ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အတွက် ပွဲကြီးပွဲကောင်းကတော့ အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ဟာ မန်စီးတီးကို ဧည့်ခံပြီး ရလဒ်ကောင်းတွေ ပြန်ရလာဖို့အတွက် အရှိန်မြင့်ရတော့မှာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းက အာဆင်နယ်ဟာ ဝက်ဟမ်းကို အနိုင်ကစားပြီး ရလဒ်ဆိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တယ်။ မန်စီးတီးကတော့ မန်ချက်စတာဒါဘီအဖြစ် အိမ်ကွင်းမှာတင် ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒီနှစ်သင်း တွေ့ဆုံမှုမှာ မန်နေဂျာအပြောင်းအလဲ လုပ်ထားတဲ့ အာဆင်နယ်က ဂွာဒီယိုလာရဲ့ အသင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ အိုဝင်က ခန့်မှန်း သုံးသပ်ပါတယ်။

မိုက်ကယ်အိုဝင်က ” တနင်္လာနေ့က လန်ဒန်ဒါဘီပွဲမှ ာအာဆင်နယ်ဟာ အရေးပါလှတဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် မန်ချက်စတာ ဒါဘီကို အရေးနိမ့်ပြီးနောက်ပိုင်း ရလဒ်ပြန်ရယူဖို့ ကြိုးစားလာမှာဖြစ်တဲ့ မန်စီးတီးကိုတော့ သူတို့ ရပ်တည်နိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။

၂၀၁၇ ဧပရယ်လမှာ အက်ဖ်အေဖလား ဆီမီးဖိုင်န်ကို မန်စီးတီး အနိုင်ရပြီးနောက်ပိုင်း နှစ်သင်းကြား ထိပ်တိုက်တွေ့မှု ၅ ကြိမ်လုံးကို မန်စီးတီးက အနိုင်ရထားပြီး သွင်းဂိုး ၁၄ ဂိုးထိ သွင်းထားပါတယ်။ ဝက်ဟမ်းကို အနိုင်ရပေမယ့် အာဆင်နယ်ဟာ ဂွာဒီယိုလာရဲ့ အသင်းကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျနော် မထင်ဘူး။ အာဆင်နယ်မှာ ထူးချွန်တဲ့ တိုက်စစ်သမားတွေ ပိုင်ဆိုင်ထားတာတောင်မှ မဖြစ်နိုင်ပါဘူး။ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ဒီအပတ် အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ အာဆင်နယ်ပွဲကိုတော့ မိုက်ကယ်အိုဝင်က ဧည့်သည်အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ အတြက္ ပြဲၾကီးပြဲေကာင္းကေတာ့ အမ္းမရိတ္ကြင္းမွာ အာဆင္နယ္ဟာ မန္စီးတီးကို ဧည့္ခံျပီး ရလဒ္ေကာင္းေတြ ျပန္ရလာဖို႔အတြက္ အရွိန္ျမင့္ရေတာ့မွာပါ။

ျပီးခဲ့တဲ့ အပတ္တုန္းက အာဆင္နယ္ဟာ ဝက္ဟမ္းကို အႏုိင္ကစားျပီး ရလဒ္ဆိုးေနမႈကို အဆံုးသတ္ႏုိင္ခဲ့တယ္။ မန္စီးတီးကေတာ့ မန္ခ်က္စတာဒါဘီအျဖစ္ အိမ္ကြင္းမွာတင္ ယူႏုိက္တက္ကို အေရးနိမ့္ခဲ့တာျဖစ္တယ္။ ဒီႏွစ္သင္း ေတြ႔ဆံုမႈမွာ မန္ေနဂ်ာအေျပာင္းအလဲ လုပ္ထားတဲ့ အာဆင္နယ္က ဂြာဒီယိုလာရဲ႕ အသင္းကို ယွဥ္ႏုိင္မွာ မဟုတ္ဘူးလို႔ အိုဝင္က ခန္႔မွန္း သံုးသပ္ပါတယ္။

မိုက္ကယ္အိုဝင္က ” တနလၤာေန႔က လန္ဒန္ဒါဘီပြဲမွ ာအာဆင္နယ္ဟာ အေရးပါလွတဲ့ အနုိင္သံုးမွတ္ကို ရယူႏုိင္ခဲ့တယ္။ ဒါေပမယ့္ မန္ခ်က္စတာ ဒါဘီကို အေရးနိမ့္ျပီးေနာက္ပိုင္း ရလဒ္ျပန္ရယူဖို႔ ၾကိဳးစားလာမွာျဖစ္တဲ့ မန္စီးတီးကိုေတာ့ သူတို႔ ရပ္တည္ႏုိင္လိမ့္မယ္လို႔ က်ေနာ္ မထင္ပါဘူး။

၂၀၁၇ ဧပရယ္လမွာ အက္ဖ္ေအဖလား ဆီမီးဖိုင္န္ကို မန္စီးတီး အႏုိင္ရျပီးေနာက္ပိုင္း ႏွစ္သင္းၾကား ထိပ္တိုက္ေတြ႔မႈ ၅ ၾကိမ္လံုးကို မန္စီးတီးက အႏုိင္ရထားျပီး သြင္းဂိုး ၁၄ ဂိုးထိ သြင္းထားပါတယ္။ ဝက္ဟမ္းကို အႏုိင္ရေပမယ့္ အာဆင္နယ္ဟာ ဂြာဒီယိုလာရဲ႕ အသင္းကို ယွဥ္ျပိဳင္ႏုိင္မယ္လို႔ က်ေနာ္ မထင္ဘူး။ အာဆင္နယ္မွာ ထူးခၽြန္တဲ့ တိုက္စစ္သမားေတြ ပိုင္ဆုိင္ထားတာေတာင္မွ မျဖစ္ႏုိင္ပါဘူး။ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ဒီအပတ္ အမ္းမရိတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲကိုေတာ့ မိုက္ကယ္အိုဝင္က ဧည့္သည္အသင္းက ၂ ဂိုးျပတ္နဲ႔ အႏုိင္ရလိမ့္မယ္လို႔ ခန္႔မွန္းသြားပါတယ္။