ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလအတော်ကြာ ကြံ့ခိုင်မှု ဂရုစိုက်ခံနေရပြီး အရေးကြီးလှတဲ့ မာဆေးဆိုဒ်ဒါဘီကို လွဲချော်ခဲ့ရတာကို တိုက်စစ်မှူး ဆာလက် အနေနဲ့ စိတ်ပျက်ခဲ့မှာ အသေအချာဖြစ်ပေမယ့်လည်း အီဂျစ်သားကတော့ အကောင်းဆုံး ပုံစံတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို ဖိအားတွေ ပေးလာခဲ့ပါပြီ။

အောက်တိုဘာလ ပထမအပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာပွဲအတွင်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့မှုဟာ ဆာလက်အတွက် ဘောလုံးရာသီကောင်းကို အကောင်းဆုံး စတင်ဖို့ ပြဿနာဖြစ်စေခဲ့တာပါ။ ဒီနှစ်လုံးမှာ ဆာလက်ဟာ ဒဏ်ရာကနေ ရာနှုန်းပြည့် ပြန်ကောင်းလာဖို့ အနားယူမှုနဲ့ ပွဲထိတွေ့မှုတွေကို အလှည့်ကျတွေ ကစားနေရပြီး အီဂျစ် လက်ရွေးစင်အသင်းကနေ နုတ်ထွက်ရတဲ့ထိကို အခက်အခဲတွေ ရှိနေခဲ့တာဖြစ်တယ်။

ပြက္ခဒိန်နှစ်တစ်နှစ်အတွက် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေကို ဝင်ရောက်လာမှုနဲ့အတူ လီဗာပူးက ပွဲကျပ်ကာလကို ရောက်ရှိလာခဲ့ပြီး ကလော့ပ်ရဲ့ အလှည့်ကျ စနစ်မှာ ပွဲထွက်ခွင့် အကန့်အသတ်ဖြစ်လာခြင်းအတွက် ဆာလက်ဟာ မချင့်မရဲ ဖြစ်နေခဲ့ရတာပါ။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်နဲ့ အမှတ်ပေးပွဲမှာ ပြန်လာခဲ့ပြီး နောက်ဆုံးလေးကြိမ် တွေ့ဆုံမှုအတွင်း ၆ ဂိုး ရရှိထားခဲ့တဲ့ ဘုန်းမောက်ကို သွင်းဂိုးတစ်ဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။

ကြားရက် မာဆေးဆိုဒ်ဒါဘီမှာ နားခဲ့ရပြီးနောက် အသက် ၂၇နှစ်အရွယ် ကစားသမားဟာ ဘုန်းမောက်ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့တာဖြစ်ပါတယ်။ သူဟာ ဘုန်းမောက် ခံစစ်နောက်မှာ ပြေးလွှားပြီး ပြိုင်ဘက်တွေကို အတော်လေး ဒုက္ခတွေပေးခဲ့ပါတယ်။ သူ့ရဲ့ တစ်ဂိုးသွင်း၊ ဖန်တီးမှု တစ်ကြိမ်အပါအဝင် ၃ ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲဟာ လီဗာပူးကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ်အသာနဲ့ ဆက်လက် ဦးဆောင်နိုင်စေခဲ့ပါတယ်။

နောက်ထပ် အဝေးကွင်းတစ်ပွဲအဖြစ် ဆက်လက်ပြီး ယှဉ်ပြိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပွဲထွက်လူစာရင်းက ထပ်မံ ပါဝင်ခွင့်ရခဲ့တယ်။ ဆဲလ်ဘတ်ပွဲမှာတော့ တစ်နာရီနီးပါးလောက်ထိ ဆာလက်ဟာ လမ်းပျောက်နေခဲ့တာပါ။ ပထမပိုင်းမှာ သူဟာ အခွင့်အရေးကောင်း ၂ခုကို လွဲချော်ခဲ့ပြီး ဒုတိယပိုင်း အစောပိုင်းမှာ နောက်ထပ်တစ်ကြိမ် လွဲချော်ခဲ့သလို ဂိုးသမားကိုကျော်ပြီး ဂိုးသွင်းယူဖို့ ကြိုးစားတာကလဲ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ ကီတာဂိုးသွင်းပြီး ၂မိနစ်အတွင်း ဆာလက် ဂိုးရခဲ့ပြီး အံ့အားသင့်စရာကောင်းအောင် မဖြစ်နိုင်တဲ့ ကန်ချက် ဖြစ်ခဲ့ပါတယ်။

