ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် လိုင်လီကို ၂-၁ နဲ့ အနိုင်ကစားပြီးတဲ့နောက်မှာ လမ်းပတ်ရဲ့ ကစားသမားခေါ်ဖို့ ပြောဆိုမှုကြောင့် ဆန်ချိုနဲ့ သတင်းတွေ ကျယ်ပြန့်လာနေပြီဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ အယူခံဝင်မှုကို အောင်မြင်ထားပြီး ထိပ်တန်းကစားသမားတွေကို စောင့်ကြည့်နေတာပါ။ လမ်းပတ် ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်သမား အများအပြား ပါဝင်နေပြီး လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ တီမိုဝါနာနဲ့ ဒေါ့မွန်မှ ဆန်ချိုတို့ ပါဝင်နေတာဖြစ်တယ်။

ဆယ်ကျော်သက်တိုက်စစ်သမား ဆန်ချိုဟာ လာလီဂါကလပ်တွေကို ပြောင်းရွှေ့လိုပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်း ရမယ်ဆိုရင် ဒေါ့မွန်ဘက်က လက်လွတ်ဖွယ်ရှိတာပါ။ ချယ်ဆီးဘက်က ဟာဇက်နေရာ အစားထိုးဖို့ ကစားသမားသစ် ခေါ်ယူလိုတယ်လို့ လမ်းပတ်ကိုယ်တိုင်က ပြောဆိုခဲ့ပြီး ဇန်နဝါရီမှာ တရားဝင် စတင်မှုတွေ စတင်မယ်လို့ သတင်းကြီးလာခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဆန်ချိုဟာ ဒေါ့မွန်ကို ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး မနှစ်ကရာသီမှာတော့ စီနီယာအသင်းမှာ နေရာ ရလာခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဒေါ့မွန်မှာ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး အသင်းပြောင်းမယ်လို့ သတင်းကြီးခဲ့တာဖြစ်တယ်။

အပြောင်းအရွှေ့နဲ့ ပက်သက်လို့ လမ်းပတ်က ” ကျနေ်ာတို့ ကစားသမား ခေါ်ယူဖို့အတွက် စီစဉ်ရမှာတွေရယ် ဆွေးနွေးရမှာတွေရယ်ကို စတင်ရတော့မှာပါ။ အသင်းအတွက် ဘယ်နေရာကို အင်အားတိုးချဲ့ရမယ်၊ ဘယ်လို ကစားသမားတွေကို ခေါ်ရမယ်ဆိုတာကို ဆွေးနွေးရမယ်။ အသင်းကနေ ဟာဇက် ထွက်ခွာသွာတဲ့နောက်မှာ သွင်းဂိုးတွေကော ဖန်တီးမှုတွေကိုပါ အသင်းက ဆုံးရံှူးခဲ့ရတာတွေ ရှိပါတယ်။

လိုင်လီနဲ့ပွဲမှာ အသင်းက အခွင့်အရေးကောင်းတွေ လွဲချော်ခဲ့တာတွေ ရှိခဲ့တယ်။ အသင်းရဲ့ အင်အားကို တိုးချဲ့ပြီး အချို့နေရာတွေမှာ ပြိုင်ဆိုင်မှုတွေ ပိုကောင်းလာအောင် ကစားသမားသစ်တွေ ခေါ်ယူကာ အသင်းကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ေနာက္ဆံုးပြဲအျဖစ္ လိုင္လီကို ၂-၁ နဲ႔ အႏုိင္ကစားျပီးတဲ့ေနာက္မွာ လမ္းပတ္ရဲ႕ ကစားသမားေခၚဖို႔ ေျပာဆိုမႈေၾကာင့္ ဆန္ခ်ိဳနဲ႔ သတင္းေတြ က်ယ္ျပန္႔လာေနျပီျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ ကစားသမား ေခၚယူဖို႔ အယူခံဝင္မႈကို ေအာင္ျမင္ထားျပီး ထိပ္တန္းကစားသမားေတြကို ေစာင့္ၾကည့္ေနတာပါ။ လမ္းပတ္ ေခၚယူလိုတဲ့ ကစားသမားေတြထဲမွာ တိုက္စစ္သမား အမ်ားအျပား ပါဝင္ေနျပီး လိုင္ယြန္မွ ဒမ္ဘီလီ၊ လိုက္ဇစ္မွ တီမိုဝါနာနဲ႔ ေဒါ့မြန္မွ ဆန္ခ်ိဳတို႔ ပါဝင္ေနတာျဖစ္တယ္။

ဆယ္ေက်ာ္သက္တိုက္စစ္သမား ဆန္ခ်ိဳဟာ လာလီဂါကလပ္ေတြကို ေျပာင္းေရႊ႔လိုေပမယ့္ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၀၀ သန္း ရမယ္ဆိုရင္ ေဒါ့မြန္ဘက္က လက္လြတ္ဖြယ္ရွိတာပါ။ ခ်ယ္ဆီးဘက္က ဟာဇက္ေနရာ အစားထိုးဖို႔ ကစားသမားသစ္ ေခၚယူလိုတယ္လို႔ လမ္းပတ္ကိုယ္တိုင္က ေျပာဆိုခဲ့ျပီး ဇန္နဝါရီမွာ တရားဝင္ စတင္မႈေတြ စတင္မယ္လို႔ သတင္းၾကီးလာခဲ့တာျဖစ္ပါတယ္။

မန္စီးတီး အကယ္ဒမီကေန ေပၚထြက္လာတဲ့ ဆန္ခ်ိဳဟာ ေဒါ့မြန္ကို ေပါင္ ၇ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့ျပီး မႏွစ္ကရာသီမွာေတာ့ စီနီယာအသင္းမွာ ေနရာ ရလာခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ေဒါ့မြန္မွာ စည္းကမ္းပိုင္းဆိုင္ရာ ကိစၥနဲ႔ အဆင္မေျပ ျဖစ္ခဲ့ျပီး အသင္းေျပာင္းမယ္လို႔ သတင္းၾကီးခဲ့တာျဖစ္တယ္။

အေျပာင္းအေရႊ႔နဲ႔ ပက္သက္လို႔ လမ္းပတ္က ” က်ေန္ာတို႔ ကစားသမား ေခၚယူဖို႔အတြက္ စီစဥ္ရမွာေတြရယ္ ေဆြးေႏြးရမွာေတြရယ္ကို စတင္ရေတာ့မွာပါ။ အသင္းအတြက္ ဘယ္ေနရာကို အင္အားတိုးခ်ဲ႔ရမယ္၊ ဘယ္လို ကစားသမားေတြကုိ ေခၚရမယ္ဆိုတာကို ေဆြးေႏြးရမယ္။ အသင္းကေန ဟာဇက္ ထြက္ခြာသြာတဲ့ေနာက္မွာ သြင္းဂိုးေတြေကာ ဖန္တီးမႈေတြကိုပါ အသင္းက ဆံုးရံွဴးခဲ့ရတာေတြ ရွိပါတယ္။

လိုင္လီနဲ႔ပြဲမွာ အသင္းက အခြင့္အေရးေကာင္းေတြ လြဲေခ်ာ္ခဲ့တာေတြ ရွိခဲ့တယ္။ အသင္းရဲ႕ အင္အားကို တိုးခ်ဲ႔ျပီး အခ်ိဳ႕ေနရာေတြမွာ ျပိဳင္ဆိုင္မႈေတြ ပိုေကာင္းလာေအာင္ ကစားသမားသစ္ေတြ ေခၚယူကာ အသင္းကို ျပင္ဆင္ဖို႔ လိုအပ္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။