လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘန်းက လက်ရှိ ကလပ်အသင်းဟာ အင်အားတောင့်တင်းနေပြီး မန်နေဂျာ ယာဂင်ကလော့ပ် အနေနဲ့ အပြောင်းအရွှေ့မှာ ခေါ်ယူမှုတွေ အများကြိး လုပ်စရာမလိုပါဘူးလို့ ဆိုလိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အကောင်းဆုံး စတင်နေတဲ့ လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ခံစစ်မှူးမာတစ်တို့ကို ဒဏ်ရာကြောင့် လက်လွတ်ထားခဲ့ရကာ အဆိုပါ နေရာတွေမှာ အင်အားဖြည့်မလား မေးခွန်း ထုတ်ခံနေရတာပါ။ မန်နေဂျာ ယာဂင်ကလော့ပ်က ခံစစ်သမားကိုတော့ ခေါ်ယူမှာ မဟုတ်ပါဘူးလို့ ဆိုထားတာဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာ လက်စတာနဲ့ ၈ မှတ်အကွာ မန်စီးတီးနဲ့ ၁၄ မှတ်အကွာမှာ ရှိနေကာ နှစ် ၃၀ ကြာ အနိုင်မရတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ တာဆူနေတာဖြစ်တယ်။ အပြောင်းအရွှေ့မှာ ဆန်ချို၊ အမ်ဘတ်ပီတို့နဲ့ သတင်းတွေ ထွက်ထားခဲ့ပြီး ဇန်နဝါရီမှာ ဆဲလ်ဘတ်မှာ ခြေစွမ်ပြနေတဲ့ အာရှသား မီနာမီနိုကို ခေါ်ယူဖို့ အလားအလာ ကောင်းနေပါတယ်။

ဂျွန်ဘမ်းက “ လီဗာပူးက ဘယ်လိုအကြောင်းတွေကြောင့် ကစားသမား ခေါ်ယူဖို့လိုမလဲ။ ဘယ်လို အကြောင်းပြချက်မှ မရျိပါဘူး။ မက်ဆီကို ရမယ်ဆိုရင်တော့ အရမ်းကောင်းမှာပေါ့ ဒါပေမယ့် လီဗာပူးမှာ သိပ်ကောင်းတဲ့ လူစာရင်း ရှိပါတယ်။ ဘယ်ကစားသမားကမှ ပွဲထွက် ၁၁ ဦးကို ပိုကောင်းစေမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့မှာ လူစာရင်းကောင်းတွေ ရှိနေပြီး အသင်းသွားနေတဲ့ နည်းလမ်းကို အရမ်းပျော်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ အိုရီဂီ ဘာလုပ်နိုင်လဲ ကြည့်လိုက်ပါ၊ ဒါက သူ့လုပ်ပြနိုင်တာပါပဲ။ ဆာလက်၊ ဖာမင်နိုတို့နဲ့အတူ လီဗာပူးက အသင်းလိုက်မှာ စုစည်းမှု သိပ်ကောင်းပါတယ်။ ဂျရတ်နဲ့ ဆွာရက်စ်ကို ပိုင်ဆိုင်တုန်းကထက် အသင်းတစ်သင်းအနေနဲ့ ပိုကောင်းတဲ့ လီဗာပူးကို ပိုင်ထားတယ်လို့ ခံစားနေရတယ်။ သူတို့လို သိပ်ကောင်းတဲ့ ကစားသမားကို ရွေးထုတ်ပါဆိုရင်တော့ မာနေးလို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်း နောက်ဆုံးအကြိမ် အမှတ်ပေးဖလား ကိုင်မြောက်မှုမှာ အသင်းသားတစ်ဦး ဖြစ်ခဲ့တဲ့ ဘန်းက လက်ရှိ အသင်းကို အတော်လေး ကျေနပ်နေပြီး သူ့လက်ထက်ကလို အင်္ဂလန်ရဲ့ အဆင့်မြင့်တန်း အမှတ်ပေးဖလားကို ကလပ်အသင်း ကိုင်မြောက်တာကို မြင်ရဖို့ အတော်လေး ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘန္းက လက္ရွိ ကလပ္အသင္းဟာ အင္အားေတာင့္တင္းေနျပီး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ အေနနဲ႔ အေျပာင္းအေရႊ႔မွာ ေခၚယူမႈေတြ အမ်ားၾကိး လုပ္စရာမလိုပါဘူးလို႔ ဆိုလိုက္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို အေကာင္းဆံုး စတင္ေနတဲ့ လီဗာပူးဟာ ကြင္းလယ္လူ ဖာဘင္ညိဳနဲ႔ ခံစစ္မွဴးမာတစ္တို႔ကို ဒဏ္ရာေၾကာင့္ လက္လြတ္ထားခဲ့ရကာ အဆိုပါ ေနရာေတြမွာ အင္အားျဖည့္မလား ေမးခြန္း ထုတ္ခံေနရတာပါ။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခံစစ္သမားကိုေတာ့ ေခၚယူမွာ မဟုတ္ပါဘူးလို႔ ဆိုထားတာျဖစ္ပါတယ္။