ဆဲလ်ဘတ်ခံစစ်နောက်မှာ ဟန်ဒါဆန်ရဲ့ ပေးပို့မှုကို ရယူပြီး ဘေးတိုက်အနေအထားကနေ ဂိုးသမားကို ကျော်ကာ ဂိုးရရှိခဲ့တာပါ။ ဆာလက်ရဲ့ အဟုန်က ဂိုးရဲ့ညာခြမ်း ထောင့်ကျဉ်းကို ရောက်စေခဲ့ပြီး ကန်ရမှာကလည်း အားနည်းတဲ့ ခြေထောက်နဲ့ဖြစ်လို့ ဂိုးရဖို့ မဖြစ်နိုင်စရာ အနေအထား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ အဆုံးသတ်မှုက ဘောလုံးကို ဂိုးပေါက်ထဲ ရောက်စေခဲ့ပြီး လက်ရှိချန်ပီယံတွေအတွက် အနိုင်သေချာစေခဲ့ပါတယ်။ ဒါဟာ ဆာလက်ရဲ့ လီဗာပူး ကစားသမား ဘဝ ချန်ပီယံလိဂ်မှာ ၂၇ကြိမ်မြောက် ဂိုးတစ်ဂိုးနဲ့ ပါဝင်ပတ်သက်မှု ဖြစ်ခဲ့ပြီး သူ့ထက်ပိုများတဲ့သူဆိုလို့ ၂၈ဂိုးမှာ ပါဝင်ပတ်သက်ထားတဲ့ မက်ဆီပဲရှိပါတယ်။

ဘုန်းမောက်နဲ့ပွဲတုန်းက ကီတာရဲ့ဂိုးအတွက် သူ့ရဲ့ ဖနောင့်နဲ့ ဖန်တီးပေးမှုဟာ ပြီးပြည့်စုံတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကီတာ ပေးပို့တဲ့ ဘောလုံးကနေတစ်ဆင့် နောက်ခံလူ တစ်ယောက်ကို ဘယ်ခြေနဲ့ကျော်ကာ ဂိုးရဲ့ညာဘက်ထောင့်ထဲကို ကိုယ်တိုင် ကန်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ပွဲ ခြေစွမ်းအရ ကီတာနဲ့ ဆာလက်ဟာ တွဲဘက်ကစားရာမှာ အတော်လေး အတွဲညီနေတာကို မြင်တွေ့ရပါတယ်။

ကီတာဟာ ကွင်းလယ် အထိုင် ကစားသမား မဟုတ်ပဲ ကွင်းလယ်အလှုပ်အဖြစ်တင်မကပဲ တိုက်စစ်အားသန် ကစားသမားအဖြစ် ပွဲထွက်နေခဲ့ကာ ကွင်းလယ် ညာခြမ်းနေရာကနေ ဆာလက်ကို ပံ့ပိုးမှုတွေ လုပ်ပေးနေတာပါ။ ဆာလက်ဟာ ညာတောင်ပံက ထရန့်၊ ဗဟိုတိုက်စစ်က ဖာမင်နိုအပြင် ကွင်းလယ်ညာခြမ်းက ကီတာတို့ထံက ဖန်တီးမှုတွေကို ရရှိလာတာကြောင့် သွင်းဂိုးအတွက် အခွင့်အရေးတွေ ပိုမိုရရှိလာတော့မှာဖြစ်တယ်။

လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညို၊ ခံစစ်မှူး မာတစ်တို့ကို ဆုံးရံှူးထားတာက အမှတ်ပေးဖလား စိန်ခေါ်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ ထိုးနှက်ချက်ဖြစ်နေခဲ့တယ်။ ဒီကာလတွေအတွင်း ဆာလက် ပုံမှန် မကစားနိုင်တာကြောင့် တိုက်စစ်က မာနေးကိုပဲ အားကိုးနေခဲ့ရတာပါ။ ဘုန်းမောက်၊ ဆဲလ်ဘတ်တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ရတဲ့ပွဲတွေမှာ ဆာလက်ရဲ့ ကစားအားအရ တောင်ပံတိုက်စစ်သမားဟာ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ကောင်းလာပြီး ယုံကြည်မှုတွေလည်း ပြန်ရနေပြီဖြစ်တယ်။

