ယူနိုက်တက်ရဲ့ ဂိုးသမားဖြစ်သူ ရိုမဲရိုက ဒီဂီယာရဲ့နောက်မှာ အရန်လူအဖြစ် အမြဲတမ်း ရှိနေရတာက ခက်ခဲပြီး သူလည်း ပွဲတွေကို ကစားလိုပါတယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

စီးရီးအေကလပ်ကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့ပြီးကတည်းက ဒီဂီယာရဲ့ အရန်လူအဖြစ်ပဲ ရှိနေခဲ့ပေမယ့် ပွဲထွက်ခွင့်ရတိုင်း အကောင်းဆုံး ကြိုးစားပေးခြင်းကြောင့် ရိုမဲရိုဟာ အသင်းပရိသတ်တွေ ချစ်ခင်ရတဲ့ ကစားသမားဖြစ်နေတာပါ။ ဂိုးသမားကတော့ လေ့ကျင့်ရေးမှာ ဆက်လက် ကြိုးစားမှုနဲ့အတူ ပွဲထွက်ခွင့်တွေ ပိုရလိုပါတယ်လို့ ဆိုပါတယ်။

ရိုမီရိုက ” ပုံမှန်ပွဲကစားခွင့်မရပဲ အရန်ကစားသမားဖြစ်နေရာ ကစားသမားတစ်ယောက်အတွက် လက်ခံနိုင်ဖို့ ခက်ခဲတဲ့ကိစ္စပါ။ ဒါပေမယ့် အခွင့်အရေးတွေ ရလာခဲ့ရင် အကောင်းဆုံး ကစားနိုင်ဖို့ ကျနော်ဘက်က ပြင်ဆင်ထားပါတယ်။ ကျနော်က ကမ္ဘာအကောင်းဆုံး ကလပ်အသင်းတစ်သင်းမှာ ကစားနေရသူဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ယူနိုက်တက်ပွဲတွေကို ကြည့်ရှုအားပေးလာရသူအဖြစ် အချိန်တိုင်းမှာ အသင်းအတွက် ပွဲထွက် ကစားပေးလိုပါတယ်။ ဒါပေမယ့် အခွင့်အရေးရလာခဲ့ရင် အသင်းအတွက် ပွဲထွက်ပေးဖို့ လေ့ကျင့်ရေးတွေကို အမြဲတမ်း ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အသင်းဂျာစီကို ဝတ်ဆင်ပြီး ကစားခွင့်တွေ ရခဲ့တာက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပြီး ဒါကြောင့် ယူနိုက်တက်မှာ ဆက်ရှိနေတာပါ။

ကုန်ခဲ့တဲ့ လေးနှစ်လုံးမှာ ကျနော် ပွဲတွေ အများကြီး မကစားရပဲ ခက်ခဲတဲ့ အနေအထားတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားနေပါတယ်။ ဘယ်သူကမှ အရန်လူမဖြစ်လိုပါဘူး။ ဒါပေမယ့် ယူနိုက်တက်အတွက် ကစားခွင့် ရပေးနေတာကပဲ ကံကောင်းခြင်းလို့ ကျနော် တွေးထားပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ရဲ႕ ဂိုးသမားျဖစ္သူ ရိုမဲရိုက ဒီဂီယာရဲ႕ေနာက္မွာ အရန္လူအျဖစ္ အျမဲတမ္း ရွိေနရတာက ခက္ခဲျပီး သူလည္း ပြဲေတြကို ကစားလိုပါတယ္လို႔ ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

စီးရီးေအကလပ္ကေန ယူႏုိက္တက္ကို ေျပာင္းလာခဲ့ျပီးကတည္းက ဒီဂီယာရဲ႕ အရန္လူအျဖစ္ပဲ ရွိေနခဲ့ေပမယ့္ ပြဲထြက္ခြင့္ရတိုင္း အေကာင္းဆံုး ၾကိဳးစားေပးျခင္းေၾကာင့္ ရိုမဲရိုဟာ အသင္းပရိသတ္ေတြ ခ်စ္ခင္ရတဲ့ ကစားသမားျဖစ္ေနတာပါ။ ဂိုးသမားကေတာ့ ေလ့က်င့္ေရးမွာ ဆက္လက္ ၾကိဳးစားမႈနဲ႔အတူ ပြဲထြက္ခြင့္ေတြ ပိုရလိုပါတယ္လို႔ ဆိုပါတယ္။

ရိုမီရိုက ” ပံုမွန္ပြဲကစားခြင့္မရပဲ အရန္ကစားသမားျဖစ္ေနရာ ကစားသမားတစ္ေယာက္အတြက္ လက္ခံႏုိင္ဖို႔ ခက္ခဲတဲ့ကိစၥပါ။ ဒါေပမယ့္ အခြင့္အေရးေတြ ရလာခဲ့ရင္ အေကာင္းဆံုး ကစားႏုိင္ဖို႔ က်ေနာ္ဘက္က ျပင္ဆင္ထားပါတယ္။ က်ေနာ္က ကမၻာအေကာင္းဆံုး ကလပ္အသင္းတစ္သင္းမွာ ကစားေနရသူျဖစ္ပါတယ္။

ငယ္စဥ္ကတည္းက ယူႏုိက္တက္ပြဲေတြကို ၾကည့္ရႈအားေပးလာရသူအျဖစ္ အခ်ိန္တိုင္းမွာ အသင္းအတြက္ ပြဲထြက္ ကစားေပးလိုပါတယ္။ ဒါေပမယ့္ အခြင့္အေရးရလာခဲ့ရင္ အသင္းအတြက္ ပြဲထြက္ေပးဖို႔ ေလ့က်င့္ေရးေတြကို အျမဲတမ္း ၾကိဳးစားလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အသင္းဂ်ာစီကို ဝတ္ဆင္ျပီး ကစားခြင့္ေတြ ရခဲ့တာက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့တာျဖစ္ျပီး ဒါေၾကာင့္ ယူႏုိက္တက္မွာ ဆက္ရွိေနတာပါ။

ကုန္ခဲ့တဲ့ ေလးႏွစ္လံုးမွာ က်ေနာ္ ပြဲေတြ အမ်ားၾကီး မကစားရပဲ ခက္ခဲတဲ့ အေနအထားေတြ ရင္ဆုိင္ခဲ့ရတယ္။ ဒါေပမယ့္ အေကာင္းဆံုး ၾကိဳးစားေနပါတယ္။ ဘယ္သူကမွ အရန္လူမျဖစ္လိုပါဘူး။ ဒါေပမယ့္ ယူႏုိက္တက္အတြက္ ကစားခြင့္ ရေပးေနတာကပဲ ကံေကာင္းျခင္းလို႔ က်ေနာ္ ေတြးထားပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။