လီဗာပူးအသင်းဟာ သြစတြီးယားကလပ် ဆဲလ်ဘတ်အသင်းမှ အာရှသား တိုက်စစ်သမား မီနာမီနိုကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ စည်းမျဉ်းပိုင်းဆိုင်ရာ သဘောတူညီမှုကို ရယူထားခဲ့ပြီဖြစ်ပြီး ဈေးကွကက် ဖွင့်ချိန်မှာ တရားဝင် ကြေညာမှု လုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် မီနာမီနိုဆိုတာ ဘယ်လိုကစားသမားလဲ? ဘယ်နေရာမှာ ကစားသလဲ? ဘယ်လိုတွေ ကစားနိုင်သူလဲ? ဆိုတာတွေကို အကျဉ်း လေ့လာကြည့်မှာ ဖြစ်ပါတယ်။

တာကူမီ မီနာမီနို

အသက် ၂၄ နှစ်အရွယ်ပဲရှိသေးတဲ့ ဂျပန်သား အာရှကစားသမားဖြစ်ပါတယ်။ ဂျပန်ကလပ် ဆီရီဇို အိုဆာကာ ၂ ရာသီကစားခဲ့ပြီး သြစတြီးယားကလပ် ဆဲလ်ဘတ်ကို ပြောင်းရွှေ့ကစားလာခဲ့တာ ဒီနှစ်ဆိုရင် ၆ နှစ်ထိ ရှိခဲ့ပြီဖြစ်တယ်။ ဆဲလ်ဘတ်က ကစားသမားနဲ့ စာချုပ်ပါ သက်တမ်းတိုးခွင့် တစ်နှစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ရှိတော့တာဖြစ်တယ်။ ကာလတန်ကြေး ပေါင် ၂၅ သန်းထိ တန်ကြေးရှိပေမယ့် စာချုပ်အရ သူ့ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူလိုရင် ပေါင် ၇.၂၅ သန်း ပဲ ပေးချေရမှာဖြစ်ပါတယ်။

ဂျာမနီကလပ်၊ အီတလီကလပ်တွေအပြင် ပရီးမီးယားလိဂ်ဘက်က ယူနိုက်တက်၊ ဝုဗ်၊ လီဗာပူးတို့ဟာ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး လီဗာပူးဘက်က အသာစီး ရသွားတဲ့ အခြေအနေဖြစ်တယ်။ ကစားသမားနဲ့ စည်းမျဉ်းပိုင်းဆိုင်ရာ ညိနှိုင်းမှု အခြေအနေ ကောင်းခဲ့ခြင်းကြောင့် ဇန်နဝါရီမှာတင် လီဗာပူးကို ပြောင်းလာဖို့ များနေသူဖြစ်ပါတယ်။

မီနာမီနိုဟာ ကွင်းလယ်ကစလို့ ကြိုက်တဲ့ နေရာမှာ ထားကစားနိုင်ပြီး တိုက်စစ်အားသန် ကစားသမားဖြစ်ပါတယ်။ သူ့ဟာ ကစားသမားဘဝမှာ ကွင်းလယ်နေရာ သုံးခုလုံးနဲ့တကွ တိုက်စစ်ပိုင်း နေရာ သုံးမျိုးလုံးကို ကစားခဲ့ပြီး နည်းစနစ်ပိုင်း ကောင်းမွန်သူဖြစ်ကာ ခံစစ်သမားနေရာကလွဲလို့ နေရာစုံ အသုံးပြုနိုင်သူဖြစ်တယ်။

အာရှသား ထိပ်တန်း ကစားသမားတွေရဲ့ ပုံစံအတိုင်းပဲ လှုပ်အားနှုန်း သိပ်ကောင်းသလို ဘောလုံးအပေါ် ခံယူချက် ကောင်းမွန်ကာ အောင်မြင်လိုစိတ် ပြင်းထန်သူဖြစ်တယ်။ ဘယ်တောင်ပံနေရာကို အဓိက ကစားသူဖြစ်ပြီး အထောင်တိုက်စစ်နဲ့ ညာတောင်ပံတွေမှာလည်း ကစားနိုင်ပါတယ်။ သူဟာ ကွင်းလယ်တိုက်စစ်သမားအဖြစ် တိုက်စစ်သမားတွေရဲ့နောက်က နောက်ချန်ပုံစံ ရှဲဒိုးလိုက်ရာမှာ ထူးချွန်သူဖြစ်တယ်။

ဆဲလ်ဘတ်ကစားသမားဘဝ ပွဲ ၂၀၀ ပြည့်ဖို့ တစ်ပွဲပဲ လိုချိန်မှာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု နှစ်ခုပေါင်း အကြိမ် ၁၁၀ အထိ လုပ်ထားနိုင်သူဖြစ်ပါတယ်။ ဂျပန်လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ်ကာ ၂၂ ကြိမ် ပွဲထွက်ပေးပြီး ၁၁ ဂိုးထိ သွင်းယူထားနိုင်တယ်။ သူဟာ ဂိုးသွင်းနှုန်း အတော်ကောင်းတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။

