ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးက အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ဝတ်ဖိုဒ့်ကို ဧည့်ခံကစားပြီး အမှတ်ပေးဖလား ဦးဆောင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။

လီဗာပူးဟာ ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် ဝက်ဟမ်းနဲ့ပွဲကို ရက်ရွှေ့ထားခဲ့ပြီး ဒီလထဲမှာတင် လက်စတာနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲတစ်ပွဲလည်း ရှိနေပါတယ်။ အဆိုပါ အဝေးကွင်းပွဲ မတိုင်ခင်မှာ မန်စီးတီးနဲ့ လက်စတာတို့ ထိပ်တိုက်တွေ့မယ့် ပွဲတစ်ပွဲလည်း ရှိနေလို့ ဒီဇင်ဘာလဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွေမှာ ရမှတ်ကွာခြားမှု အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ လတစ်လဖြစ်ပါတယ်။

ရလဒ်ကောင်းတွေကောင်းနေတဲ့ လီဗာပူးနဲ့အသင်း ရလဒ်တွေ ဆိုးနေတဲ့ ဝတ်ဖိုဒ့်အသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပွဲအပေါ် မိုက်ကယ်အိုဝင်က သုံးသပ်နဲ့ ခန့်မှန်းမှု လုပ်သွားခဲ့ပါတယ်။

အိုဝင်က သုံးသပ်ရာမှာ ” ဒီရာသီမှာ ဝတ်ဖိုဒ့်ဟာ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲထိကို ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် လီဗာပူးကလည်း ဒီရာသီ အန်ဖီးမှာ ကစားတဲ့ ပွဲတိုင်းကို တစ်ပွဲမှ clean sheet မရထားတာဖြစ်ပါတယ်။ စနေနေ့ အစောပိုင်းပွဲမှာ ဝတ်ဖိုဒ့်ဟာ လီဗာပူးဘက်ကို ဂိုးသွင်းနိုင်ဖို့က ဖြစ်နိုင်ပါတယ်။

လီဗာပူးက နောက်ဆုံးကစားတဲ့ အမှတ်ပေးပွဲ ၂၅ ပွဲမှာ ၂၄ ပွဲထိကို အနိုင်ရထားပြီး အဆိုပါထဲက ၂၃ ပွဲမှာဆိုရင် ၂ ဂိုးနဲ့ ၂ ဂိုးအထက် သွင်းခဲ့တာဖြစ်တယ်။ ဒါက အတော်လေးကို သတိထားမိစကာ အချက်အလက်တွေပါပဲ။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတဲ့ အသင်းက ဇယားအောက်ဆုံးက အသင်းကို အိမ်ကွင်းမှာ သက်သောင့်သက်သာ အနိုင်ရမယ်ဆိုတဲ့ ရလဒ်ကလွဲလို့ အခြားရလဒ်မျိုး ကျနော် မမြင်မိပါဘူး ” လို့ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ဝတ်ဖိုဒ့်ပွဲအတွက် ရလဒ် ခန့်မှန်းမှုမှာတော့ မိုက်ကယ်အိုဝင်က လီဗာပူးက အနိုင်ရမှာဖြစ်ပေမယ့် ဝတ်ဖိုဒ့်က ဂိုး ပြန်သွင်းနိုင်ကာ ဂိုးအများ ဖြစ်လိမ့်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာေတာ့ လီဗာပူးက အိမ္ကြင္းမွာ ဇယားေအာက္ဆံုးက ဝတ္ဖိုဒ့္ကို ဧည့္ခံကစားျပီး အမွတ္ေပးဖလား ဦးေဆာင္မႈကို ဆက္လက္ ထိန္းသိမ္းႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္တယ္။

လီဗာပူးဟာ ဒီဇင္ဘာမွာ ယွဥ္ျပိဳင္ရမယ့္ ဝက္ဟမ္းနဲ႔ပြဲကို ရက္ေရႊ႔ထားခဲ့ျပီး ဒီလထဲမွာတင္ လက္စတာနဲ႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲတစ္ပြဲလည္း ရွိေနပါတယ္။ အဆိုပါ အေဝးကြင္းပြဲ မတိုင္ခင္မွာ မန္စီးတီးနဲ႔ လက္စတာတို႔ ထိပ္တိုက္ေတြ႔မယ့္ ပြဲတစ္ပြဲလည္း ရွိေနလို႔ ဒီဇင္ဘာလဟာ အမွတ္ေပးဇယား ထိပ္ဆံုးေနရာေတြမွာ ရမွတ္ကြာျခားမႈ အေျပာင္းအလဲ ျဖစ္သြားႏုိင္တဲ့ လတစ္လျဖစ္ပါတယ္။

ရလဒ္ေကာင္းေတြေကာင္းေနတဲ့ လီဗာပူးနဲ႔အသင္း ရလဒ္ေတြ ဆိုးေနတဲ့ ဝတ္ဖိုဒ့္အသင္းတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲအေပၚ မိုက္ကယ္အိုဝင္က သံုးသပ္နဲ႔ ခန္႔မွန္းမႈ လုပ္သြားခဲ့ပါတယ္။

အိုဝင္က သံုးသပ္ရာမွာ ” ဒီရာသီမွာ ဝတ္ဖိုဒ့္ဟာ ပရီးမီးယားလိဂ္ပြဲ ၉ ပြဲထိကို ဂိုးမသြင္းႏုိင္ခဲ့ဘူး။ ဒါေပမယ့္ လီဗာပူးကလည္း ဒီရာသီ အန္ဖီးမွာ ကစားတဲ့ ပြဲတိုင္းကို တစ္ပြဲမွ clean sheet မရထားတာျဖစ္ပါတယ္။ စေနေန႔ အေစာပိုင္းပြဲမွာ ဝတ္ဖိုဒ့္ဟာ လီဗာပူးဘက္ကို ဂိုးသြင္းႏုိင္ဖို႔က ျဖစ္ႏုိင္ပါတယ္။

လီဗာပူးက ေနာက္ဆံုးကစားတဲ့ အမွတ္ေပးပြဲ ၂၅ ပြဲမွာ ၂၄ ပြဲထိကို အႏုိင္ရထားျပီး အဆိုပါထဲက ၂၃ ပြဲမွာဆိုရင္ ၂ ဂိုးနဲ႔ ၂ ဂိုးအထက္ သြင္းခဲ့တာျဖစ္တယ္။ ဒါက အေတာ္ေလးကို သတိထားမိစကာ အခ်က္အလက္ေတြပါပဲ။ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနတဲ့ အသင္းက ဇယားေအာက္ဆံုးက အသင္းကို အိမ္ကြင္းမွာ သက္ေသာင့္သက္သာ အႏုိင္ရမယ္ဆိုတဲ့ ရလဒ္ကလြဲလို႔ အျခားရလဒ္မ်ိဳး က်ေနာ္ မျမင္မိပါဘူး ” လို႔ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ ဝတ္ဖိုဒ့္ပြဲအတြက္ ရလဒ္ ခန္႔မွန္းမႈမွာေတာ့ မိုက္ကယ္အိုဝင္က လီဗာပူးက အႏုိင္ရမွာျဖစ္ေပမယ့္ ဝတ္ဖိုဒ့္က ဂိုး ျပန္သြင္းႏုိင္ကာ ဂိုးအမ်ား ျဖစ္လိမ့္မယ္လို႔ ျဖစ္ပါတယ္။