ယူနိုက်တက် တိုက်စစ်မူှး ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ စီးတီးနဲ့မန်ချက်စတာ ဒါဘီပွဲမှာ တစ်ပွဲလုံး အကောင်းဆုံး ကစားသမား ခြေစွမ်း ပြသွားခဲ့ပြီး သူ့ရဲ့ ဇာတိ ကလပ်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲ ၁၂၇ ပွဲ မြောက် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အသက် ၂၂ နှစ် အရွယ် ဝိုင်သန်ရှောဒေသဖွား လူငယ်လေးအပေါ် ၎င်း စတင် ပွဲထွက် ကစားခဲ့တဲ့ ၂၀၁၆ တည်းက စ လို့ ပရိသတ်တွေက မျှော်လင့်ချက်တွေ ကြီးခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန် ခေတ်နောက်ပိုင်း ယူနိုက်တက် တောက်ပမှုတွေ ပြန်လည် အရောင်တင်ပေးဖို့ ရက်ဖို့ဒ်က အဓိက ကျတဲ့ ကစားသမား ဖြစ်လာမယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ ရက်ဖို့ဒ်ဟာ ဒီရာသီ ယူနိုက်တက် အတွ့် ၁၃ ဂိုး သွင်းယူထား ဖြည်းဖြည်းနဲ့ မှန်မှန် အကောင်းဆုံး နေရာကို လျှောက်လှမ်းနေပါတယ်။

ဖရီးကစ် ကန်ကောင်းပြီး ယူနိုက်တက် အကယ်ဒမီထွက်လည်း ဖြစ်တဲ့ တိုက်စစ်သမား ရက်ဖို့ဒ်ကို ကစားသမားဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ နှိုင်းယှဉ် ချီးကျူးမှုတွေလည်း များပြားနေပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှား ကိုယ်တိုင်က ရက်ဖို့ဒ်ဟာ ရိုနယ်ဒိုနဲ့ ဆင်တူတဲ့ အရည်အချင်းတွေ ရှိတယ်လို့ ထောက်ခံထားပါတယ်။

ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲ ၁၂၇ ပွဲ ကစားထားတဲ့ တိုက်စစ်မှူးဟာ အချက်အလက်တွေ အရ နာမည်ကျာ် ရိုနယ်ဒိုထက် သာလွန်မှု ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် အခွင့်အရေးပေးခဲ့တဲ့ ပေါ်တူဂီသား ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ် ပွဲ ၁၂၇ ပွဲ ပြည့်ချိန်မှာ ပွဲထွက်လူစာရင်းကနေ ပါဝင် ကစားခွင့်ရတာက ၉၄ ပွဲ ရှိပါတယ်။

ရက်ဖို့ဒ်ကတော့ ဒီလို ပွဲအရေအတွက် မှာ ပွဲထွက် ပါဝင်ခွင့်ရခဲ့တာက ၈၆ ပွဲ ရှိပါတယ်။ ပွဲ အရေအတွက် အရ ရက်ဖို့ဒ်ဟာ ရိုနယ်ဒိုထက် ၈ ပွဲ နည်းနေတယ် ဆိုနိုင်ပါတယ်။ ဆာအဲလက်စ်ရဲ့ အခွင့်အရေးပေးမှုကြောင့် ရိုနယ်ဒိုဟာ ၁၂၇ ပွဲ ကစားပြီးချိန်မှာ ပွဲကစားတဲ့ မိနစ် ၈၉၂၄ မိနစ် ရှိထားပြီး ရက်ဖို့ဒ်ကတော့ ၈၁၁၀ မိနစ်သာ ရှိပါတယ်။ ဒါကြောင့် ၈၁၄ မိနစ် ကွာဟနေပြီး ပွဲအားဖြင့် ပြန် တွက်မယ်ဆို ၉ ပွဲလောက် ကွာနေပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ အချက်အလက်ကတော့ ထို ပွဲ ၁၂၇ ပွဲ ကစားပြီးချိန်မှာ ပွဲကစားတဲ့ မိနစ် နည်းနေသည့်တိုင် ရက်ဖို့ဒ်က ရိုနယ်ဒိုထက် သွင်းဂိုး ပိုရထားပါတယ်။ ရိုနယ်ဒိုက ၃၄ ဂိုး သွင်းထားပြီး ရက်ဖို့ဒ်က ၃၇ ဂိုး သွင်းထားကာ ၃ ဂိုး အသာရနေပါတယ်။ ရိုနယ်ဒိုက ပျမ်းမျှ ၂၆၂ မိနစ်တိုင်း တစ်ဂိုး သွင်းပေမယ့် ရက်ဖို့ဒ်ကတော့ ၂၁၉ မိနစ်တိုင်း တစ်ဂိုး သွင်းထားတာပါ။