မီနာမီနိုဟာ ကစားပုံ သန့်ရှင်းပြီး ပြစ်ဒဏ်ကဒ်တွေ ရရှိမှု နည်းပါးသူဖြစ်တယ်။ ဥရောပကို ပြောင်းလာပြီးကတည်းက တစ်ရာသီ အဝါကဒ် လေးကဒ်ထက် ပိုရဖူးတဲ့ ဘောလုံးရာသီ မရှိသလို နှစ်ဝါတစ်နီဆိုတဲ့ ပြစ်ဒဏ်မျိုးလည်း ရဖူးခြင်း မရှိပါဘူး။ သူဟာ ကြံ့ခိုင်မှုလည်း ကောင်းမွန်သူဖြစ်ပြီး ဂျပန်ကလပ်မှာ တစ်ကြိမ်နဲ့ ဆဲလ်ဘတ်မှာ တစ်ကြိမ် ဒဏ်ရာကြောင့် တစ်လခန့်စီ အနားယူခဲ့ရတာကလွဲလို့ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ဖူးသူဖြစ်ပါတယ်။

လီဗာပူးဘက်က သူ့ကို ခေါ်ယူဖို့ ကြိုးစားခြင်းဟာ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်မှု၊ လျှင်မြန်မှု၊ လုပ်အား အရမ်းကောင်းမှု၊ စိတ်ဓတ် ပြင်းထန်မှုတွေက အဓိက အကြောင်းရင်းဖြစ်နိုင်ပါတယ်။ ယာဂင်ကလော့ပ် သဘောတွေ့ခြင်းကြောင့် လီဗာပူးဘက်က ဈေးကွက်ထဲ ဝင်ခဲ့ခြင်းလို့ လီဗာပူးသတင်းထောက်တွေ အခိုင်အမာ ပြောဆိုပြီး ဇန်နဝါရီမှာ ပြောင်းရွှေ့ရောက်လာဖို့ အတော်လေး နီးစပ်နေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္အသင္းမွ အာရွသား တိုက္စစ္သမား မီနာမီႏိုကို ဇန္နဝါရီမွာ ေခၚယူႏုိင္ဖို႔ စည္းမ်ဥ္းပိုင္းဆိုင္ရာ သေဘာတူညီမႈကို ရယူထားခဲ့ျပီျဖစ္ျပီး ေစ်းကြကက္ ဖြင့္ခ်ိန္မွာ တရားဝင္ ေၾကညာမႈ လုပ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ မီနာမီႏိုဆိုတာ ဘယ္လိုကစားသမားလဲ? ဘယ္ေနရာမွာ ကစားသလဲ? ဘယ္လိုေတြ ကစားႏုိင္သူလဲ? ဆိုတာေတြကို အက်ဥ္း ေလ့လာၾကည့္မွာ ျဖစ္ပါတယ္။

တာကူမီ မီနာမီႏို

အသက္ ၂၄ ႏွစ္အရြယ္ပဲရွိေသးတဲ့ ဂ်ပန္သား အာရွကစားသမားျဖစ္ပါတယ္။ ဂ်ပန္ကလပ္ ဆီရီဇို အိုဆာကာ ၂ ရာသီကစားခဲ့ျပီး ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္ကုိ ေျပာင္းေရႊ႔ကစားလာခဲ့တာ ဒီႏွစ္ဆိုရင္ ၆ ႏွစ္ထိ ရွိခဲ့ျပီျဖစ္တယ္။ ဆဲလ္ဘတ္က ကစားသမားနဲ႔ စာခ်ဳပ္ပါ သက္တမ္းတိုးခြင့္ တစ္ႏွစ္ကို ျပီးခဲ့တဲ့ ဇန္နဝါရီတုန္းက လုပ္ေဆာင္ခဲ့ျပီး ၂၀၂၁ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိေတာ့တာျဖစ္တယ္။ ကာလတန္ေၾကး ေပါင္ ၂၅ သန္းထိ တန္ေၾကးရွိေပမယ့္ စာခ်ဳပ္အရ သူ႔ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူလိုရင္ ေပါင္ ၇.၂၅ သန္း ပဲ ေပးေခ်ရမွာျဖစ္ပါတယ္။

ဂ်ာမနီကလပ္၊ အီတလီကလပ္ေတြအျပင္ ပရီးမီးယားလိဂ္ဘက္က ယူႏုိက္တက္၊ ဝုဗ္၊ လီဗာပူးတို႔ဟာ ကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ျပီး လီဗာပူးဘက္က အသာစီး ရသြားတဲ့ အေျခအေနျဖစ္တယ္။ ကစားသမားနဲ႔ စည္းမ်ဥ္းပိုင္းဆိုင္ရာ ညိႏိႈင္းမႈ အေျခအေန ေကာင္းခဲ့ျခင္းေၾကာင့္ ဇန္နဝါရီမွာတင္ လီဗာပူးကို ေျပာင္းလာဖို႔ မ်ားေနသူျဖစ္ပါတယ္။

