ချယ်ဆီးအသင်းဟာ ကလပ်အသင်း အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ဒီရာသီမှာ ခြေစွမ်းထူးချွန်နေတဲ့ အင်္ဂလန်သား လူငယ်ခံစစ်မှူး တိုမိုရီကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ လာမယ့် သီတင်းပတ်မှာ အသက် ၂၂ နှစ်ပြည့်မှာဖြစ်ပြီး အသက် ၈ နှစ်အရွယ်ကတည်းက ချယ်ဆီးနဲ့ ချိတ်ဆက်ခဲ့တာပါ။ သူ့ရဲ့ ကာလရှည် ပူးပေါင်းမှုကို အသိအမှတ်ပြုဖို့နဲ့ အသင်းမှာပဲ ဆက်ထိန်းဖို့ ကလပ်ဘက်က အင်္ဂလန်သားလေးကို အကျိုးအမြတ်များတဲ့ ၅ နှစ် စာချုပ်သစ်ပေးမှာဖြစ်ပါတယ်။ ချယ်ဆီးနဲ့ တိုမိုရီတို့ရဲ့ ကိုယ်စားလှယ်တွေဟာ စက်တင်ဘာလကတည်းက စတင်ညိနှိုင်းခဲ့မှုဟာ ဒီရက်တွေမှာတော့ အကျိုးထူးခဲ့ပြီး သဘောတူညီမှုရဖို့ပါ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံ စီနီယာပွဲထွက်ခွင့် ၁၆ ပွဲထိ ကစားထားနိုင်တဲ့ တိုမိုရီဟာ တင်ပါးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး မကြာခင် ပြန်ကစားနိုင်မှာပါ။ ချယ်ဆီးမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေတာကြောင့် အရင်လတုန်းက ကိုဆိုဗိုနဲ့ ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန်အသင်း လက်ရွေးစင်ပွဲမှာ ပါဝင်ကစားခွင့် ရခဲ့တာဖြစ်တယ်။

လက်ရှိ စာချုပ်ဟာ ၂ ရာသီပဲ ကျန်တော့တာဖြစ်ပြီး မန်နေဂျာလမ်းပတ်လက်ထက် အငှားကစားသမားအဖြစ် ဒါဘီအသင်းမှာ ခြေစွမ်းပြနိုင်မှု၊ ဒီရာသီ စီနီယာအသင်းမှာ ခြေစွမ်း ကောင်းမွန်မှုတွေကြောင့် ၅ နှစ်စာချုပ် ပေးဖို့ ညိနှိုင်းခြင်း ခံခဲ့ရသူဖြစ်တယ်။ သူဟာ မန်နေဂျာလမ်းပတ် လက်အောက်မှာ အေဘရာဟမ်၊ မောင့်တို့နဲ့အတူ အဓိက ကစားသမား တစ်ဦးအဖြစ် ကစားပေးရမယ့်သူလည်း ဖြစ်ပါတယ်။

အင်္ဂလန်လူငယ် သုံးဦး တောက်ပလာမှုနဲ့ လက်ရွေးစင်အဆင့် အခေါ်ခံရမှုတွေဟာ ချယ်ဆီးအကယ်ဒမီရဲ့ တိုးတက်မှုဖြစ်ပြီး ကလပ်အသင်း ဆုဖလားတွေ အောင်မြင်ဖို့ရာမှာ အဓိကကျသူတွေ ဖြစ်လာမယ်လို့ ယူဆခံထားရပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ကလပ္အသင္း အကယ္ဒမီကေန ထြက္ေပၚလာျပီး ဒီရာသီမွာ ေျခစြမ္းထူးခၽြန္ေနတဲ့ အဂၤလန္သား လူငယ္ခံစစ္မွဴး တုိမိုရီကို ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ ေပးႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားဟာ လာမယ့္ သီတင္းပတ္မွာ အသက္ ၂၂ ႏွစ္ျပည့္မွာျဖစ္ျပီး အသက္ ၈ ႏွစ္အရြယ္ကတည္းက ခ်ယ္ဆီးနဲ႔ ခ်ိတ္ဆက္ခဲ့တာပါ။ သူ႔ရဲ႕ ကာလရွည္ ပူးေပါင္းမႈကို အသိအမွတ္ျပဳဖို႔နဲ႔ အသင္းမွာပဲ ဆက္ထိန္းဖို႔ ကလပ္ဘက္က အဂၤလန္သားေလးကို အက်ိဳးအျမတ္မ်ားတဲ့ ၅ ႏွစ္ စာခ်ဳပ္သစ္ေပးမွာျဖစ္ပါတယ္။ ခ်ယ္ဆီးနဲ႔ တိုမိုရီတို႔ရဲ႕ ကိုယ္စားလွယ္ေတြဟာ စက္တင္ဘာလကတည္းက စတင္ညိႏိႈင္းခဲ့မႈဟာ ဒီရက္ေတြမွာေတာ့ အက်ိဳးထူးခဲ့ျပီး သေဘာတူညီမႈရဖို႔ပါ နီးစပ္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ျပိဳင္ပြဲစံု စီနီယာပြဲထြက္ခြင့္ ၁၆ ပြဲထိ ကစားထားႏုိင္တဲ့ တိုမိုရီဟာ တင္ပါးဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ျပီး မၾကာခင္ ျပန္ကစားႏုိင္မွာပါ။ ခ်ယ္ဆီးမွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသေနတာေၾကာင့္ အရင္လတုန္းက ကိုဆုိဗိုနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ အဂၤလန္အသင္း လက္ေရြးစင္ပြဲမွာ ပါဝင္ကစားခြင့္ ရခဲ့တာျဖစ္တယ္။

လက္ရွိ စာခ်ဳပ္ဟာ ၂ ရာသီပဲ က်န္ေတာ့တာျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္လက္ထက္ အငွားကစားသမားအျဖစ္ ဒါဘီအသင္းမွာ ေျခစြမ္းျပႏုိင္မႈ၊ ဒီရာသီ စီနီယာအသင္းမွာ ေျခစြမ္း ေကာင္းမြန္မႈေတြေၾကာင့္ ၅ ႏွစ္စာခ်ဳပ္ ေပးဖို႔ ညိႏိႈင္းျခင္း ခံခဲ့ရသူျဖစ္တယ္။ သူဟာ မန္ေနဂ်ာလမ္းပတ္ လက္ေအာက္မွာ ေအဘရာဟမ္၊ ေမာင့္တို႔နဲ႔အတူ အဓိက ကစားသမား တစ္ဦးအျဖစ္ ကစားေပးရမယ့္သူလည္း ျဖစ္ပါတယ္။

အဂၤလန္လူငယ္ သံုးဦး ေတာက္ပလာမႈနဲ႔ လက္ေရြးစင္အဆင့္ အေခၚခံရမႈေတြဟာ ခ်ယ္ဆီးအကယ္ဒမီရဲ႕ တိုးတက္မႈျဖစ္ျပီး ကလပ္အသင္း ဆုဖလားေတြ ေအာင္ျမင္ဖို႔ရာမွာ အဓိကက်သူေတြ ျဖစ္လာမယ္လို႔ ယူဆခံထားရပါတယ္။