အိုရီဂီနဲ့ ရှာကွီရီက မာဆေးဆိုဒ် ဒါဘီပွဲမှာ ပွဲထွက်ကစားသမားတွေအဖြစ် ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ပြခဲ့သလို ဘုန်းမောက်နဲ့ပွဲမှာ ချိန်ဘာလိန်နဲ့ ကီတာကလဲ အလားတူ လုပ်ပြခဲ့ပြီး ကလော့ပ်ကို ပွဲထွက်လူစာရင်း ရွေးချယ်ဖို့ ခေါင်းကိုက်စေခဲ့တယ်။ လာမယ့်ပွဲတွေမှာ ယာဂင်ကလော့ပ် အနေနဲ့ ပွဲတိုင်းမှာ ပုံမှန်တိုက်စစ်သုံးယောက်နဲ့ ကွင်းလယ် သုံးဦးကိုပဲ ပွဲထွက်စေလို့ မရတော့ဘူးဆိုတာ သိနေလောက်ပါပြီ။

လီဗာပူး လူစာရင်းက တောင့်တင်းနေဆဲဖြစ်ပြီး အရံတွေကလဲ ကောင်းကောင်းလုပ်ပြနိုင်ချိန်မှာ ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ဆာလက်က သူဘာကြောင့် စတားဖြစ်နေရလဲ ဆိုတာကို သက်သေပြခဲ့ပါတယ်။ ကစားသမားတွေ အားလုံး အကောင်းဆုံး အနေအထားတွေမှာ ရှိနေတာကြောင့် ယာဂင်ကလော့ပ်အတွက် ခေါင်းကိုက်စရာဖြစ်ပေမယ့် ဒီအနေအထားကို သူပျော်ရွှင်နေမှာဖြစ်ပြီး ပွဲကြပ်ကာလမှာ လူစာရင်းထုတ်မှုတိုင်းက တောင့်တင်းတဲ့ အသင်းအဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

ZAWGYI

ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ကာလအေတာ္ၾကာ ၾကံ႕ခိုင္မႈ ဂရုစိုက္ခံေနရျပီး အေရးၾကီးလွတဲ့ မာေဆးဆိုဒ္ဒါဘီကို လြဲေခ်ာ္ခဲ့ရတာကို တိုက္စစ္မွဴး ဆာလက္ အေနနဲ႔ စိတ္ပ်က္ခဲ့မွာ အေသအခ်ာျဖစ္ေပမယ့္လည္း အီဂ်စ္သားကေတာ့ အေကာင္းဆံုး ပံုစံေတြနဲ႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ဖိအားေတြ ေပးလာခဲ့ပါျပီ။

ေအာက္တိုဘာလ ပထမအပတ္မွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ လက္စတာပြဲအတြင္း ေျခက်င္းဝတ္ဒဏ္ရာ ရခဲ့မႈဟာ ဆာလက္အတြက္ ေဘာလံုးရာသီေကာင္းကို အေကာင္းဆံုး စတင္ဖို႔ ျပႆနာျဖစ္ေစခဲ့တာပါ။ ဒီႏွစ္လံုးမွာ ဆာလက္ဟာ ဒဏ္ရာကေန ရာႏႈန္းျပည့္ ျပန္ေကာင္းလာဖို႔ အနားယူမႈနဲ႔ ပြဲထိေတြ႔မႈေတြကို အလွည့္က်ေတြ ကစားေနရျပီး အီဂ်စ္ လက္ေရြးစင္အသင္းကေန ႏုတ္ထြက္ရတဲ့ထိကို အခက္အခဲေတြ ရွိေနခဲ့တာျဖစ္တယ္။

ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြက္ ဒီဇင္ဘာ၊ ဇန္နဝါရီလေတြကို ဝင္ေရာက္လာမႈနဲ႔အတူ လီဗာပူးက ပြဲက်ပ္ကာလကို ေရာက္ရွိလာခဲ့ျပီး ကေလာ့ပ္ရဲ႕ အလွည့္က် စနစ္မွာ ပြဲထြက္ခြင့္ အကန္႔အသတ္ျဖစ္လာျခင္းအတြက္ ဆာလက္ဟာ မခ်င့္မရဲ ျဖစ္ေနခဲ့ရတာပါ။ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ဘုန္းေမာက္နဲ႔ အမွတ္ေပးပြဲမွာ ျပန္လာခဲ့ၿပီး ေနာက္ဆုံးေလးႀကိမ္ ေတြ႕ဆုံမႈအတြင္း ၆ ဂိုး ရရွိထားခဲ့တဲ့ ဘုန္းေမာက္ကို သြင္းဂိုးတစ္ဂိုး ထပ္မံ သြင္းယူခဲ့ပါတယ္။