အမွတ္ေပးဇယားမွာ လက္စတာနဲ႔ ၈ မွတ္အကြာ မန္စီးတီးနဲ႔ ၁၄ မွတ္အကြာမွာ ရွိေနကာ ႏွစ္ ၃၀ ၾကာ အႏုိင္မရတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔ တာဆူေနတာျဖစ္တယ္။ အေျပာင္းအေရႊ႔မွာ ဆန္ခ်ိဳ၊ အမ္ဘတ္ပီတုိ႔နဲ႔ သတင္းေတြ ထြက္ထားခဲ့ျပီး ဇန္နဝါရီမွာ ဆဲလ္ဘတ္မွာ ေျခစြမ္ျပေနတဲ့ အာရွသား မီနာမီႏိုကို ေခၚယူဖို႔ အလားအလာ ေကာင္းေနပါတယ္။

ဂၽြန္ဘမ္းက “ လီဗာပူးက ဘယ္လိုအေၾကာင္းေတြေၾကာင့္ ကစားသမား ေခၚယူဖို႔လိုမလဲ။ ဘယ္လို အေၾကာင္းျပခ်က္မွ မရ်ိပါဘူး။ မက္ဆီကို ရမယ္ဆိုရင္ေတာ့ အရမ္းေကာင္းမွာေပါ့ ဒါေပမယ့္ လီဗာပူးမွာ သိပ္ေကာင္းတဲ့ လူစာရင္း ရွိပါတယ္။ ဘယ္ကစားသမားကမွ ပြဲထြက္ ၁၁ ဦးကို ပိုေကာင္းေစမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔မွာ လူစာရင္းေကာင္းေတြ ရွိေနျပီး အသင္းသြားေနတဲ့ နည္းလမ္းကို အရမ္းေပ်ာ္ပါတယ္။

အဲဗာတန္နဲ႔ပြဲမွာ အိုရီဂီ ဘာလုပ္ႏုိင္လဲ ၾကည့္လိုက္ပါ၊ ဒါက သူ႔လုပ္ျပႏုိင္တာပါပဲ။ ဆာလက္၊ ဖာမင္ႏိုတို႔နဲ႔အတူ လီဗာပူးက အသင္းလိုက္မွာ စုစည္းမႈ သိပ္ေကာင္းပါတယ္။ ဂ်ရတ္နဲ႔ ဆြာရက္စ္ကို ပိုင္ဆိုင္တုန္းကထက္ အသင္းတစ္သင္းအေနနဲ႔ ပိုေကာင္းတဲ့ လီဗာပူးကို ပိုင္ထားတယ္လို႔ ခံစားေနရတယ္။ သူတို႔လို သိပ္ေကာင္းတဲ့ ကစားသမားကို ေရြးထုတ္ပါဆိုရင္ေတာ့ မာေနးလို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္း ေနာက္ဆံုးအၾကိမ္ အမွတ္ေပးဖလား ကိုင္ေျမာက္မႈမွာ အသင္းသားတစ္ဦး ျဖစ္ခဲ့တဲ့ ဘန္းက လက္ရွိ အသင္းကို အေတာ္ေလး ေက်နပ္ေနျပီး သူ႔လက္ထက္ကလို အဂၤလန္ရဲ႕ အဆင့္ျမင့္တန္း အမွတ္ေပးဖလားကို ကလပ္အသင္း ကိုင္ေျမာက္တာကို ျမင္ရဖို႔ အေတာ္ေလး ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။