Month

December 2019

ဇန်နဝါရီမှာ လီဗာပူးကို ရောက်လာမယ့် မီနာမီနိုက ဘယ်လို တိုက်စစ်သမားလဲ လေ့လာခြင်း

လီဗာပူးအသင်းဟာ သြစတြီးယားကလပ် ဆဲလ်ဘတ်အသင်းမှ အာရှသား တိုက်စစ်သမား မီနာမီနိုကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ စည်းမျဉ်းပိုင်းဆိုင်ရာ သဘောတူညီမှုကို ရယူထားခဲ့ပြီဖြစ်ပြီး ဈေးကွကက် ဖွင့်ချိန်မှာ တရားဝင် ကြေညာမှု လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် မီနာမီနိုဆိုတာ ဘယ်လိုကစားသမားလဲ? ဘယ်နေရာမှာ ကစားသလဲ? ဘယ်လိုတွေ ကစားနိုင်သူလဲ? ဆိုတာတွေကို အကျဉ်း လေ့လာကြည့်မှာ ဖြစ်ပါတယ်။ တာကူမီ မီနာမီနို အသက် ၂၄ နှစ်အရွယ်ပဲရှိသေးတဲ့ ဂျပန်သား အာရှကစားသမားဖြစ်ပါတယ်။ ဂျပန်ကလပ် ဆီရီဇို အိုဆာကာ ၂ ရာသီကစားခဲ့ပြီး သြစတြီးယားကလပ်… Continue Reading →

BREAKING: ဆဲလ်ဘတ်ရဲ့ မီနာမီနိုကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်တော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အုပ်စုအဆင့်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုကို ခေါ်ယူဖို့ စည်းမျဉ်းပြိုင်းဆိုင်ရာ အကြိုသဘောတူညီမှုကို ရရှိဖို့ နီးစပ်နေခဲ့ပြီလို့ ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Paul Joyce နဲ့ James Pearce တို့က ဖော်ပြလာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျပန်လက်ရွေးစင်ဟာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ပွဲတွေမှာ အထူးခြေစွမ်းပြခဲ့ပြီး ယာဂင်ကလော့ပ် မျက်စိကျခဲ့တာဖြစ်တယ်။ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၇.၂၅ သန်းပဲ ရှိတာဖြစ်ပြီး ဒါဟာ ဈေးကွက်ထဲမှာ တန်ကြေး… Continue Reading →

ဘယ်သူကမှတော့ အရန်လူ မဖြစ်လိုပါဘူးလို့ ဝန်ခံသွားတဲ့ ယူနိုက်တက်ဂိုးသမား ရိုမဲရို

ယူနိုက်တက်ရဲ့ ဂိုးသမားဖြစ်သူ ရိုမဲရိုက ဒီဂီယာရဲ့နောက်မှာ အရန်လူအဖြစ် အမြဲတမ်း ရှိနေရတာက ခက်ခဲပြီး သူလည်း ပွဲတွေကို ကစားလိုပါတယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။ စီးရီးအေကလပ်ကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့ပြီးကတည်းက ဒီဂီယာရဲ့ အရန်လူအဖြစ်ပဲ ရှိနေခဲ့ပေမယ့် ပွဲထွက်ခွင့်ရတိုင်း အကောင်းဆုံး ကြိုးစားပေးခြင်းကြောင့် ရိုမဲရိုဟာ အသင်းပရိသတ်တွေ ချစ်ခင်ရတဲ့ ကစားသမားဖြစ်နေတာပါ။ ဂိုးသမားကတော့ လေ့ကျင့်ရေးမှာ ဆက်လက် ကြိုးစားမှုနဲ့အတူ ပွဲထွက်ခွင့်တွေ ပိုရလိုပါတယ်လို့ ဆိုပါတယ်။ ရိုမီရိုက ” ပုံမှန်ပွဲကစားခွင့်မရပဲ အရန်ကစားသမားဖြစ်နေရာ ကစားသမားတစ်ယောက်အတွက် လက်ခံနိုင်ဖို့ ခက်ခဲတဲ့ကိစ္စပါ။… Continue Reading →

