အာဆင်နယ်ဟာ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ထားပေမယ့် အမြဲတမ်း မန်နေဂျာရာထူးအတွက်တော့ ရှာဖွေနေဆဲပါ။

အာဆင်နယ်ဟာ ကလပ်အသင်း ကစားသမားဟောင်းဖြစ်ပြီး မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်သူ အာတီတာကို အမြဲတမ်း မန်နေဂျာအတွက် အလိုရှိနေတာဖြစ်တယ်။ အာတီတာကလည်း အာဆင်နယ်ကို တာဝန်ယူလိုပေမယ့် အာဆင်ဝင်းဂါးနောက်ပိုင်း တာဝန်ယူမှုမှာ ပြုပြင်စရာတွေများနေတဲ့အပေါ် အချိန်လောက်ငစွာ မရမှာကို စိတ်ပူနေပါတယ်။

စပိန်သားမန်နေဂျာ အူနိုင်းအမ်မရီဟာ အာဆင်နယ်မှာ ၁၈ လလောက်ပဲ အချိန်ယူခွင့်ရခဲ့ပြီး တူညီတဲ့ အခြေအနေမျျိုးအတွက် အာတီတာက အာမခံချက် လိုနေတာဖြစ်တယ်။ အာဆင်နယ် ဘုတ်အဖွဲ့တွေထံက ကလပ်အသင်းကို ပြန်လည်တည်ဆောက်တဲ့ အနေအထားမှာ ကာလရှည်အတွက် ရည်ရွယ်တဲ့ သဘောတူညီမှု ပေးမယ်ဆိုမှပဲ အာဆင်နယ်ကို အာတီတာ ပြောင်းလာမယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် အာတီတာဟာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် မန်စီးတီးမှာ ရှိနေခဲ့တာ သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး ဂွာဒီယိုလာကတော့ စပိန်သား လူငယ်နည်းပြကို အတော်လေး အထင်ကြီးတာဖြစ်တယ်။ နွေတုန်းကလည်း အာဆင်နယ်ကို ပြောင်းဖို့နီးစပ်ခဲ့ပေမယ့် အဆုံးမှာ လန်ဒန်အသင်းဘက်က အမ်မရီကိုပပဲ ခေါ်ယူသွားခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာ အဲဗာတန်ကနေ အာဆင်နယ်ကို ပြောင်းခဲ့ပြီးနောက် အာတီတာဟာ ၅ ရာသီကြာအတွက်း ပွဲပေါင်း ၁၄၉ ပွဲကို ဂန်းနားတို့အား ကိုယ်စားပြုခဲ့သူဖြစ်တယ်။ အာဆင်နယ်ဘက်ကတော့ မန်နေဂျာ အများအပြားနဲ့ သတင်းထွက်ပေမယ့် အမြဲတမ်း မန်နေဂျာအတွက် အတည်မပြုနိုင်သေးပဲ ရှာဖွေမှု လုပ်နေဆဲဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ျပီးေနာက္ပိုင္း ယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ထားေပမယ့္ အျမဲတမ္း မန္ေနဂ်ာရာထူးအတြက္ေတာ့ ရွာေဖြေနဆဲပါ။

အာဆင္နယ္ဟာ ကလပ္အသင္း ကစားသမားေဟာင္းျဖစ္ျပီး မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ လက္ေထာက္ျဖစ္သူ အာတီတာကို အျမဲတမ္း မန္ေနဂ်ာအတြက္ အလိုရွိေနတာျဖစ္တယ္။ အာတီတာကလည္း အာဆင္နယ္ကို တာဝန္ယူလိုေပမယ့္ အာဆင္ဝင္းဂါးေနာက္ပိုင္း တာဝန္ယူမႈမွာ ျပဳျပင္စရာေတြမ်ားေနတဲ့အေပၚ အခ်ိန္ေလာက္ငစြာ မရမွာကို စိတ္ပူေနပါတယ္။

စပိန္သားမန္ေနဂ်ာ အူႏုိင္းအမ္မရီဟာ အာဆင္နယ္မွာ ၁၈ လေလာက္ပဲ အခ်ိန္ယူခြင့္ရခဲ့ျပီး တူညီတဲ့ အေျခအေနမ်ိ်ဳးအတြက္ အာတီတာက အာမခံခ်က္ လိုေနတာျဖစ္တယ္။ အာဆင္နယ္ ဘုတ္အဖြဲ႔ေတြထံက ကလပ္အသင္းကို ျပန္လည္တည္ေဆာက္တဲ့ အေနအထားမွာ ကာလရွည္အတြက္ ရည္ရြယ္တဲ့ သေဘာတူညီမႈ ေပးမယ္ဆိုမွပဲ အာဆင္နယ္ကို အာတီတာ ေျပာင္းလာမယ္လို႔ သိရပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ အာတီတာဟာ ဂြာဒီယိုလာရဲ႕ လက္ေထာက္နည္းျပအျဖစ္ မန္စီးတီးမွာ ရွိေနခဲ့တာ သံုးႏွစ္ေက်ာ္လာခဲ့ျပီျဖစ္ျပီး ဂြာဒီယိုလာကေတာ့ စပိန္သား လူငယ္နည္းျပကို အေတာ္ေလး အထင္ၾကီးတာျဖစ္တယ္။ ေႏြတုန္းကလည္း အာဆင္နယ္ကို ေျပာင္းဖို႔နီးစပ္ခဲ့ေပမယ့္ အဆံုးမွာ လန္ဒန္အသင္းဘက္က အမ္မရီကိုပပဲ ေခၚယူသြားခဲ့တာပါ။

၂၀၁၁ ခုႏွစ္မွာ အဲဗာတန္ကေန အာဆင္နယ္ကို ေျပာင္းခဲ့ျပီးေနာက္ အာတီတာဟာ ၅ ရာသီၾကာအတြက္း ပြဲေပါင္း ၁၄၉ ပြဲကို ဂန္းနားတို႔အား ကိုယ္စားျပဳခဲ့သူျဖစ္တယ္။ အာဆင္နယ္ဘက္ကေတာ့ မန္ေနဂ်ာ အမ်ားအျပားနဲ႔ သတင္းထြက္ေပမယ့္ အျမဲတမ္း မန္ေနဂ်ာအတြက္ အတည္မျပဳႏုိင္ေသးပဲ ရွာေဖြမႈ လုပ္ေနဆဲျဖစ္ပါတယ္။