ချန်ပီယံလိဂ်မှာ လိုင်လီကို နိုင်ပြီး ရှုံးထွက် အဆင့်ကို တက်ရောက်ထားတဲ့ ချယ်ဆီးဟာ ပြည်တွင်းပွဲတွေဘက် ပြန် အာရုံစိုက်ရဖို့ အချိန်ကျခဲ့ပါပြီ။ ပြီးခဲ့တဲ့ စနေက အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးထားတဲ့ ချယ်ဆီးအသင်းက ဒီစနေမှာတော့ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ ဖြစ်ပါတယ်။ ဒီပွဲအတွက် နာမည်ကျေ်ာ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါပြီ။ အိုဝင်ကတော့ ချယ်ဆီးကို အလေးသာပေးထားပါတယ်။

” ချယ်ဆီး အသင်းဟာ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ လေးပွဲမှာ သုံးပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ဘုန်းမောက်ကတော့ နောက်ဆုံး ၅ ပွဲ လုံး ရှုံးထားပြီး ဒဏ်ရာတွေနဲ့ပါ ရုန်းကန်နေရတဲ့ အသင်းပါ။

ဒီပွဲမှာ နေသန် အကီ မပါဝင်နိုင်ဖို့ များနေပါတယ်။ ၎င်းက ပွဲကြပ် ခရစ္စမတ်ကာလ မတိုင်ခင်မှာပဲ လီဗာပူးနဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာပါ။ ဟော်လန်သားကို လက်လွှတ်လိုက်ရတာက ဘုန်းမောက် ဗဟိုခံစစ်အတွက် ပြသနာကြီး ဖြစ်ပါတယ်။

ချယ်ဆိးအသင်းကတော့ ပြီးခဲ့တဲ့ စနေနေ့က ပေါက်ကွဲနေတဲ့ အဲဗာတန်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့မှာ အရည်အချင်းကောင်းတွေ ရှိထားပြီး တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်နဲ့ ပွဲမှာတော့ နိုင်ပွဲ ပြန်ရနိုင်မယ် မျှော်လင့်ရတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး နှစ်ဂိုးပြတ်နဲ့ အနိုင်ပါ။

Zawgyi

ခ်န္ပီယံလိဂ္မွာ လိုင္လီကို နုိင္ျပီး ရွံဳးထြက္ အဆင့္ကို တက္ေရာက္ထားတဲ့ ခ်ယ္ဆီးဟာ ျပည္တြင္းပြဲေတြဘက္ ျပန္ အာရံုစိုက္ရဖို႔ အခ်ိန္က်ခဲ့ပါျပီ။ ျပီးခဲ့တဲ့ စေနက အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္မွာ ရွံဳးထားတဲ့ ခ်ယ္ဆီးအသင္းက ဒီစေနမွာေတာ့ ဘုနး္ေမာက္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာပဲ ျဖစ္ပါတယ္။

ပြဲခ်ိန္ကေတာ့ လာမယ့္ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီ ျဖစ္ပါတယ္။ ဒီပြဲအတြက္ နာမည္ေက်္ာ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အုိ၀င္ရဲ႕ သံုးသပ္ခ်က္ေတြ ထြက္ေပၚလာပါျပီ။ အို၀င္ကေတာ့ ခ်ယ္ဆီးကို အေလးသာေပးထားပါတယ္။

” ခ်ယ္ဆီး အသင္းဟာ ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ေလးပြဲမွာ သံုးပြဲ ရွံဳးနိမ့္ထားပါတယ္။ ဒါေပမယ့္ ဘုန္းေမာက္ကေတာ့ ေနာက္ဆံုး ၅ ပြဲ လံုး ရွံဳးထားျပီး ဒဏ္ရာေတြနဲ႕ပါ ရုန္းကန္ေနရတဲ့ အသင္းပါ။

ဒီပြဲမွာ ေနသန္ အကီ မပါ၀င္နိုင္ဖို႔ မ်ားေနပါတယ္။ ၄င္းက ပြဲၾကပ္ ခရစၥမတ္ကာလ မတိုင္ခင္မွာပဲ လီဗာပူးနဲ႕ ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရသြားခဲ့တာပါ။ ေဟာ္လန္သားကို လက္လႊတ္လိုက္ရတာက ဘုန္းေမာက္ ဗဟိုခံစစ္အတြက္ ျပသနာၾကီး ျဖစ္ပါတယ္။

ခ်ယ္ဆိးအသင္းကေတာ့ ျပီးခဲ့တဲ့ စေနေန႕က ေပါက္ကြဲေနတဲ့ အဲဗာတန္ကို မယွဥ္နုိင္ခဲ့ပါဘူး။ ဒါေပမယ့္ သူတို႔မွာ အရည္အခ်င္းေကာင္းေတြ ရွိထားျပီး တန္းဆင္းဇုန္မွာ ရုန္းကန္ေနရတဲ့ ဘုန္းေမာက္နဲ႕ ပြဲမွာေတာ့ နုိင္ပြဲ ျပန္ရနိုင္မယ္ ေမွ်ာ္လင့္ရတယ္။ ” လို႔ အုိ၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး နွစ္ဂိုးျပတ္နဲ႕ အနုိင္ပါ။