လမ်းပတ်ရဲ့ စကားတစ်ခွန်းကြောင့် ချယ်ဆီးနဲ့ ဆန်ချိုကြား အပြောင်းအရွှေ့ ရေပန်းစားမှုနှုန်း မြင့်တက်

ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် လိုင်လီကို ၂-၁ နဲ့ အနိုင်ကစားပြီးတဲ့နောက်မှာ လမ်းပတ်ရဲ့ ကစားသမားခေါ်ဖို့ ပြောဆိုမှုကြောင့် ဆန်ချိုနဲ့ သတင်းတွေ ကျယ်ပြန့်လာနေပြီဖြစ်ပါတယ်။ ချယ်ဆီးဟာ ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ အယူခံဝင်မှုကို အောင်မြင်ထားပြီး ထိပ်တန်းကစားသမားတွေကို စောင့်ကြည့်နေတာပါ။ လမ်းပတ် ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်သမား အများအပြား ပါဝင်နေပြီး လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ တီမိုဝါနာနဲ့ ဒေါ့မွန်မှ ဆန်ချိုတို့ ပါဝင်နေတာဖြစ်တယ်။ ဆယ်ကျော်သက်တိုက်စစ်သမား ဆန်ချိုဟာ လာလီဂါကလပ်တွေကို ပြောင်းရွှေ့လိုပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေး… Continue Reading →

ယူနိုက်တက် VS အဲဗာတန်ပွဲမှာ အိမ်ရှင်ဘက်ကို အသားပေးသွားတဲ့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း

စပါး၊ မန်စီးတီးတို့ကို အနိုင်ယူပြီး ရလဒ်တွေကောင်းနေတဲ့ ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ ခြေစွမ်းပိုင်း ရုန်းကန်နေရလို့ မန်နေဂျာ အပြောင်းအလဲဖြစ်ပေါ်ထားတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ မိုက်ကယ်အိုဝင်ကတော့ အဲဗာတန်က မှားယွင်းတဲ့အချိန်မှာ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ် လာတွေ့တာပါလို့ ပြောဆိုခဲ့ပြီး ရလဒ်ကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ ဒီပွဲမှာ ယူနိုက်တက်က အနိုင်သုံးမှတ်ကို သေချာပေါက် ရယူပါလိမ့်မယ်လို့ ဆိုပါတယ်။ မိုက်ကယ်အိုဝင်က ” ပြီးခဲ့တဲ့ အပတ်က ချယ်ဆီးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ အဲဗာတန်က အတော်လေးကို တောက်ပခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စပါး၊ မန်စီးတီးတွေကို… Continue Reading →

အမ်းမရိတ်မှာ အာဆင်နယ်က မန်စီးတီးကို ဂိုးပြတ် ရံှူးလိမ့်မယ်ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အတွက် ပွဲကြီးပွဲကောင်းကတော့ အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ဟာ မန်စီးတီးကို ဧည့်ခံပြီး ရလဒ်ကောင်းတွေ ပြန်ရလာဖို့အတွက် အရှိန်မြင့်ရတော့မှာပါ။ ပြီးခဲ့တဲ့ အပတ်တုန်းက အာဆင်နယ်ဟာ ဝက်ဟမ်းကို အနိုင်ကစားပြီး ရလဒ်ဆိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တယ်။ မန်စီးတီးကတော့ မန်ချက်စတာဒါဘီအဖြစ် အိမ်ကွင်းမှာတင် ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒီနှစ်သင်း တွေ့ဆုံမှုမှာ မန်နေဂျာအပြောင်းအလဲ လုပ်ထားတဲ့ အာဆင်နယ်က ဂွာဒီယိုလာရဲ့ အသင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ အိုဝင်က ခန့်မှန်း သုံးသပ်ပါတယ်။ မိုက်ကယ်အိုဝင်က ” တနင်္လာနေ့က လန်ဒန်ဒါဘီပွဲမှ… Continue Reading →

