စပါး၊ မန်စီးတီးတို့ကို အနိုင်ယူပြီး ရလဒ်တွေကောင်းနေတဲ့ ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ ခြေစွမ်းပိုင်း ရုန်းကန်နေရလို့ မန်နေဂျာ အပြောင်းအလဲဖြစ်ပေါ်ထားတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

မိုက်ကယ်အိုဝင်ကတော့ အဲဗာတန်က မှားယွင်းတဲ့အချိန်မှာ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ် လာတွေ့တာပါလို့ ပြောဆိုခဲ့ပြီး ရလဒ်ကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ ဒီပွဲမှာ ယူနိုက်တက်က အနိုင်သုံးမှတ်ကို သေချာပေါက် ရယူပါလိမ့်မယ်လို့ ဆိုပါတယ်။

မိုက်ကယ်အိုဝင်က ” ပြီးခဲ့တဲ့ အပတ်က ချယ်ဆီးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ အဲဗာတန်က အတော်လေးကို တောက်ပခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စပါး၊ မန်စီးတီးတွေကို ဆက်တိုက် ယှဉ်ပြိုင်ပြီး အနိုင်ရထားတဲ့ မန်နေဂျာ အိုလီရဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့တာကတော့ အဲဗာတန်က မှားယွင်းတဲ့အချိန်မှာ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတာပါပဲ။

ယူနိုက်တက်က အီသီဟတ်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ယှဉ်ပြိုင် ကစားခဲ့သလိုတော့ အဲဗာတန်ကို ခပ်လွယ်လွယ် ချိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေမှာ အရှိန်နဲ့ စွမ်းအားတွေရှိပြီး ဒါကို အသုံးချပြီး ကစားတာကို မြင်ရတာက အတော်လေး ကောင်းပါတယ်။ နှစ်သင်းလုံး ဂိုးသွင်းမယ့် အခွင့်အရေးတွေနဲ့အတူ ပွဲကောင်းဖြစ်နိုင်ပြီး ယူနိုက်တက်က ရမှတ်တွေအားလုံး ရသွားပါလိမ့်မယ် ” လို့ သုံးသပ်သွားတာဖြစ်တယ်။

ယူနိုက်တက်နဲ့ အဲဗာတန်ပွဲအတွက် မိုက်ကယ်အိုဝင်ကပဲ နှစ်သင်းလုံးက ဂိုးသွင်းမှာဖြစ်ကာ ယူနိုက်တက်က အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။

ZAWGYI

စပါး၊ မန္စီးတီးတို႔ကို အႏုိင္ယူျပီး ရလဒ္ေတြေကာင္းေနတဲ့ ယူႏုိက္တက္ဟာ ဒီအပတ္မွာေတာ့ ေျခစြမ္းပိုင္း ရုန္းကန္ေနရလို႔ မန္ေနဂ်ာ အေျပာင္းအလဲျဖစ္ေပၚထားတဲ့ အဲဗာတန္ကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

မိုက္ကယ္အိုဝင္ကေတာ့ အဲဗာတန္က မွားယြင္းတဲ့အခ်ိန္မွာ ယူႏုိက္တက္ကို ျပိဳင္ဘက္အျဖစ္ လာေတြ႔တာပါလို႔ ေျပာဆိုခဲ့ျပီး ရလဒ္ေကာင္းေတြကို ဆက္ထိန္းႏုိင္ဖို႔ ဒီပြဲမွာ ယူႏုိက္တက္က အႏုိင္သံုးမွတ္ကို ေသခ်ာေပါက္ ရယူပါလိမ့္မယ္လို႔ ဆိုပါတယ္။

မိုက္ကယ္အိုဝင္က ” ျပီးခဲ့တဲ့ အပတ္က ခ်ယ္ဆီးနဲ႔ ရင္ဆုိင္ရတဲ့ပြဲမွာ အဲဗာတန္က အေတာ္ေလးကို ေတာက္ပခဲ့တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စပါး၊ မန္စီးတီးေတြကို ဆက္တိုက္ ယွဥ္ျပိဳင္ျပီး အႏုိင္ရထားတဲ့ မန္ေနဂ်ာ အိုလီရဲ႕ အသင္းနဲ႔ ထိပ္တိုက္ေတြ႔တာကေတာ့ အဲဗာတန္က မွားယြင္းတဲ့အခ်ိန္မွာ ယူႏုိက္တက္ကို ျပိဳင္ဘက္အျဖစ္ ယွဥ္ျပိဳင္ရတာပါပဲ။

ယူႏုိက္တက္က အီသီဟတ္မွာ လက္ရွိ ခ်န္ပီယံ မန္စီးတီးကို ယွဥ္ျပိဳင္ ကစားခဲ့သလိုေတာ့ အဲဗာတန္ကို ခပ္လြယ္လြယ္ ခ်ိဳးေဖာက္ႏုိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ယူႏုိက္တက္ ကစားသမားေတြမွာ အရွိန္နဲ႔ စြမ္းအားေတြရွိျပီး ဒါကို အသံုးခ်ျပီး ကစားတာကို ျမင္ရတာက အေတာ္ေလး ေကာင္းပါတယ္။ ႏွစ္သင္းလံုး ဂိုးသြင္းမယ့္ အခြင့္အေရးေတြနဲ႔အတူ ပြဲေကာင္းျဖစ္ႏုိင္ျပီး ယူႏုိက္တက္က ရမွတ္ေတြအားလံုး ရသြားပါလိမ့္မယ္ ” လို႔ သံုးသပ္သြားတာျဖစ္တယ္။

ယူႏုိက္တက္နဲ႔ အဲဗာတန္ပြဲအတြက္ မုိက္ကယ္အိုဝင္ကပဲ ႏွစ္သင္းလံုးက ဂိုးသြင္းမွာျဖစ္ကာ ယူႏုိက္တက္က အႏုိင္ရလိမ့္မယ္လို႔ ခန္႔မွန္းသြားပါတယ္။