မီနာမီႏိုဟာ ကြင္းလယ္ကစလို႔ ၾကိဳက္တဲ့ ေနရာမွာ ထားကစားႏုိင္ျပီး တိုက္စစ္အားသန္ ကစားသမားျဖစ္ပါတယ္။ သူ႔ဟာ ကစားသမားဘဝမွာ ကြင္းလယ္ေနရာ သံုးခုလံုးနဲ႔တကြ တိုက္စစ္ပိုင္း ေနရာ သံုးမ်ိဳးလံုးကို ကစားခဲ့ျပီး နည္းစနစ္ပိုင္း ေကာင္းမြန္သူျဖစ္ကာ ခံစစ္သမားေနရာကလြဲလို႔ ေနရာစံု အသံုးျပဳႏုိင္သူျဖစ္တယ္။

အာရွသား ထိပ္တန္း ကစားသမားေတြရဲ႕ ပံုစံအတိုင္းပဲ လႈပ္အားႏႈန္း သိပ္ေကာင္းသလို ေဘာလံုးအေပၚ ခံယူခ်က္ ေကာင္းမြန္ကာ ေအာင္ျမင္လိုစိတ္ ျပင္းထန္သူျဖစ္တယ္။ ဘယ္ေတာင္ပံေနရာကို အဓိက ကစားသူျဖစ္ျပီး အေထာင္တိုက္စစ္နဲ႔ ညာေတာင္ပံေတြမွာလည္း ကစားႏုိင္ပါတယ္။ သူဟာ ကြင္းလယ္တိုက္စစ္သမားအျဖစ္ တိုက္စစ္သမားေတြရဲ႕ေနာက္က ေနာက္ခ်န္ပံုစံ ရွဲဒိုးလိုက္ရာမွာ ထူးခၽြန္သူျဖစ္တယ္။

ဆဲလ္ဘတ္ကစားသမားဘဝ ပြဲ ၂၀၀ ျပည့္ဖို႔ တစ္ပြဲပဲ လိုခ်ိန္မွာ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ႏွစ္ခုေပါင္း အၾကိမ္ ၁၁၀ အထိ လုပ္ထားႏုိင္သူျဖစ္ပါတယ္။ ဂ်ပန္လက္ေရြးစင္အသင္းရဲ႕ အဓိက ကစားသမားလည္းျဖစ္ကာ ၂၂ ၾကိမ္ ပြဲထြက္ေပးျပီး ၁၁ ဂိုးထိ သြင္းယူထားႏုိင္တယ္။ သူဟာ ဂိုးသြင္းႏႈန္း အေတာ္ေကာင္းတဲ့ တိုက္စစ္သမားျဖစ္ပါတယ္။

မီနာမီႏိုဟာ ကစားပံု သန္႔ရွင္းျပီး ျပစ္ဒဏ္ကဒ္ေတြ ရရွိမႈ နည္းပါးသူျဖစ္တယ္။ ဥေရာပကို ေျပာင္းလာျပီးကတည္းက တစ္ရာသီ အဝါကဒ္ ေလးကဒ္ထက္ ပိုရဖူးတဲ့ ေဘာလံုးရာသီ မရွိသလို ႏွစ္ဝါတစ္နီဆိုတဲ့ ျပစ္ဒဏ္မ်ိဳးလည္း ရဖူးျခင္း မရွိပါဘူး။ သူဟာ ၾကံ႕ခိုင္မႈလည္း ေကာင္းမြန္သူျဖစ္ျပီး ဂ်ပန္ကလပ္မွာ တစ္ၾကိမ္နဲ႔ ဆဲလ္ဘတ္မွာ တစ္ၾကိမ္ ဒဏ္ရာေၾကာင့္ တစ္လခန္႔စီ အနားယူခဲ့ရတာကလြဲလို႔ ဒဏ္ရာ ၾကီးၾကီးမားမား မရခဲ့ဖူးသူျဖစ္ပါတယ္။

လီဗာပူးဘက္က သူ႔ကို ေခၚယူဖို႔ ၾကိဳးစားျခင္းဟာ တိုက္စစ္ပိုင္း ေနရာစံု ကစားႏုိင္မႈ၊ လွ်င္ျမန္မႈ၊ လုပ္အား အရမ္းေကာင္းမႈ၊ စိတ္ဓတ္ ျပင္းထန္မႈေတြက အဓိက အေၾကာင္းရင္းျဖစ္ႏိုင္ပါတယ္။ ယာဂင္ကေလာ့ပ္ သေဘာေတြ႔ျခင္းေၾကာင့္ လီဗာပူးဘက္က ေစ်းကြက္ထဲ ဝင္ခဲ့ျခင္းလို႔ လီဗာပူးသတင္းေထာက္ေတြ အခိုင္အမာ ေျပာဆိုျပီး ဇန္နဝါရီမွာ ေျပာင္းေရႊ႔ေရာက္လာဖို႔ အေတာ္ေလး နီးစပ္ေနျပီျဖစ္ပါတယ္။