ၾကားရက္ မာေဆးဆိုဒ္ဒါဘီမွာ နားခဲ့ရၿပီးေနာက္ အသက္ ၂၇ႏွစ္အ႐ြယ္ ကစားသမားဟာ ဘုန္းေမာက္ပြဲမွာ အေကာင္းဆုံးေျခစြမ္းေတြကို ျပသခဲ့တာျဖစ္ပါတယ္။ သူဟာ ဘုန္းေမာက္ ခံစစ္ေနာက္မွာ ေျပးလႊားျပီး ျပိဳင္ဘက္ေတြကို အေတာ္ေလး ဒုကၡေတြေပးခဲ့ပါတယ္။ သူ႔ရဲ႕ တစ္ဂိုးသြင္း၊ ဖန္တီးမႈ တစ္ႀကိမ္အပါအဝင္ ၃ ဂိုးျပတ္ ႏိုင္ခဲ့တဲ့ပြဲဟာ လီဗာပူးကို အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရမွတ္အသာနဲ႔ ဆက္လက္ ဦးေဆာင္ႏိုင္ေစခဲ့ပါတယ္။

ေနာက္ထပ္ အေဝးကြင္းတစ္ပြဲအျဖစ္ ဆက္လက္ျပီး ယွဥ္ျပိဳင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း ပြဲထြက္လူစာရင္းက ထပ္မံ ပါဝင္ခြင့္ရခဲ့တယ္။ ဆဲလ္ဘတ္ပြဲမွာေတာ့ တစ္နာရီနီးပါးေလာက္ထိ ဆာလက္ဟာ လမ္းေပ်ာက္ေနခဲ့တာပါ။ ပထမပိုင္းမွာ သူဟာ အခြင့္အေရးေကာင္း ၂ခုကို လြဲေခ်ာ္ခဲ့ၿပီး ဒုတိယပိုင္း အေစာပိုင္းမွာ ေနာက္ထပ္တစ္ႀကိမ္ လြဲေခ်ာ္ခဲ့သလို ဂိုးသမားကိုေက်ာ္ၿပီး ဂိုးသြင္းယူဖို႔ ႀကိဳးစားတာကလဲ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမယ့္လဲ ကီတာဂိုးသြင္းၿပီး ၂မိနစ္အတြင္း ဆာလက္ ဂိုးရခဲ့ၿပီး အံ့အားသင့္စရာေကာင္းေအာင္ မျဖစ္ႏိုင္တဲ့ ကန္ခ်က္ ျဖစ္ခဲ့ပါတယ္။

ဆဲလ္ဘတ္ခံစစ္ေနာက္မွာ ဟန္ဒါဆန္ရဲ႕ ေပးပို႔မႈကို ရယူၿပီး ေဘးတိုက္အေနအထားကေန ဂိုးသမားကို ေက်ာ္ကာ ဂိုးရရွိခဲ့တာပါ။ ဆာလက္ရဲ႕ အဟုန္က ဂိုးရဲ႕ညာျခမ္း ေထာင့္က်ဥ္းကို ေရာက္ေစခဲ့ၿပီး ကန္ရမွာကလည္း အားနည္းတဲ့ ေျခေထာက္နဲ႔ျဖစ္လို႔ ဂိုးရဖို႔ မျဖစ္ႏိုင္စရာ အေနအထား ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးျပည့္စုံတဲ့ အဆုံးသတ္မႈက ေဘာလုံးကို ဂိုးေပါက္ထဲ ေရာက္ေစခဲ့ၿပီး လက္ရွိခ်န္ပီယံေတြအတြက္ အႏိုင္ေသခ်ာေစခဲ့ပါတယ္။ ဒါဟာ ဆာလက္ရဲ႕ လီဗာပူး ကစားသမား ဘဝ ခ်န္ပီယံလိဂ္မွာ ၂၇ႀကိမ္ေျမာက္ ဂိုးတစ္ဂိုးနဲ႔ ပါဝင္ပတ္သက္မႈ ျဖစ္ခဲ့ၿပီး သူ႔ထက္ပိုမ်ားတဲ့သူဆိုလို႔ ၂၈ဂိုးမွာ ပါဝင္ပတ္သက္ထားတဲ့ မက္ဆီပဲရွိပါတယ္။

ဘုန္းေမာက္နဲ႔ပြဲတုန္းက ကီတာရဲ႕ဂိုးအတြက္ သူ႔ရဲ႕ ဖေနာင့္နဲ႔ ဖန္တီးေပးမႈဟာ ၿပီးျပည့္စုံတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ကီတာ ေပးပို႔တဲ့ ေဘာလုံးကေနတစ္ဆင့္ ေနာက္ခံလူ တစ္​ေယာက္ကို ဘယ္ေျခနဲ႔ေက်ာ္ကာ ဂိုးရဲ႕ညာဘက္ေထာင့္ထဲကို ကိုယ္တိုင္ ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံုးႏွစ္ပြဲ ေျခစြမ္းအရ ကီတာနဲ႔ ဆာလက္ဟာ တြဲဘက္ကစားရာမွာ အေတာ္ေလး အတြဲညီေနတာကို ျမင္ေတြ႔ရပါတယ္။

