ချယ်ဆီးတိုက်စစ်သမား ဝီလီယံ က ၎င်းရဲ့ အေးဂျင့်ဖြစ်သူဟာ ကလပ်အသင်းနဲ့ သက်တမ်းတိုး စာချုပ် ကိစ္စ ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး မကြာခင် သတင်းကောင်း ပေးနိုင်မယ် မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လူငယ်ဗဟိုခံစစ်မှူး တိုမိုရီကိုလည်း ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုပေးနိုင်ဖို့ နီးစပ်နေပါတယ်။ စာချုပ်သစ်အတွက် စက်တင်ဘာလတည်းက ညှိနှိုင်းနေခဲ့တာ ဖြစ်ပြီး အပြီးသတ် ချုပ်ဆိုနိုင်တော့မှာပါ။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဇန်နဝါရီမှာ တိုက်စစ်သမားတွေ ခေါ်ယူဖို့ချည်း ပေါင် သန်း ၁၅၀ သုံးစွဲခွင့် ရထားတယ်လိ့ု သိရပါတယ်။ လမ်းပတ်က ဖန်တီးနိုင်စွမ်း ရှိပြီး ဂိုးလည်းသွင်းနိုင် တိုက်စစ်သမားများ ခေါ်ယူလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်သမား ဇာဟာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ပေးကာ ခေါ်ယူမယ် လို့ သတင်းထွက်ပေါ်နေပါတယ်။ အင်္ဂလန်သတင်းများ အဆိုအရ ဇာဟာအတွက် ပဲလေ့စ်က ပေါင် သန်း ၈၀ အထိ ရဖို့ အလိုရှိနေပါတ်ယ။

အသက် ၂၅ နှစ် အရွယ် ချယ်ဆီး ဘယ်စွန် ခံစစ်မှူး အီမာဆန်ကို စီးရီးအေကလပ် ဂျူဗင်တပ်က အလိုရှိနေပေမယ့် နောက်နှစ် နွေမှ ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်ကာ ကစားနိုင်ပြီ ဖြစ်တဲ့ ချယ်ဆီး ဗဟိုခံစစ်မှူး ရူဒီဂါက အသင်းမှာ လူငယ်ကစားသမားတွေကိုလည်း ပွဲချိန်တွင်း ကွင်းထဲမှာ ကူညီ လမ်းညွှန်ပေးဖို့ အသင့်ဖြစ်နေပြီလို့ အသိပေးခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးတိုုက္စစ္သမား ၀ီလီယံ က ၄င္းရဲ႕ ေအးဂ်င့္ျဖစ္သူဟာ ကလပ္အသင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ကိစၥ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနျပီး မၾကာခင္ သတင္းေကာင္း ေပးနုိင္မယ္ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လူငယ္ဗဟိုခံစစ္မွဴး တိုမိုရီကိုလည္း ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုေပးနိုင္ဖို႔ နီးစပ္ေနပါတယ္။ စာခ်ဳပ္သစ္အတြက္ စက္တင္ဘာလတည္းက ညွိနိႈင္းေနခဲ့တာ ျဖစ္ျပီး အျပီးသတ္ ခ်ဳပ္ဆိုနုိင္ေတာ့မွာပါ။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ဇန္န၀ါရီမွာ တိုက္စစ္သမားေတြ ေခၚယူဖို႔ခ်ည္း ေပါင္ သန္း ၁၅၀ သံုးစြဲခြင့္ ရထားတယ္လိ႔ု သိရပါတယ္။ လမ္းပတ္က ဖန္တီးနုိင္စြမ္း ရွိျပီး ဂိုးလည္းသြင္းနိုင္ တိုက္စစ္သမားမ်ား ေခၚယူလိုေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇန္န၀ါရီမွာ ခရစၥတယ္ပဲေလ့စ္ ေတာင္ပံတိုက္စစ္သမား ဇာဟာကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးတစ္ရပ္ ေပးကာ ေခၚယူမယ္ လို႔ သတင္းထြက္ေပၚေနပါတယ္။ အဂၤလန္သတင္းမ်ား အဆုိအရ ဇာဟာအတြက္ ပဲေလ့စ္က ေပါင္ သန္း ၈၀ အထိ ရဖို႔ အလိုရွိေနပါတ္ယ။

အသက္ ၂၅ နွစ္ အရြယ္ ခ်ယ္ဆီး ဘယ္စြန္ ခံစစ္မွဴး အီမာဆန္ကို စီးရီးေအကလပ္ ဂ်ဴဗင္တပ္က အလိုရွိေနေပမယ့္ ေနာက္နွစ္ ေႏြမွ ကမ္းလွမ္းမႈ ျပဳလုပ္မယ္လို႔ အီတလီသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ၾကံ႕ခိုင္မႈ ျပန္လည္ေကာင္းမြန္ကာ ကစားနုိင္ျပီ ျဖစ္တဲ့ ခ်ယ္ဆီး ဗဟိုခံစစ္မွဴး ရူဒီဂါက အသင္းမွာ လူငယ္ကစားသမားေတြကိုလည္း ပြဲခ်ိန္တြင္း ကြင္းထဲမွာ ကူညီ လမ္းညႊန္ေပးဖို႔ အသင့္ျဖစ္ေနျပီလို႔ အသိေပးခဲ့ပါတယ္။