လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အုပ်စုအဆင့်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုကို ခေါ်ယူဖို့ စည်းမျဉ်းပြိုင်းဆိုင်ရာ အကြိုသဘောတူညီမှုကို ရရှိဖို့ နီးစပ်နေခဲ့ပြီလို့ ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Paul Joyce နဲ့ James Pearce တို့က ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျပန်လက်ရွေးစင်ဟာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ပွဲတွေမှာ အထူးခြေစွမ်းပြခဲ့ပြီး ယာဂင်ကလော့ပ် မျက်စိကျခဲ့တာဖြစ်တယ်။ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၇.၂၅ သန်းပဲ ရှိတာဖြစ်ပြီး ဒါဟာ ဈေးကွက်ထဲမှာ တန်ကြေး ပေါင် ၂၀ သန်းထက် မနည်းနိုင်တဲ့ ကစားသမားအတွက် အဖိုးချိူလွန်းတဲ့ ပမာဏဖြစ်တာကြောင့် လီဗာပူးဘက်က ချိတ်ဆက်မှု စတင်ခဲ့တာပါ။

အပြီးသတ်တဲ့အထိ သဘောတူညီမှု မရသေးပေမယ့် လီဗာပူးဘက်က ကစားသမားကို ခေါ်ယူလိုတဲ့ ကလပ်အသင်း အများအပြားကို ကျော်ဖြတ်ပြီး ကစားသမားကို ခေါ်ယူနိုင်ဖို့ အလေးသာသွားတာပါ။ လီဗာပူးဟာ ဆဲလ်ဘတ်နဲ့ ကွင်းပြင်ပ ဆက်ဆံရေးကောင်း ရှိထားခြင်းကလည်း ဂျာမနီထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေတဲ့ မီနာမီနိုရဲ့ အပြောင်းအရွှေ့ကို အားသာခဲ့ခြင်းရဲ့ အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဘွန်ဒက်လီဂါကလပ်တွေကလည်း စိတ်ဝင်စားနေတဲ့ မီနာမီနိုကို လီဗာပူးခေါ်ယူနိုင်မယ့် အနေအထားဟာ တရားဝင် ဖြစ်မြောက်ဖို့ အနည်းငယ်ပဲ လိုတဲ့ အခြေအနေဖြစ်ပြီး လီဗာပူးဘက်က တိုက်စစ်ပိုင်းမှာ ကွင်းလယ်တိုက်စစ်အဖြစ် ထူးထူးချွန်ချွန် ကစားနိုင်တဲ့ အာရှသားလေးကို ဒီလတွေအတွင်း ကမ်းလှမ်းမှုကိစ္စကို အပြီးသတ်ကာ ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် အပြီးသတ် ခေါ်ယူဖို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းနေတဲ့ လီဗာပူးအတွက် တိုက်စစ်သမားတစ်ဦးကို ခေါ်ယူမယ်လို့ မကြာခင်ကပဲ ယာဂင်ကလော့ပ်ကိုယ်တိုင် ပြောဆိုထားတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြင္း အုပ္စုအဆင့္ပြဲေတြမွာ ေျခစြမ္းျပခဲ့တဲ့ ဆဲလ္ဘတ္တိုက္စစ္သမား မီနာမီႏိုကို ေခၚယူဖို႔ စည္းမ်ဥ္းျပိဳင္းဆိုင္ရာ အၾကိဳသေဘာတူညီမႈကို ရရွိဖို႔ နီးစပ္ေနခဲ့ျပီလို႔ ဂုဏ္သိကၡာရွိ လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Paul Joyce နဲ႔ James Pearce တို႔က ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ပန္လက္ေရြးစင္ဟာ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔တဲ့ ခ်န္ပီယံလိဂ္ ပြဲေတြမွာ အထူးေျခစြမ္းျပခဲ့ျပီး ယာဂင္ကေလာ့ပ္ မ်က္စိက်ခဲ့တာျဖစ္တယ္။ ကစားသမားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္ ၇.၂၅ သန္းပဲ ရွိတာျဖစ္ျပီး ဒါဟာ ေစ်းကြက္ထဲမွာ တန္ေၾကး ေပါင္ ၂၀ သန္းထက္ မနည္းႏုိင္တဲ့ ကစားသမားအတြက္ အဖိုးခ်ိဴလြန္းတဲ့ ပမာဏျဖစ္တာေၾကာင့္ လီဗာပူးဘက္က ခ်ိတ္ဆက္မႈ စတင္ခဲ့တာပါ။

အျပီးသတ္တဲ့အထိ သေဘာတူညီမႈ မရေသးေပမယ့္ လီဗာပူးဘက္က ကစားသမားကို ေခၚယူလိုတဲ့ ကလပ္အသင္း အမ်ားအျပားကို ေက်ာ္ျဖတ္ျပီး ကစားသမားကို ေခၚယူႏုိင္ဖို႔ အေလးသာသြားတာပါ။ လီဗာပူးဟာ ဆဲလ္ဘတ္နဲ႔ ကြင္းျပင္ပ ဆက္ဆံေရးေကာင္း ရွိထားျခင္းကလည္း ဂ်ာမနီထိပ္တန္းအသင္းေတြက စိတ္ဝင္စားေနတဲ့ မီနာမီႏိုရဲ႕ အေျပာင္းအေရႊ႔ကို အားသာခဲ့ျခင္းရဲ႕ အေၾကာင္းရင္း တစ္ခ်က္ျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ဘြန္ဒက္လီဂါကလပ္ေတြကလည္း စိတ္ဝင္စားေနတဲ့ မီနာမီႏိုကို လီဗာပူးေခၚယူႏုိင္မယ့္ အေနအထားဟာ တရားဝင္ ျဖစ္ေျမာက္ဖို႔ အနည္းငယ္ပဲ လိုတဲ့ အေျခအေနျဖစ္ျပီး လီဗာပူးဘက္က တိုက္စစ္ပိုင္းမွာ ကြင္းလယ္တိုက္စစ္အျဖစ္ ထူးထူးခၽြန္ခၽြန္ ကစားႏုိင္တဲ့ အာရွသားေလးကို ဒီလေတြအတြင္း ကမ္းလွမ္းမႈကိစၥကို အျပီးသတ္ကာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတင္ အျပီးသတ္ ေခၚယူဖို႔လည္း ၾကိဳးစားေနတာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာေကာ ပရီးမီးယားလိဂ္မွာ အေျခအေနေကာင္းေနတဲ့ လီဗာပူးအတြက္ တိုက္စစ္သမားတစ္ဦးကို ေခၚယူမယ္လို႔ မၾကာခင္ကပဲ ယာဂင္ကေလာ့ပ္ကိုယ္တိုင္ ေျပာဆိုထားတာျဖစ္ပါတယ္။