ကီတာဟာ ကြင္းလယ္ အထုိင္ ကစားသမား မဟုတ္ပဲ ကြင္းလယ္အလႈပ္အျဖစ္တင္မကပဲ တုိက္စစ္အားသန္ ကစားသမားအျဖစ္ ပြဲထြက္ေနခဲ့ကာ ကြင္းလယ္ ညာျခမ္းေနရာကေန ဆာလက္ကို ပံ့ပိုးမႈေတြ လုပ္ေပးေနတာပါ။ ဆာလက္ဟာ ညာေတာင္ပံက ထရန္႔၊ ဗဟိုတိုက္စစ္က ဖာမင္ႏိုအျပင္ ကြင္းလယ္ညာျခမ္းက ကီတာတို႔ထံက ဖန္တီးမႈေတြကို ရရွိလာတာေၾကာင့္ သြင္းဂိုးအတြက္ အခြင့္အေရးေတြ ပိုမိုရရွိလာေတာ့မွာျဖစ္တယ္။

လီဗာပူးဟာ ကြင္းလယ္လူ ဖာဘင္ညိဳ၊ ခံစစ္မွဴး မာတစ္တို႔ကို ဆံုးရံွဴးထားတာက အမွတ္ေပးဖလား စိန္ေခၚဖို႔နဲ႔ ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ဖို႔ ထိုးႏွက္ခ်က္ျဖစ္ေနခဲ့တယ္။ ဒီကာလေတြအတြင္း ဆာလက္ ပံုမွန္ မကစားႏုိင္တာေၾကာင့္ တိုက္စစ္က မာေနးကိုပဲ အားကိုးေနခဲ့ရတာပါ။ ဘုန္းေမာက္၊ ဆဲလ္ဘတ္တို႔နဲ႔ ဆက္တိုက္ ယွဥ္ျပိဳင္ရတဲ့ပြဲေတြမွာ ဆာလက္ရဲ႕ ကစားအားအရ ေတာင္ပံတိုက္စစ္သမားဟာ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ ျပန္ေကာင္းလာျပီး ယံုၾကည္မႈေတြလည္း ျပန္ရေနျပီျဖစ္တယ္။

အိုရီဂီနဲ႔ ရွာကြီရီက မာေဆးဆိုဒ္ ဒါဘီပြဲမွာ ပြဲထြက္ကစားသမားေတြအျဖစ္ ရတဲ့အခြင့္အေရးကို ဖမ္းဆုပ္ျပခဲ့သလို ဘုန္းေမာက္နဲ႔ပြဲမွာ ခ်ိန္ဘာလိန္နဲ႔ ကီတာကလဲ အလားတူ လုပ္ျပခဲ့ၿပီး ကေလာ့ပ္ကို ပြဲထြက္လူစာရင္း ေရြးခ်ယ္ဖို႔ ေခါင္းကိုက္ေစခဲ့တယ္။ လာမယ့္ပြဲေတြမွာ ယာဂင္ကေလာ့ပ္ အေနနဲ႔ ပြဲတိုင္းမွာ ပုံမွန္တိုက္စစ္သုံးေယာက္နဲ႔ ကြင္းလယ္ သံုးဦးကိုပဲ ပြဲထြက္ေစလို႔ မရေတာ့ဘူးဆိုတာ သိေနေလာက္ပါၿပီ။

လီဗာပူး လူစာရင္းက ေတာင့္တင္းေနဆဲျဖစ္ျပီး အရံေတြကလဲ ေကာင္းေကာင္းလုပ္ျပႏိုင္ခ်ိန္မွာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ ဆာလက္က သူဘာေၾကာင့္ စတားျဖစ္ေနရလဲ ဆိုတာကို သက္ေသျပခဲ့ပါတယ္။ ကစားသမားေတြ အားလံုး အေကာင္းဆံုး အေနအထားေတြမွာ ရွိေနတာေၾကာင့္ ယာဂင္ကေလာ့ပ္အတြက္ ေခါင္းကိုက္စရာျဖစ္ေပမယ့္ ဒီအေနအထားကို သူေပ်ာ္ရႊင္ေနမွာျဖစ္ျပီး ပြဲၾကပ္ကာလမွာ လူစာရင္းထုတ္မႈတိုင္းက ေတာင့္တင္းတဲ့ အသင္းအျဖစ္ ထြက္ရွိလာမွာျဖစ္ပါတယ္။