ဒါ့အပြင် ဂိုးပေါက်ကို ကန်သွင်းချက်မှာ ရိုနယ်ဒိုက ရက်ဖို့ဒ်ထက် ၂ ဆ နီးပါး ရှိပါတယ်။ ရိုနယ်ဒို ၄၇၁ ကြိမ် ကန်သွင်းချိန်မှာ ရက်ဖို့ဒ်က ၂၅၆ ကြိမ်သာ ရှိပါတယ်။ ဒီသဘောအရ ရက်ဖို့ဒ်က ဂိုး အဖြစ် ပြောင်းလဲနိုင်မှု အချိုးမှာ နှစ်ဆသာနေကာ ၁၄.၅ ရှိပြီး ရိုနယ်ဒိုက ၇.၂ သာ ရှိပါတယ်။

ရက်ဖို့ဒ်ကို ဘလွန်းဒီအော ၅ ဆု ယူပြထားတဲ့ နာမည်ကျော် ရိုနယ်ဒို နဲ့ နှိုင်းယှဉ်ပြောဖို့က စောလွန်းသလို အင်္ဂလန်သားအတွက် ဝန်လည်း ပိစေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ၁၂၇ ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက် တိုက်စစ်မူှး ရက်ဖို့ဒ်က သူ့ သမိုင်းကြောင်း သူရေးဖို့ ကိုယ်ပိုင် လမ်းကြောင်းပေါ်မှာ ရှိနေပြီတော့ ဆိုနိုင်ပါပြီ။

Zawgyi

ယူနိုက္တက္ တိုက္စစ္မဴွး ရက္ဖို႔ဒ္ဟာ ျပီးခဲ့တဲ့ စီးတီးနဲ႕မန္ခ်က္စတာ ဒါဘီပြဲမွာ တစ္ပြဲလံုး အေကာင္းဆံုး ကစားသမား ေျခစြမ္း ျပသြားခဲ့ျပီး သူ႔ရဲ႕ ဇာတိ ကလပ္အသင္း အတြက္ ပရီးမီးယားလိဂ္ပြဲ ၁၂၇ ပြဲ ေျမာက္ ကစားသြားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ အသက္ ၂၂ နွစ္ အရြယ္ ၀ိုင္သန္ေရွာေဒသဖြား လူငယ္ေလးအေပၚ ၄င္း စတင္ ပြဲထြက္ ကစားခဲ့တဲ့ ၂၀၁၆ တည္းက စ လို႕ ပရိသတ္ေတြက ေမွ်ာ္လင့္ခ်က္ေတြ ၾကီးခဲ့ပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္ ေခတ္ေနာက္ပိုင္း ယူနိုက္တက္ ေတာက္ပမႈေတြ ျပန္လည္ အေရာင္တင္ေပးဖို႔ ရက္ဖို႔ဒ္က အဓိက က်တဲ့ ကစားသမား ျဖစ္လာမယ္လို႔လည္း ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ရက္ဖို႔ဒ္ဟာ ဒီရာသီ ယူနိုက္တက္ အတြ႕္ ၁၃ ဂိုး သြင္းယူထား ျဖည္းျဖည္းနဲ႕ မွန္မွန္ အေကာငး္ဆံုး ေနရာကို ေလွ်ာက္လွမ္းေနပါတယ္။

ဖရီးကစ္ ကန္ေကာင္းျပီး ယူနိုက္တက္ အကယ္ဒမီထြက္လည္း ျဖစ္တဲ့ တိုက္စစ္သမား ရက္ဖို႔ဒ္ကို ကစားသမားေဟာင္း ခရစၥတီယာနို ရိုနယ္ဒိုနဲ႕ နိႈင္းယွဥ္ ခ်ီးက်ဴးမႈေတြလည္း မ်ားျပားေနပါတယ္။ ယူနိုက္တက္ နည္းျပ ဆိုးရွား ကိုယ္တိုင္က ရက္ဖို႔ဒ္ဟာ ရိုနယ္ဒိုနဲ႕ ဆင္တူတဲ့ အရည္အခ်င္းေတြ ရွိတယ္လို႔ ေထာက္ခံထားပါတယ္။

