ပါတယ်။ စက်တင်ဘာလမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားပြီး သရေကျခဲ့တဲ့ပွဲ နောက်ပိုင်းမှာ ပေါ့ဘာဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး လက်ရှိ အချိန်ထိ ပြန်မကစားပေးနိုင်သေးပါဘူး။ ကြံ့ခိုင်မှုပိုင်း တိုးတက်လာနေတဲ့ ပေါ့ဘာဟာ ရာနှုန်းပြည့် ပြန်ကောင်းဖို့ ကြိုးစားနေပြီး သူ ပြန်လည် ကစားနိုင်ဖို့ကတော့ ဒီနှစ် မကုန်ရင် ဖြစ်လာဖို့ မျှော်လင့်တယ်လို့ သရဲနီ မန်နေဂျာကြီးက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!