ချန်ပီယံလိဂ်ပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်အပြီးမှာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံသမားဖြစ်သူ ဂနာဘီကို သတင်းသမားတွေက သူနဲ့ အသင်ဖော်ဟောင်း ဘယ်လာရင်မှာ ဘယ်ကစားသမားက ပိုမြန်သလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ကြပါတယ်။

မန်နေဂျာအာဆင်ဝင်းဂါးလက်ထက် ဂန်းနားဟောင်းကြီးဖြစ်သူ ဂနာဘီဟာ လန်ဒန်မြေမှာ တောက်ပဖို့ ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်ကလပ် ဝက်ဘရွန်းအသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ဂျာမနီကို ပြန်သွားခဲ့ရသူပါ။ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်မှာ ခြေစွမ်း ထူးချွန်းတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူဖြစ်တယ်။

ဂနာဘီဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်လာခဲ့ပြီး ဥရောပရဲ့ အလားအလာ အကောင်းဆုံး တောင်ပံသမားလည်း ဖြစ်လာခဲ့ပါတယ်။ တောင်ပံတစ်လျှောက် လျှင်မြန်စွာ ပြေးလွှားနိုင်ပြီး ဂိုးသွင်းနှုန်းလည်း ကောင်းမွန်လှတဲ့ ဂနာဘီဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံမှာ ၉ ဂိုးသွင်းယူကာ ၇ ကြိမ် ထောက်ပံ့မှု လုပ်ထားပေးသူဖြစ်ပါတယ်။

ဂနာဘီက ” ဘယ်လာရင်က ပိုမြန်ပါတယ်။ သူက ပိန်လည်း ပိန်တယ်၊ အသီးအရွက်လည်းစားတယ်၊ သူက အတော်မြန်တဲ့ ကစားသမားပါ ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။ ဂန်းနားအသင်းဖော်ဟောင်း ဘယ်လာရင်ကတော့ ဂနာဘီရဲ့ ဖြေဆိုမှုအတွက်ကော လန်ဒန်ဒါဘီကို အနိုင်ယူပေးမှုအတွက်ပါ ကျေနပ်နေမှာဖြစ်တယ်။

ဒီရာသီမှာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေကြောင့် ဘောလုံး မကစားနိုင်ဖြစ်နေတဲ့ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ ဝက်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲကို ပါဝင်ပေးဖို့ နီးစပ်ခဲ့ပေမယ့် တံကောက်ကြော ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပဲ သူ့နေရာမှာ မစ်လန်နေးက ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲအျဖစ္ စပါးနဲ႔ ယွဥ္ျပိဳင္အျပီးမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ အဓိက ေတာင္ပံသမားျဖစ္သူ ဂနာဘီကို သတင္းသမားေတြက သူနဲ႔ အသင္ေဖာ္ေဟာင္း ဘယ္လာရင္မွာ ဘယ္ကစားသမားက ပိုျမန္သလဲဆိုတဲ့ ေမးခြန္းကို ေမးခဲ့ၾကပါတယ္။

မန္ေနဂ်ာအာဆင္ဝင္းဂါးလက္ထက္ ဂန္းနားေဟာင္းၾကီးျဖစ္သူ ဂနာဘီဟာ လန္ဒန္ေျမမွာ ေတာက္ပဖို႔ ရုန္းကန္ခဲ့ရသလို ပရီးမီးယားလိဂ္ကလပ္ ဝက္ဘရြန္းအသင္းမွာလည္း ေျခစြမ္းမျပႏုိင္ခဲ့လို႔ ဂ်ာမနီကို ျပန္သြားခဲ့ရသူပါ။ ဘြန္ဒက္လီဂါကလပ္ ဝါဒါဘရီမင္မွာ ေျခစြမ္း ထူးခၽြန္းတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရသူျဖစ္တယ္။

ဂနာဘီဟာ ဘိုင္ယန္ျမဴးနစ္မွာ ကစားသမားဘဝ အေကာင္းဆံုး ေျခစြမ္းေတြ ပိုင္ဆုိင္လာခဲ့ျပီး ဥေရာပရဲ႕ အလားအလာ အေကာင္းဆံုး ေတာင္ပံသမားလည္း ျဖစ္လာခဲ့ပါတယ္။ ေတာင္ပံတစ္ေလွ်ာက္ လွ်င္ျမန္စြာ ေျပးလႊားႏုိင္ျပီး ဂိုးသြင္းႏႈန္းလည္း ေကာင္းမြန္လွတဲ့ ဂနာဘီဟာ ဒီရာသီ ဘိုင္ယန္ျမဴးနစ္အတြက္ ျပိဳင္ပြဲစံုမွာ ၉ ဂိုးသြင္းယူကာ ၇ ၾကိမ္ ေထာက္ပံ့မႈ လုပ္ထားေပးသူျဖစ္ပါတယ္။

ဂနာဘီက ” ဘယ္လာရင္က ပိုျမန္ပါတယ္။ သူက ပိန္လည္း ပိန္တယ္၊ အသီးအရြက္လည္းစားတယ္၊ သူက အေတာ္ျမန္တဲ့ ကစားသမားပါ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။ ဂန္းနားအသင္းေဖာ္ေဟာင္း ဘယ္လာရင္ကေတာ့ ဂနာဘီရဲ႕ ေျဖဆိုမႈအတြက္ေကာ လန္ဒန္ဒါဘီကို အႏုိင္ယူေပးမႈအတြက္ပါ ေက်နပ္ေနမွာျဖစ္တယ္။

ဒီရာသီမွာ ၾကံ႕ခိုင္မႈဆုိင္ရာ ျပႆနာေတြေၾကာင့္ ေဘာလံုး မကစားႏုိင္ျဖစ္ေနတဲ့ ဘယ္လာရင္ဟာ ျပီးခဲ့တဲ့ ဝက္ဟမ္းနဲ႔ လန္ဒန္ဒါဘီပြဲကို ပါဝင္ေပးဖို႔ နီးစပ္ခဲ့ေပမယ့္ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့ပဲ သူ႔ေနရာမွာ မစ္လန္ေနးက ပါဝင္ကစားခဲ့တာ ျဖစ္ပါတယ္။