ယူနိုက္တက္ အတြက္ ပရီးမီးယားလိဂ္ ပြဲ ၁၂၇ ပြဲ ကစားထားတဲ့ တိုက္စစ္မွဴးဟာ အခ်က္အလက္ေတြ အရ နာမည္က်ာ္ ရိုနယ္ဒိုထက္ သာလြန္မႈ ရွိေနတာကို အံ့အားသင့္ဖြယ္ ေတြ႔ရပါတယ္။ ဆာအဲလက္စ္ ဖာဂူဆန္ အခြင့္အေရးေပးခဲ့တဲ့ ေပၚတူဂီသား ရိုနယ္ဒိုဟာ ပရီးမီးယားလိဂ္ ပြဲ ၁၂၇ ပြဲ ျပည့္္ခ်ိန္မွာ ပြဲထြက္လူစာရင္းကေန ပါ၀င္ ကစားခြင့္ရတာက ၉၄ ပြဲ ရွိပါတယ္။

ရက္ဖို႔ဒ္ကေတာ့ ဒီလို ပြဲအေရအတြက္ မွာ ပြဲထြက္ ပါ၀င္ခြင့္ရခဲ့တာက ၈၆ ပြဲ ရွိပါတယ္။ ပြဲ အေရအတြက္ အရ ရက္ဖို႔ဒ္ဟာ ရိုနယ္ဒိုထက္ ၈ ပြဲ နည္းေနတယ္ ဆိုနိုင္ပါတယ္။ ဆာအဲလက္စ္ရဲ႕ အခြင့္အေရးေပးမႈေၾကာင့္ ရိုနယ္ဒိုဟာ ၁၂၇ ပြဲ ကစားျပီးခ်ိန္မွာ ပြဲကစားတဲ့ မိနစ္ ၈၉၂၄ မိနစ္ ရွိထားျပီး ရက္ဖို႔ဒ္ကေတာ့ ၈၁၁၀ မိနစ္သာ ရွိပါတယ္။ ဒါေၾကာင့္ ၈၁၄ မိနစ္ ကြာဟေနျပီး ပြဲအားျဖင့္ ျပန္ တြက္မယ္ဆို ၉ ပြဲေလာက္ ကြာေနပါတယ္။

ေနာက္ထပ္ စိတ္၀င္စားစရာ အခ်က္အလက္ကေတာ့ ထို ပြဲ ၁၂၇ ပြဲ ကစားျပီးခ်ိန္မွာ ပြဲကစားတဲ့ မိနစ္ နည္းေနသည့္တိုင္ ရက္ဖို႔ဒ္က ရိုနယ္ဒိုထက္ သြင္းဂိုး ပိုရထားပါတယ္။ ရိုနယ္ဒိုက ၃၄ ဂိုး သြင္းထားျပီး ရက္ဖို႔ဒ္က ၃၇ ဂိုး သြင္းထားကာ ၃ ဂိုး အသာရေနပါတယ္။ ရိုနယ္ဒိုက ပ်မ္းမွ် ၂၆၂ မိနစ္တိုင္း တစ္ဂိုး သြင္းေပမယ့္ ရက္ဖို႔ဒ္ကေတာ့ ၂၁၉ မိနစ္တိုင္း တစ္ဂိုး သြင္းထားတာပါ။

ဒါ့အျပင္ ဂိုးေပါက္ကို ကန္သြင္းခ်က္မွာ ရိုနယ္ဒိုက ရက္ဖို႕ဒ္ထက္ ၂ ဆ နီးပါး ရွိပါတယ္။ ရိုနယ္ဒို ၄၇၁ ၾကိမ္ ကန္သြင္းခ်ိန္မွာ ရက္ဖို႔ဒ္က ၂၅၆ ၾကိမ္သာ ရွိပါတယ္။ ဒီသေဘာအရ ရက္ဖို႔ဒ္က ဂိုး အျဖစ္ ေျပာင္းလဲနုိင္မႈ အခ်ိဳးမွာ နွစ္ဆသာေနကာ ၁၄.၅ ရွိျပီး ရိုနယ္ဒိုက ၇.၂ သာ ရွိပါတယ္။

ရက္ဖို႔ဒ္ကို ဘလြန္းဒီေအာ ၅ ဆု ယူျပထားတဲ့ နာမည္ေက်ာ္ ရိုနယ္ဒို နဲ႕ နိႈင္းယွဥ္ေျပာဖို႔က ေစာလြန္းသလို အဂၤလန္သားအတြက္ ၀န္လည္း ပိေစပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ၁၂၇ ပြဲ ကစားျပီးခ်ိန္မွာ ယူနုိက္တက္ တိုက္စစ္မဴွး ရက္ဖို႔ဒ္က သူ႔ သမိုင္းေၾကာင္း သူေရးဖို႔ ကိုယ္ပိုင္ လမ္းေၾကာင္းေပၚမွာ ရွိေနျပီေတာ့ ဆိုနိုင္ပါျပီ။