ဘုန်းမောက်နဲ့ ပွဲမှာ ချယ်ဆီး ဂိုးပြတ်နိုင်ပွဲ ယူလိမ့်မယ် ဆိုတဲ့ အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်

ချန်ပီယံလိဂ်မှာ လိုင်လီကို နိုင်ပြီး ရှုံးထွက် အဆင့်ကို တက်ရောက်ထားတဲ့ ချယ်ဆီးဟာ ပြည်တွင်းပွဲတွေဘက် ပြန် အာရုံစိုက်ရဖို့ အချိန်ကျခဲ့ပါပြီ။ ပြီးခဲ့တဲ့ စနေက အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးထားတဲ့ ချယ်ဆီးအသင်းက ဒီစနေမှာတော့ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ ဖြစ်ပါတယ်။ ဒီပွဲအတွက် နာမည်ကျေ်ာ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါပြီ။ အိုဝင်ကတော့ ချယ်ဆီးကို… Continue Reading →

လီဗာပူးနဲ့ ဝတ်ဖိုဒ့်ပွဲမှာ ဂိုးကတော့ များလိမ့်မယ်လို့ ခန့်မှန်းသွားတဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးက အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ဝတ်ဖိုဒ့်ကို ဧည့်ခံကစားပြီး အမှတ်ပေးဖလား ဦးဆောင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ လီဗာပူးဟာ ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် ဝက်ဟမ်းနဲ့ပွဲကို ရက်ရွှေ့ထားခဲ့ပြီး ဒီလထဲမှာတင် လက်စတာနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲတစ်ပွဲလည်း ရှိနေပါတယ်။ အဆိုပါ အဝေးကွင်းပွဲ မတိုင်ခင်မှာ မန်စီးတီးနဲ့ လက်စတာတို့ ထိပ်တိုက်တွေ့မယ့် ပွဲတစ်ပွဲလည်း ရှိနေလို့ ဒီဇင်ဘာလဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွေမှာ ရမှတ်ကွာခြားမှု အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ လတစ်လဖြစ်ပါတယ်။ ရလဒ်ကောင်းတွေကောင်းနေတဲ့… Continue Reading →

ဆောင်းပါး – လီဗာပူးပရိသတ်နဲ့ ယာဂင်ကလော့ပ် ပိုင်ဆိုင်လာတဲ့ ပျော်ရွှင်ဖွယ် ခေါင်းကိုက်ရမှု ပြဿနာ

ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလအတော်ကြာ ကြံ့ခိုင်မှု ဂရုစိုက်ခံနေရပြီး အရေးကြီးလှတဲ့ မာဆေးဆိုဒ်ဒါဘီကို လွဲချော်ခဲ့ရတာကို တိုက်စစ်မှူး ဆာလက် အနေနဲ့ စိတ်ပျက်ခဲ့မှာ အသေအချာဖြစ်ပေမယ့်လည်း အီဂျစ်သားကတော့ အကောင်းဆုံး ပုံစံတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို ဖိအားတွေ ပေးလာခဲ့ပါပြီ။ အောက်တိုဘာလ ပထမအပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာပွဲအတွင်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့မှုဟာ ဆာလက်အတွက် ဘောလုံးရာသီကောင်းကို အကောင်းဆုံး စတင်ဖို့ ပြဿနာဖြစ်စေခဲ့တာပါ။ ဒီနှစ်လုံးမှာ ဆာလက်ဟာ ဒဏ်ရာကနေ ရာနှုန်းပြည့် ပြန်ကောင်းလာဖို့ အနားယူမှုနဲ့ ပွဲထိတွေ့မှုတွေကို အလှည့်ကျတွေ ကစားနေရပြီး အီဂျစ် လက်ရွေးစင်အသင်းကနေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!